အပန်းလည်းပြေ စိတ်ကိုလည်း တည်ငြိမ်စေမဲ့ ပန်းသီးလက်ဖက်ရည်အေးလေးပါ။

အားလပ်ရက်ဟာ တစ်ပတ်လုံးဒေါင်းထားတဲ့ ရုပ်ရှင်ကားတွေကို တစ်ထိုင်တည်းကြည့်ဖို့ အချိန်ကောင်းပါပဲ။ ရုပ်ရှင်ကို ဇိမ်ရှိရှိကြည့်နိုင်ဖို့ နေကြာစေ့တို့၊ ထောပတ်ပေါက်ပေါက်တို့လို သွားရည်စာတွေကို လိုအပ်သလို ရေငတ်ရင်သောက်ဖို့ သောက်စရာ အဖျော်ယမကာ ကောင်းကောင်းလေးတစ်ခွက်ကိုလည်း လိုအပ်တာ အမှန်ပါပဲ။

 

ရုပ်ရှင်ကြည့်ရင်း သောက်လို့ကောင်းတဲ့ ပန်းသီးလက်ဖက်ရည်အေး မွှေးမွှေးလေး ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ သစ်ကြံပိုးခေါက်တို့၊ ဖာလာစေ့တို့လို ဟင်းခတ်အမွှေးအကြိုင်တွေ ပါဝင်မှုကို လက်ဖက်ရည်ကို တမူထူးခြားတဲ့ အနံ့အရသာနဲ့ အာနိသင်ကို ပေးစွမ်းနိုင်မှာပါ။

ပါဝင်ပစ္စည်းများ

a-rendezvous-with-tea-recipe.1024x1024.jpg 

ရေ (၃) ခွက်၊ သစ်ကြံပိုးခေါက်ချောင်း (၁) ချောင်း၊ ဖာလာစေ့ (၄) စေ့၊ လေးညှင်းပွင့် (၄) (၅) ပွင့်ခန့်၊ သကြား (၃) ဇွန်း၊ လက်ဖက်ခြောက်ထုပ် (၂) ထုပ်၊ ပန်းသီးဖျော်ရည် (၁) ခွက်၊ ပန်းသီးတစ်လုံး တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

ဒယ်အိုးတစ်လုံးထဲမှာ ရေရယ်၊ သစ်ကြံပိုးခေါက်ရယ်၊ ဖာလာစေ့ရယ်၊ လေးညှင်းပွင့်နဲ့ သကြားရယ်ကိုထည့်ပြီး မွှေပေးလိုက်ပါ။ မီးပျော့ပျော့နဲ့ (၁၀) မိနစ်၊ (၁၅) မိနစ်ခန့် အပူပေးလိုက်ရင်တော့ သကြားတွေအရည်ပျော်ပြီး ဟင်းခတ်အမွှေးအကြိုင်တွေလည်း ရေထဲမှာ ကောင်းကောင်းရောသွားပါလိမ့်မယ်။

ဒါဆိုရင် မီးခနပိတ်ပြီး လက်ဖက်ခြောက်ထုပ် (၂) ထုပ်ကို ထည့်စိမ်လိုက်ပါ။ (၃) (၄) မိနစ်လောက် စိမ်ပြီးရင်တော့ လက်ဖက်ခြောက်ထုပ်တွေကို ပြန်ထုတ်နိုင်ပါပြီ။

 

ပန်းသီးဖျော်ရည် မထည့်ခင် လက်ဖက်ရည်ကို အရင်ဆုံး အအေးခံလိုက်ပါဦး။ လက်ဖက်ရည် အေးပြီဆိုမှ ပန်းသီးဖျော်ရည်ကို ထည့်လိုက်ပါ။ ပန်းသီးဖျော်ရည်ကို လိုအပ်သလောက် ချိန်ထည့်ပြီးရင် ရေခဲသေတ္တာထဲမှာ နာရီအနည်းငယ်ကြာ ထည့်သိမ်းထားလိုက်ပါ။

ပြီးရင်တော့ ဖန်ခွက်ရှည်တစ်ခွက်ထဲ ပြောင်းထည့်ပြီး အပေါ်မှာ ပန်းသီးစိတ်လေးတွေ တင်ပေးလိုက်ပါ။ ပူစီနံရွက်လေးတွေကတော့ အနံ့အရသာ ကောင်းမွန်စေဖို့ အပေါ်ကနေ အုပ်ပေးလိုက်ပါ။ ဒါဆိုရင် ပန်းသီးလက်ဖက်ရည်အေးလေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီနော်။

Source: Myfoodstory


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က