စွပ်ပြုတ်ရည်ချိုချိုလေး ခပ်သောက်လိုက်၊ အသားလုံးလေးတွေကို အချဉ်နဲ့ တို့စားလိုက်၊ ကြာဇံဖတ်လေးတွေကို တူနဲ့ညှပ်စားလိုက်နဲ့ အလုပ်တော်တော်ရှုပ်ပေမဲ့ လျှာဖျားမှာ ခံစားလိုက်ရတဲ့အရသာကတော့ ရှယ်ကောင်းပါတယ်။

အေးချမ်းတဲ့ ဆောင်းညနေခင်းလေးမှာ ကြေးအိုးပူပူလေး ဆွဲရတာကို လူတိုင်းကြိုက်ကြမှာပါ။ စွပ်ပြုတ်ရည်ချိုချိုလေး ခပ်သောက်လိုက်၊ အသားလုံးလေးတွေကို အချဉ်နဲ့ တို့စားလိုက်၊ ကြာဇံဖတ်လေးတွေကို တူနဲ့ညှပ်စားလိုက်နဲ့ အလုပ်တော်တော်ရှုပ်ပေမဲ့ လျှာဖျားမှာ ခံစားလိုက်ရတဲ့အရသာကတော့ ရှယ်ကောင်းပါတယ်။

 

အရင်တုန်းကဆိုရင် ဆိုင်ကြေးအိုးပွဲကြီးတစ်ပွဲဆိုရင် တစ်ယောက်တည်းကုန်အောင် မနည်းစားရတာပါ။ ဒီခေတ်မှာတော့ ကြေးအိုးတွေ ဈေးကြီးလာသလို ပွဲကြီးတစ်ပွဲဆိုရင်တောင် သိပ်မဝချင်တော့ပါဘူး။ ဒါကြောင့် အိမ်မှာပဲ ကိုယ်တိုင်လုပ်စား ကြည့်ကြရအောင်။ စိတ်ဝင်စားရင် ဆက်ဖတ်ကြည့်ပေးနော်။

ပါဝင်ပစ္စည်းများ

Kyay_Oo7.jpg 

ဆန်ကြာဇံ  (၁) ထုပ်၊ ဝက်ဒူးဆစ်ရိုး (၄) ချောင်း၊ ဝက်အူ (၁၀) ကျပ်သား၊ ဝက်သဲ (၁၀) ကျပ်သား၊ ပဲပြား (၁) တုံး၊  ငုံးဥပြုတ် (၁၀) လုံး၊ ကြက်သွန်မြိတ် (၁) စည်း၊ မုန်ညင်းစိမ်း (၂) စည်း၊ ဟူစိုင် (၁) စည်း၊ ဆား စားပွဲတင်ဇွန်းနဲ့ (၄) ဇွန်းခန့်၊ ကြက်သားမှုန့် စားပွဲတင်ဇွန်း (၂) ဇွန်း၊ သကြား စားပွဲတင်ဇွန်း (၆) ဇွန်း၊ ရေ (၁၀) လီတာ၊ နှမ်းဆီ အနည်းငယ်၊ ငရုတ်ကောင်းမှုန့် အနည်းငယ်၊ ရယ်ဒီမိတ် ဝက်သားလုံးတစ်ထုပ်၊ ရယ်ဒီမိတ် ငါးဖယ်လုံးတစ်ထုပ်တို့ကို လိုအပ်ပါတယ်။ (ရယ်ဒီမိတ် ဝက်သားလုံးနဲ့ ငါးဖယ်လုံးကို City Mart တို့၊ ရွှေငါးမောင်မောင်တို့မှာ ဝယ်နိုင်ပါတယ်။)

ပြုလုပ်နည်း

0221.jpg 

အရင်ဆုံး ရေဇလုံတစ်လုံးထဲမှာ ဆန်ကြာဇံခြောက်ကို ရေစိမ်ထားပေးလိုက်ပါ။ (၁လက်မခွဲအရွယ် လေးများ ပိုင်းဖြတ်ပါ) (အရှည် လှီးထားပါ) (လက်မဝက်အရွယ် လှီးပြီ တြိဂံပိုင်းဖြတ်ပါ) ( ၁လက်မအရွယ် ပိုင်းဖြတ်ပါ)

