လုပ်ရလွယ်ကူပြီး ပါဝင်ပစ္စည်းတွေကလည်း နည်းပါးတဲ့ ကိုရီးယား အစားအစာလေးတစ်မျိုးပါ။

မနက်စာကို ပဲပြုတ်ထမင်း၊ မုန့်ဟင်းခါး၊ ထမင်းကြော်၊ ရှမ်းခေါက်ဆွဲ.... ဒါတွေချည်းပဲ စားနေရတာ မရိုးလွန်းဘူးလား။ အိမ်မှာ အလွယ်တကူ လုပ်လို့ရမဲ့ အစားအစာ အဆန်းလေးတွေ ဆိုရင်ကော စိတ်ဝင်စားကြလား။ ဒီနေ့ပြပေးချင်တဲ့ အစားအစာလေးကတော့ ကိုရီးယား အာလူးပန်ကိတ်ပါပဲ။

 

ပုံမှန်အတိုင်းဆိုရင် ပန်ကိတ်ကို ဂျုံနဲ့ပြုလုပ်ပြီး ပျားရည်ဆမ်းစားတတ်ကြပေမဲ့ ကိုရီးယားပန်ကိတ်ကိုတော့ အာလူးမှုန့်နဲ့ ပြုလုပ်ပြီး ပဲငံပြာရည်နဲ့ ငရုပ်သီး တွဲဖက်ထားတဲ့ ဆော့စ်ဆမ်းစားကြပါတယ်။ ပြုလုပ်ပုံ အဆင့်ဆင့်ကလည်း ရိုးရှင်းပြီး ပါဝင်ပစ္စည်းတွေကလည်း နည်းတော့ လုပ်လိုက်ရတာ လွယ်ကူစေမှာပါ။

ပါဝင်ပစ္စည်းများ

6f348217e6842e9e45f7e467a3057259.jpg 

အာလူးပန်ကိတ် ပြုလုပ်ဖို့အတွက် အာလူးအကြီး (၁) လုံး၊ ကြက်သွန်နီလှီးပြီးသား (၁/၄) ခွက်၊ ဆားအနည်းငယ်၊ အာလူးကစီမှုန့် (၁/၄) ခွက်၊ ဟင်းချက်ဆီ (၁/၄) ခွက်တို့ကို လိုအပ်ပါတယ်။ ဆော့စ်အတွက်ကတော့ ပဲငံပြာရည်အနောက် (၂) ဇွန်း၊ ရှာလကာရည် (၁) ဇွန်း၊ ကြက်သွန်မြိတ် (၁) ပင်၊ ပါးပါးလှီးထားတဲ့ ကြက်သွန်နီ (၁/၄) ခွက်၊ ငရုတ်ပွသီး (၁) လုံး၊ သကြား (၁/၂) ဇွန်း တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

potato-grate-590x332.jpg

အရင်ဆုံး ဆော့စ်ပြုလုပ်ဖို့အတွက် ပဲငံပြာရည်၊ ရှာလကာရည်၊ ကြက်သွန်မြိတ် ပါးပါးလှီးထားတာ၊ ကြက်သွန်နီ ပါးပါးလှီးထားတာ၊ ငရုပ်ပွသီး ပါးပါးလှီးထားတာနဲ့ သကြားတို့ကို ပန်းကန်လုံးတစ်လုံးထဲမှာ ရောထည့်ပြီး သကြားအရည်ပျော်သည်အထိ ရောမွှေပေးလိုက်ပါ။ ပြီးရင်တော့ ဘေးခနဖယ်ထားလိုက်ပါ။

အာလူးနဲ့ ကြက်သွန်နီကိုတော့ အခွံခွာပြီး ခြစ်နဲ့ အမှုန့်လေးတွေရအောင် ခြစ်ထုတ်လိုက်ပါ။ ရလာတဲ့ အာလူးမှုန့်လေးတွေနဲ့ ကြက်သွန်နီအမှုန့်တွေကို ဇလုံတစ်လုံးထဲပေါင်းထည့်ပြီး မွှေပေးလိုက်ပါ။ ပြီးရင် ဆားနဲ့အာလူးကစီမှုန့်ကိုလည်း ရောထည့်ပြီး မွှေပေးလိုက်ပါဦး။

 

Nonstick pan လို့ခေါ်တဲ့ အောက်ခြေမှာ အစားအစာတွေ မကပ်အောင် စီမံထားတဲ့ ဒယ်အိုးပြားတစ်လုံးထဲမှာ ဟင်းချက်ဆီ (၂) ဇွန်းခန့်ထည့်ပြီး အပူပေးလိုက်ပါ။ ပြီးရင်တော့ အာလူးအနှစ်ကို ထည့်ပြီး သံယောက်မလေးနဲ့ ညီအောင် လိုက်ညှိပေးလိုက်ပါ။

မိနစ်အနည်းငယ်လောက် ချက်ပြုတ်ပြီးရင်တော့ ပန်ကိတ်လေး ပုံပေါ်လာပါလိမ့်မယ်။ ပန်ကိတ်ရဲ့ အောက်ခြေမှာ ကြွပ်ရွပြီး ရွှေရောင်သမ်းလာတဲ့အထိ ကြော်ပေးလိုက်ပါ။ ဒါဆိုရင် သံယောက်မလေးနဲ့ထိုးလှန်ပြီး ပန်ကိတ်ကို ထက်အောက်လှန်ပေးလိုက်ပါဦး။

 

ပန်ကိတ်ကို သံယောက်မလေးနဲ့ မလိုက်ပြီး  ဟင်းချက်ဆီနည်းနည်းလည်း ထပ်ထည့်ချင် ထည့်လိုက်ပါဦး။ နှစ်ဖက်စလုံး ရွှေအိုရောင်သမ်းသည်အထိ ကြော်ပေးဖို့ဆိုရင် အချိန် (၈) မိနစ်ကနေ (၁၀) မိနစ်ကြား ကြာနိုင်ပါတယ်။ ပြီးရင်တော့ အာလူးပန်ကိတ်လေးကို ပန်းကန်ပြားထဲ ပြောင်းထည့်ပြီး ဆော့စ်နဲ့ တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။

Source: Maangchi

Share

Loading Next Article...
က္က