မုန်ညင်းရွက်ကို ကြော်ပဲစားစား၊ သုပ်ပဲစားစား၊ ဟင်းချိုပဲ ချက်သောက်သောက် စွယ်စုံလုပ်စားလို့ ရတာကိုး။

မုန်ညင်းရွက်ဟာ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ အရံဟင်းလျာတွေထဲမှာ မပါမဖြစ်နေရာက ပါတဲ့ အရွက်တစ်မျိုးပါ။ မုန်ညင်းရွက်ကို ကြော်ပဲစားစား၊ သုပ်ပဲစားစား၊ ဟင်းချိုပဲ ချက်သောက်သောက် စွယ်စုံလုပ်စားလို့ ရတာကိုး။ ဒီနေ့မှာတော့ ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး မုန်ညင်းရွက်နဲ့ ရောကြော်ထားတဲ့ ကြက်သွန်ဖြူ မုန်ညင်းကြော် ချက်နည်းလေးကို ဖော်ပြပေးသွားမှာပါ။

ပါဝင်ပစ္စည်းများ

bok-choy-stir-fry.jpg 

ကြက်သွန်ဖြူ မုန်ညင်းရွက်ကြော် ချက်ပြုတ်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ မုန်ညင်းရွက် အငယ်စား (baby bok choy) (၁) ပေါင်၊ ဟင်းချက်ဆီ (၂) ဇွန်း၊ ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူ (၅) တောင့်၊ ဆားအနည်းငယ်၊ ငရုပ်ကောင်းမှုန့် အဖြူအနည်းငယ်၊ သကြားအနည်းငယ်တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

garlic-bok-choy-1.jpg 

အရင်ဆုံး မုန်ညင်းရွက်ကို အရိုးနဲ့ အရွက် အရင်ခွဲထုတ်ရပါမယ်။ ပြီးမှ မုန်ညင်းရွက်လေးတွေကို ဝါးရအဆင်ပြေအောင် ထက်ခြမ်းခြမ်းပေးရပါမယ်။ ဖြစ်နိုင်ရင် မုန်ညင်းရွက်လေးတွေကို အရွယ်အစားညီအောင် လှီးပေးလိုက်ပါ။ ဒါမှသာ အကျက်ညီပြီး စားလို့ကောင်းမှာပါ။

ရလာတဲ့ မုန်ညင်းရွက်တွေကို ရေအေးနဲ့ (၂) ကြိမ် (၃) ကြိမ်ခန့် ဆေးပေးလိုက်ပါ။ မုန်ညင်းရွက်က အခင်းထဲမှာ ပေါက်တဲ့အပင်ဖြစ်ပြီး ပိုးသတ်ဆေးတွေ ဘာတွေ ဖြန်းမထားဘူး မပြောနိုင်တော့ ရေအထပ်ထပ် ဆေးလိုက်တာ ပိုစိတ်ချရပါတယ်။ ရေဆေးပြီးရင်တော့ ရေပြန်စစ်ပေးဖို့ မမေ့နဲ့ဦးနော်။ ဘာဖြစ်လို့လဲဆိုတော့ မုန်ညင်းရွက်ထဲမှာ ရေစိုထိုင်းဆ များနေမယ်ဆိုရင် ဟင်းအရသာ အပေါ်မှာ သက်ရောက်မှုတစ်ခု ရှိစေနိုင်လို့ပါပဲ။

 

ဒယ်အိုးတစ်လုံးထဲမှာ ဟင်းချက်ဆီ (၂) ဇွန်းထည့်ပြီး ဆီအပူပေးလိုက်ပါ။ ဆီပူပြီဆိုရင် အရင်ဆုံး ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူကို ထည့်ပေးလိုက်ပါ။ ပြီးမှသာ အပေါ်က မုန်ညင်းရွက်ကို ထည့်ပေးလိုက်ပါ။ ပြီးရင်တော့ သံယောက်မတစ်ချောင်းနဲ့ ကြက်သွန်ဖြု၊ ဆီနဲ့ မုန်ညင်းရွက်တို့ သမသွားအောင် မွှေပေးလိုက်ပါ။ ကြက်သွန်ဖြူ အရမ်းကျက်မသွားအောင် တောက်လျှောက် မွှေပေးနေဖို့ လိုပါတယ်။

 

တစ်မိနစ်လောက်ဆိုရင် အရွက်လေးတွေ ညှိုးစပြုလာပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ဆား၊ ငရုပ်ကောင်းမှုန့်နဲ့ သကြားတို့ကို ထည့်ပေးနိုင်ပါပြီ။ အဲဒီနောက်ပိုင်းကတော့ သင့်အပေါ်ပဲ မူတည်သွားပါပြီ။ အရမ်းကြီးညှိုးတာ မကြိုက်ဘူးဆိုရင် နောက်တစ်မိနစ်လောက်ကြာရင် မီးပိတ်ပေးနိုင်ပြီး အရွက်ညှိုးညှိုး ပျော့ပျော့လေးမှ စားချင်တယ်ဆိုရင်တော့ မိမိစိတ်ကြိုက် အချိန်ယူနိုင်ပါတယ်။ ပြီးရင်တော့ ပန်းကန်ပြားတစ်ချပ်ထဲ ပြောင်းထည့်ပြီး တည်ခင်းဧည့်ခံနိုင်ပါပြီ။

Source: thewoksoflife

Share

Loading Next Article...
က္က