သီးစုံပီဇာဆိုလို့ တကယ့်ပီဇာလို့လည်း ထင်မနေပါနဲ့ဦး။ သစ်သီးမျိုးစုံကို ပေါင်းစပ်ပြီး ပီဇာပုံဖော်ထားတာပါ။

ဒီဆောင်းပါး ဖတ်နေတဲ့သူထဲမှာ အသီးအနှံတွေကို နှစ်သက်သူတွေများ ပါပါသလား။ ပါတယ်ဆိုရင်တော့ အားလုံးအတွက် အစားအစာ အဆန်းလေးတစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ သီးစုံပီဇာပဲ ဖြစ်ပါတယ်။ ဖရဲသီး၊ စတော်ဘယ်ရီသီး၊ ကီဝီသီး အစရှိတဲ့ သစ်သီးတွေကို အုန်းနို့ခရင်မ်နဲ့ရောပြီး ပီဇာပုံစံ ပုံဖော်ထားတာပါ။ အထူးသဖြင့် ပါတီပွဲတွေ၊ ဧည့်ခံပွဲတွေမှာ တည်ခင်းဧည့်ခံရန် သင့်တော်ပါတယ်။

 

ပါဝင်ပစ္စည်းများ

Strawberry-Kiwi-Watermelon-Popsicles-1-1024x681.jpg

ပါဝင်ပစ္စည်းအဖြစ် ဖရဲသီး (၁) လုံး၊ အုန်းနို့ခရင်မ် (၈) အောင်စ၊ စတော်ဘယ်ရီ (၄) လုံး၊ ကီဝီသီး (၃) လုံး၊ တရုတ်ဆီးသီး (၃) လုံး၊ ဘလူးဘယ်ရီသီး (၁၀) လုံးခန့်၊ အုန်းသီးဖတ်လေးတွေ၊ ပူစီနံရွက် အနည်းငယ်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

landscape-1466541842-watermelon-pizza.jpg 

ဖရဲသီးမှည့်တစ်လုံးကို (၁) လက်မအရွယ် အဝိုင်းပြားပုံစံတွေဖြစ်အောင် လှီးဖြတ်ပေးလိုက်ပါ။ အုန်းနို့ခရင်မ်ကို ပန်းကန်လုံးတစ်လုံးထဲကို ကော်ထည့်လိုက်ပါ။ ကြက်ဥခလောက်တံကိုသုံးပြီး အုန်းနို့ခရင်မ် ပျော့ပြောင်းသွားသည်အထိ ခလောက်ပေးလိုက်ပါဦး။

စတော်ဘယ်ရီသီး (၄) လုံးခန့်ကိုတော့ အပြားပါးပါးလေးတွေ လှီးပြီး ဘေးခနဖယ်ထားလိုက်ပါ။ ကီဝီသီး (၂) လုံး၊ (၃) လုံးခန့်ကိုလည်း အခွံခွာပြီး အပြားလေးတွေ လှီးပေးလိုက်ပါ။

တရုတ်ဆီးသီးကိုတော့ အစေ့ထုတ်၊ ရိုးတံထုတ်ပြီး အပြားလေးတွေဖြစ်အောင် လှီးပေးလိုက်ပါဦး။ ဒီသစ်သီးတွေကိုလည်း ပန်းကန်လုံးလေးတွေထဲမှာ ထည့်ထားလိုက်ပါ။

 

ဖရဲသီးအဝိုင်းပြား တစ်ချပ်ပေါ်မှာ အုန်းနို့ခရင်မ်လေးတွေကို သုတ်လိမ်းပေးလိုက်ပါ။ ပြီးမှ အပေါ်ကနေ စတော်ဘယ်ရီသီးစိတ်လေးတွေ၊ ကီဝီသီးစိတ်လေးတွေ၊ တရုတ်ဆီးသီးစိတ်လေးတွေကို လိုက်တင်ပေးလိုက်ပါ။ ပြီးမှ ဘလူးဘယ်ရီသီး၊ အုန်းသီးဖတ်လေးတွေကိုလည်း ဖြူးပေးလိုက်ပါဦး။

ပြီးမှ ပူစီနံရွက်လေးတွေကို အဆုံးသတ်အဖြစ် ဖုံးပေးလိုက်ပါ။ ပြီးရင် ပီဇာလိုမျိုး ဓားနဲ့စိတ်ပြီး သုံးဆောင်နိုင်ပါပြီ။

Source: Tasty

Share

Loading Next Article...
က္က