"ဆားမပါတဲ့ ဟင်းတစ်ခွက်ဟာ ပျော့ပျက်ပျက်နိုင်" ဆိုတဲ့ စကားပုံတောင် ရှိပါသေးတယ်။

"ဆားမပါတဲ့ ဟင်းတစ်ခွက်ဟာ ပျော့ပျက်ပျက်နိုင်" ဆိုတဲ့ စကားပုံတောင် ရှိပါသေးတယ်။ တကယ်တော့ အိမ်သုံးဆားဟာ နေ့စဉ်အစားအသောက်တွေ စီမံချက်ပြုတ်မှုမှာ မရှိမဖြစ်နေရာက ပါဝင်ပါတယ်။ ဒါပေမဲ့ လူတော်တော်များများက ဆားကို အရသာရှုထောင့်ကနေပဲ သုံးစွဲကြပြီး ကျန်းမာရေးရှုထောင့်ကတော့ အသုံးပြုခြင်း မရှိကြပါဘူး။ အိမ်သုံးဆားရဲ့ လူသိပ်မသိသေးတဲ့  ကျန်းမာရေးအကျိုးကျေးဇူးတွေကို ဗဟုသုတအဖြစ် ဝေမျှပေးလိုက်ပါတယ်နော်။



၁။ အိုင်အိုဒင်းဓာတ် လျော့နည်းမှုကို တားဆီးပေးတယ်

Salt2.jpg 

အိုင်အိုဒင်းဓာတ်ဟာ လူ့ခန္ဓာကိုယ်ထဲမှာ သိုင်းရွိုက်ဟော်မုန်း ထွက်လာစေနိုင်ဖို့အတွက် မရှိမဖြစ် အရေးပါပါတယ်။ ခန္ဓာကိုယ်မှ အိုင်အိုဒင်းဓာတ်ကို သဘာဝအတိုင်း ထုတ်မပေးနိုင်တဲ့အတွက် နေ့စဉ်အစားအသောက်တွေထဲမှာ အိုင်အိုဒင်းဓာတ် ကြွယ်ဝနေဖို့က အရေးကြီးပါတယ်။ ဒီအချက်ကို အိုင်အိုဒင်းဆားက ဖြည့်ဆည်းပေးနိုင်ပါတယ်။

၂။ ခံတွင်း ရေဓာတ်ထိန်းသိမ်းပေးတယ်

တကယ်တော့ ဆားဟာ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ပမာဏ ပုံမှန်ဖြစ်နေစေဖို့အတွက် အရေးပါပါတယ်။ ကိုယ်တွင်းကလီစာတွေ ပုံမှန်အလုပ်လုပ်ဖို့ဆိုရင် အီလက်ထရိုလိုက်တွေလည်း ကောင်းကောင်းအလုပ်လုပ်နေမှ ဖြစ်မှာပါ။ အထူးသဖြင့် ကိုယ်လက်လှုပ်ရှားမှုများပြီး ချွေးထွက်များတဲ့သူတွေဆိုရင် ရေဓာတ်တင်မက ဆားဓာတ်ကိုပါ ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။ အိမ်သုံးဆားက ဒီနေရာမှာ အသုံးဝင်လာပါတယ်။

၃။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်

12.jpg 

အငန်ဓာတ်လျှော့ထားပြီး ကျန်းမာရေးနဲ့ညီအောင် စီမံထားတဲ့ အိုင်အိုဒင်းဆားလို အိမ်သုံးဆားတွေဟာ သွေးဖိအားကို ထိန်းသိမ်းပေးနိုင်ပြီး နှလုံးကျန်းမာရေး အပေါ်မှာလည်း သက်ရောက်မှုရှိတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ ဒါကြောင့် မိမိရဲ့နေ့စဉ် အစားအသောက်တွေထဲမှာ ဆားပါဝင်မှုက အရေးကြီးတဲ့ အခန်းကဏ္ဍက ရပ်တည်နေပါတယ်။

၄။ ဆီးချို ကာကွယ်ပေးတယ်

ဆီးချိုသမားတွေအတွက်တော့ အင်ဆူလင်ပမာဏက အသက်တမျှ အရေးပါပါတယ်။ ဆားပါဝင်မှုမရှိဘဲ ပေါ့လွန်းတဲ့ အစားအသောက်တစ်မျိုးဟာ အင်ဆူလင်အပေါ် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်နိုင်စွမ်းအပေါ်ကို အားနည်းစေနိုင်ပါတယ်။ အဲဒီကတဆင့် ဂလူးကို့စ်ဓာတ်ကို ဖြိုခွဲဖို့၊ အသည်း၊ ကြွက်သားနဲ့ အာရုံကြောစနစ်တွေဆီကို စွမ်းအင်ပို့ဆောင်ပေးဖို့ စတဲ့လုပ်ဆောင်မှုတွေကိုပါ အားနည်းသွားစေနိုင်ပါတယ်။ အဲဒီကမှတဆင့် Type 2 ဆီးချိုရောဂါ ဖြစ်စေတတ်လို့ ဆားကို ချင့်ချိန်ထည့်သွင်း စားသုံးသင့်ပါတယ်။

၅။ ခံတွင်းကျန်းမာရေးကို ထိန်းသိမ်းပေးတယ်

57304295.jpg 

သွားပိုးစားခြင်းလိုမျိုး ခံတွင်းထဲမှာ ဘက်တီးရီးယား ကူးစက်ခြင်းမျိုးဟာ အခန့်မသင့်ရင် သွားဖုံး ရေစီးကမ်းပြို လိုက်ခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။ ဆားရည်လေးနဲ့ ပုံမှန်ပလုတ်ကျင်းပြီး ခံတွင်း သန့်ရှင်းရေး လုပ်ပေးခြင်းက ခံတွင်းကျန်းမာရေးနဲ့ ခံတွင်းသန့်ရှင်းရေးကို ထိန်းသိမ်းပေးပါတယ်။ ဆား ဇွန်းဝက်ခန့်ကို ရေနွေးတစ်ခွက်နဲ့ရောပြီး ပလုတ်ကျင်းဖို့ ဆားရည်ကို ပြင်ဆင်နိုင်ပါတယ်။ အစာစားပြီးတိုင်း ဆားရည်နဲ့ ပလုတ်ကျင်းပေးခြင်းကလည်း အလေ့အကျင့်ကောင်းတစ်ခု ဖြစ်စေနိုင်မှာပါ။

Source: Organicfacts


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က