ကိုရီးယားစတိုင်လ် မုန်ညင်းရွက်သုပ်က ခက်ခက်ခဲခဲ အဆင့်တွေလည်း မပါတော့ လိုက်လုပ်ရတာလည်း လွယ်ကူမှာပါနော်။

မုန်ညင်းရွက်ဟာ အရသာချိုမြိန်ပြီး ထမင်းမြိန်စေတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်တဲ့အတွက် ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ နေ့စဉ်ဟင်းလျာထဲမှာ အရန်ဟင်းတစ်မျိုးအဖြစ်၊ ဟင်းချိုတစ်မျိုးအဖြစ် ပါဝင်ပါတယ်။ မုန်ညင်းရွက်ကို မြန်မာ့နည်း မြန်မာ့နည်းနဲ့ ကြော်စားရတာကို ညည်းငွေ့လာရင် ကိုရီးယားစတိုင်လ်လေး သုပ်စားကြည့်ကြရအောင်။ ကိုရီးယားစတိုင်လ် မုန်ညင်းရွက်သုပ်က ခက်ခက်ခဲခဲ အဆင့်တွေလည်း မပါတော့ လိုက်လုပ်ရတာလည်း လွယ်ကူမှာပါနော်။ ဒါဆိုရင် ကိုရီးယား မုန်ညင်းရွက်သုပ် လုပ်နည်းလေးကို ဆက်ဖတ်ကြည့်လိုက်ကြရအောင်။

ပါဝင်ပစ္စည်းများ

bokchoy-blanched-590x331.jpg 

ကိုရီးယားမုန်ညင်းရွက်ကြော်ဖို့အတွက် မုန်ညင်းရွက် (၁) ပေါင်ခန့်၊ ကြက်သွန်ဖြူ (၁) လုံး၊ ကြက်သွန်မြိတ် တစ်တောင့်ခန့်၊ ကိုရီးယားပဲငပိ အနှစ် (၂) ဇွန်းခန့်၊ ကိုရီးယား ငရုပ်သီးအနှစ် (၂) ဇွန်းခန့်၊ သကြားအနည်းငယ်၊ နှမ်းဆီ (၂) ဇွန်းနဲ့ နှမ်းစေ့ (၂) ဇွန်းတို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

 

မုန်ညင်းရွက်ကို အရိုးဖြတ်ပြီး အရွက်တွေကိုလည်း တစ်ရွက်ချင်း သင်ပေးလိုက်ပါ။ ပြီးရင် တစ်ကိုက်စာအတုံးလေးတွေရအောင် လှီးဖြတ်ပေးလိုက်ပါ။

ရေနွေးအိုးတစ်လုံးကို ဆူပွက်သည်အထိ တည်ထားလိုက်ပြီး မုန်ညင်းရိုးလေးတွေ ဖြူလာသည်အထိ တစ်မိနစ်၊ နှစ်မိနစ်ခန့်ကြာအောင် ပြုတ်ပေးလိုက်ပါ။ မုန်ညင်းရိုးလေးတွေ ဖြူသွားပြီဆိုရင် ရေအေးထဲမှာ ထည့်ဆေးပေးလိုက်ပြီး အညစ်အကြေးတွေကို ဖယ်ရှားပေးလိုက်ပါ။

 

ကြက်သွန်ဖြူကိုတော့ အခွံခွာပြီး ညက်အောင်ထောင်းပေးလိုက်ပါ။ ကြက်သွန်မြိတ်ကိုတော့ နုတ်နုတ်စင်းပေးလိုက်ပါ။ ပြီးရင် ပန်းကန်တစ်လုံးထဲမှာ ကြက်သွန်ဖြူထောင်းရယ်၊ ကြက်သွန်မြိတ်ရယ်၊ ပဲငပိအနှစ်ရယ်၊ ငရုပ်သီးအနှစ်ရယ်၊ သကြားရယ်၊ နှမ်းဆီရယ်ကို ရောထည့်လိုက်ပြီး သစ်သားဇွန်းတစ်ချောင်းနဲ့ ရောမွှေပေးလိုက်ပါ။

 

မုန်ညင်းရွက်ကိုလည်း ရေစင်အောင်ညှစ်ပြီး ပန်းကန်လုံးထဲထည့်ပေးလိုက်ပါ။ ပြီးရင် လက်နဲ့ပဲ ရောနယ်ပေးလိုက်ပါ။ အပေါ်ကနေ နှမ်းဆီလေးနည်းနည်းရယ်၊ နှမ်းစေ့လေးနည်းနည်းရယ် အုပ်ပေးလိုက်ရင်တော့ မုန်ညင်းရွက်သုပ်လေးကို ရရှိပါပြီနော်။ ထမင်းနဲ့ တွဲဖက်သုံးဆောင်နိုင်သလို ရေခဲသေတ္တာထဲမှာ အအေးခံထားပြီး နောက်နေ့မှ စားလို့လည်း ရပါတယ်နော်။

Source: Maangchi

Share

Loading Next Article...
က္က