စားလို့ကောင်းတဲ့ ကီဝီသီးလေးတွေထဲမှာ ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း အများကြီး ပါရှိပါသေးတယ်။

ကီဝီသီးဟာ အပြင်ဘက်မှာ အမွှေးလေးတွေ ပေါက်နေတဲ့ ဘယ်ရီသီးနွယ်ဝင် အသီးတစ်မျိုးပါ။ ထူးခြားမွှေးပျံ့တဲ့ အနံ့အရသာနဲ့ ကီဝီသီးဟာ စားလို့ကောင်းတဲ့ သစ်သီးတစ်မျိုးပါ။ တရုတ်ပြည်မှာ စတင်ပေါက်ဖွားပြီး အခုအချိန်မှာတော့ ကမ္ဘာတဝှမ်းလုံးမှာ ရရှိနိုင်ပါပြီ။ ကီဝီသီးမှာ အစိမ်းရောင်အသားနဲ့ စားလို့ရတဲ့ အမဲရောင်အစေ့လေးတွေ ပါရှိပါတယ်။ စားလို့ကောင်းရုံတင်မက ကီဝီသီးမှာ ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ကြွယ်ဝစွာ ပါရှိပါသေးတယ်။



၁။ Antioxidant ကြွယ်ဝတယ်

kiwi-fruit.jpg 

ကီဝီသီးထဲမှာ ကျန်းမာရေးအတွက် အထောက်အကူြုဖစ်စေနိုင်တဲ့ ဗိုက်တာမင်စီနဲ့ တခြား ကာရိုတီနွိုက် ဒြပ်ပေါင်းတွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ကီဝီသီး၊ လိမ္မော်သီးနဲ့ ဂရိတ်ဖရုထ်သီးတို့ကို နှိုင်းယှဉ်လေ့လာခဲ့ရာမှာ ကီဝီသီးက ကျန်တဲ့အသီးတွေနဲ့ နှိုင်းစာရင် ပိုမိုအားကောင်းတဲ့ antioxidant တွေ ပါဝင်တယ်လို့ တွေ့ရှိရပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ထဲမှာ ဓာတုပစ္စည်းတွေကြောင့် ဆဲလ်ပျက်ဆီးမှုတွေကို တားဆီးပေးနိုင်ပါတယ်။

၂။ နှလုံးကျန်းမာရေး ကောင်းစေတယ်

ဗိုက်တာမင်စီ၊ ဗိုက်တာမင်အီး၊ ပိုတက်စီယမ်နဲ့ ပိုလီဖီနော ဒြပ်ပေါင်းတို့ ကြွယ်ဝမှုဟာ ကီဝီသီးကို နှလုံးနဲ့ သွေးလည်ပတ်မှုစနစ် ကျန်းမာရေးအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်စေခဲ့ပါတယ်။ လေ့လာမှုတစ်ခုအရဆိုရင် ကီဝီသီးစားပေးခြင်းက သွေးကြောတွင်းမှာ သွေးခဲခြင်းကို တားဆီးပေးနိုင်ပြီး နှလုံးသွေးကြောကျဉ်း ရောဂါလိုမျိုး နှလုံးကို ထိခိုက်စေတဲ့ ရောဂါတွေ ဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။

၃။ အိပ်ပျော်စားဝင်စေတယ်

Screenshot-2018-2-9 Tropical Overnight Oats.png 

ကီဝီသီးထဲမှာ အိပ်စက်ခြင်းနဲ့ ပျော်ရွှင်မှုကို လှုံ့ဆော်ပေးနိုင်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ ဆာရိုတိုနင်လည်း ကြွယ်ဝစွာပါဝင်ပါသေးတယ်။ လေ့လာမှုတစ်ခုအရ ကီဝီသီး စားသုံးခြင်းဟာ လူတစ်ယောက်ရဲ့ အိပ်စက်နိုင်စွမ်းကို မြင့်တက်စေနိုင်ပြီး ပြန်နိုးလာချိန်မှာလည်း အိပ်ရေးဝစေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးပျက်တတ်တဲ့ သူတွေဆိုရင် ရေခဲသေတ္တာထဲမှာ ကီဝီသီးလေးတွေ ထည့်ထားသင့်ပါတယ်။

၄။ သံဓာတ်စုပ်ယူမှု အားကောင်းစေတယ်

ကီဝီသီးရဲ့ အံ့ဖွယ်အကျိုးကျေးဇူး နောက်တစ်ခုကတော့ ခန္ဓာကိုယ်ရဲ့ အာဟာရ စုပ်ယူနိုင်စွမ်းကို မြင့်တက်စေနိုင်တာပါပဲ။ ဗိုက်တာမင်စီ၊ လူတိန်းနဲ့ ဇီဇန်သိန်းတို့လို ဒြပ်ပေါင်းတွေ ကြွယ်ဝမှုက ကီဝီသီးကို သံဓာတ်အားနည်းတဲ့ ရောဂါဝေဒနာရှင်တွေအတွက် သဘာဝအားဆေး ဖြစ်စေခဲ့ပါတယ်။ တကယ်လို့ သွေးအားနည်းနေသလို ခံစားနေရရင် ကီဝီသီးလေးတစ်လုံးကိုသာ အခွံခွာပြီး ကိုက်စားလိုက်ပါ။

၅။ ကိုယ်ဝန်သည်တွေအတွက် အကျိုးရှိစေတယ်

78575e5e3ac8df2dce8dc40ecb9e4512.jpg 

ကီဝီသီးထဲမှာ သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ ဖိုလိတ်ဆိုတဲ့ ဒြပ်ပေါင်းတစ်မျိုး ကြွယ်ဝစွာ ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် အသင့်တော်ဆုံးပါပဲ။ ဖိုလိတ်ဓာတ်ဟာ ကိုယ်ဝန်သည်မိခင်တွေနဲ့ မမွေးရသေးတဲ့ ကလေးလေးတွေမှာ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ရှိစေနိုင်ဖို့အတွက် အကောင်းဆုံး အထောက်အကူ ပြုနိုင်ပါတယ်။ ဗိုက်တာမင် စီ၊ အီး နဲ့ ကေတို့လို အာဟာရဓာတ်တွေကလည်း ကလေးနဲ့ မိခင် ကျန်းမာရေးကို ကောင်းမွန်စေနိုင်မှာပါ။

Source: Organicfacts


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က