ကြာဇံရေစိမ်ထားချိန်မှာ ဒယ်အိုး အကြီးတစ်လုံးထဲမှာ ဝက်ဒူးဆစ်ရိုးတွေကို ထည့်ပြီး ရေအပြည့်နီးပါးထည့်လိုက်ပါ။ ပြီးရင် အဖုံးအုပ်ပြီး အချိန် (၂) နာရီခန့် တည်ထားပေးလိုက်ပါ။ ဝက်အူနဲ့ ဝက်သဲကိုတော့ ရေစင်အောင် ဆေးပြီး တစ်လက်မခွဲအရွယ် အတုံးလေးတွေ လှီးပေးထားလိုက်ပါ။ ပဲပြားကိုတော့ တြိဂံပုံစံလေး လှီးပေးပြီး ငုံးဥပြုတ်တွေကိုတော့ အခွံခွာပြီး ရေစိမ်ထားပေးလိုက်ပါ။

 

ကြေးအိုး ပြုတ်ရည် တဝက်ခန့်ခန်းသွားလောက်ပြီဆိုရင် ဝက်ရိုးတွေကို အိုးထဲက ပြန်ဆယ်ထားလိုက်ပါ။ ပြီးမှ ပြုတ်ရည်ထဲကို ဆား စားပွဲတင်ဇွန်း (၄) ဇွန်း၊ သကြား စားပွဲတင်ဇွန်း (၆) ဇွန်း၊ ကြက်သားမှုန့် စားပွဲတင်ဇွန်း (၂) ဇွန်း ထည့်ပေးလိုက်ပါ။

အရသာ အပေါ့အငန် မြည်းကြည့်ပြီး အနေတော်ပြီဆိုမှ ရေ (၁) လီတာခန့် ထပ်ထည့်ပေးလိုက်ပါ။ ပြီးမှ ဝက်အူတွေကိုလည်း ကြေးအိုးပြုတ်ရည်ထဲ ထည့်ပြီး ပြုတ်ပေးလိုက်ပါ။ ဝက်အူ ကျက်ခါနီးရင်တော့ ရယ်ဒီမိတ် ငါးဖယ်လုံးလေးတွေကို ထည့်ပေးပါ။

 

ခနကြာရင် ပြုတ်ရည်ထဲကို ရယ်ဒီမိတ် ဝက်သားလုံးလေးတွေကို ထည့်ပေးလိုက်ပါ။ အသားတွေ ကျက်လာရင် ပြုတ်ရည်ပေါ်ကို ပေါ်လာပါလိမ့်မယ်။ အသားတွေ ပေါ်လာလာချင်း သွားမဆယ်ပါနဲ့ဦး။ (၃) မိနစ်လောက်နေမှ ဇကာနဲ့ အသားတုံးတွေကို ဆယ်ပြီး ပန်းကန်တစ်ခုထဲမှာ ထည့်ထားလိုက်ပါ။

အကျက်လွယ်တဲ့ ပဲပြား၊ ငုံးဥ၊ ဝက်သဲတို့ကိုတော့ ပြုတ်ရည်အိုးထဲမှာ (၁) မိနစ်ခန့် ထည့်တည်ပြီး ဇကာနဲ့ ပြန်ဆယ်ထားလိုက်ပါ။

 

ဒါဆိုရင်တော့ ကြေးအိုး ပြင်ဆင်ဖို့ပဲ ကျန်ပါတော့တယ်။ ကြာဇံ၊ မုန်ညင်းရွက်၊ ကြက်သွန်မြိတ်တွေကို ဇကာထဲထည့်ပြီး ကြေးအိုးပြုတ်ရည်နဲ့ (၂) မိနစ်ခန့် စိမ်ပေးထားလိုက်ပါ။  ပြီးမှ ပြန်ဆယ်ပြီး ပန်းကန်လုံးထဲမှာ ကြာဇံ၊ ဝက်သားလုံး၊ ငါးဖယ်၊ ပဲပြား၊ ငုံးဥ၊ ဝက်အူ၊ ဝက်သဲ၊ မုန်ညင်း၊ ကြက်သွန်မြိတ်တို့ကို ထည့်ပေးပြီး ကြေးအိုးပြုတ်ရည်ကို လိုသလောက် လောင်းထည့်လိုက်ပါ။ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်တို့ကို အပေါ်ကနေ ဖြူးပေးပြီးရင်တော့ အရသာရှိတဲ့ ဟုမ်းမိတ် (homemade) ကြေးအိုးလေးကို မိသားစုနဲ့အတူတူ သုံးဆောင်နိုင်ပါပြီ။

Source: Pinterest

Share

Loading Next Article...
က္က