အအေးခံပြီးသောက်ရင် ပိုသောက်လို့ကောင်းတဲ့ ပဲနို့အေးလေးတွေမှာ ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ပါဝင်နေပါသေးတယ်။

ပဲပုပ်စေ့ကနေ ထုတ်ယူပြုလုပ်ထားတဲ့ ပဲနို့ဟာ နွားနို့နဲ့ ဆင်တူပေမဲ့ အာဟာရနဲ့ ဗိုက်တာမင်ဓာတ် ကြွယ်ဝတဲ့ သက်သတ်လွတ် သောက်စရာတစ်မျိုးပါ။ ပဲနဲ့ အဓိက ပြုလုပ်ထားတဲ့အတွက် အားရှိစေတာလည်း အမှန်ပါ။ ပဲနို့အေးအေးလေး တစ်ဘူး သောက်လိုက်ရရင် အမောပြေစေနိုင်ရုံမက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ခွန်အားတွေကိုလည်း ပြန်လည်ပြည့်ဝ စေနိုင်ပါတယ်။ ပဲနို့ရဲ့ အဓိက ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့...



၁။ ဝိတ်ကျစေတယ်

9.-Aid-In-Weight-Management.jpg 

ပဲနို့ရဲ့ အဓိက အကျိုးကျေးဇူးတစ်ချက်ကတော့ ဝိတ်ကျစေပြီး ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်တာပါပဲ။ ပဲနို့သောက်ပေးခြင်းအားဖြင့် အဝလွန်နေသူတွေမှာ ရှိတတ်တဲ့ ဗိုက်ပူခြင်း၊ ခါးတုတ်ခြင်းတို့လို အခြေအနေတွေကို လျော့နည်းစေနိုင်ပါတယ်။ ပဲနို့ရဲ့ ဟော်မုန်းအပေါ် အကျိုးသက်ရောက်နိုင်စွမ်းက ဇီဝကမ္မ လုပ်ဆောင်မှုတွေကို ပြောင်းလဲစေနိုင်ပြီး LDL ကိုလက်စ်ထရောကိုလည်း ကျဆင်းစေနိုင်တဲ့အတွက် ဝိတ်ကျစေတာပါ။

၂။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်

ပဲနို့ထဲမှာ ကြီးထွားဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတိန်းဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ ပရိုတိန်းတွေကို ကျန်းမာရေးချို့ယွင်းမှု လက္ခဏာ အများအပြားကို ကာကွယ်ပေးနိုင်တဲ့ အမိုင်နိုအက်ဆစ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ပဲနို့ပရိုတိန်းထဲမှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်နဲ့ isoflavones တွေကတော့ LDL ကိုလက်စ်ထရောတွေ လျော့ကျစေဖို့လည်း အကူအညီပေးနိုင်ပါတယ်။ တခြားလေ့လာမှုတွေက ဖော်ပြနေတာကတော့ ပဲနို့သောက်သုံးခြင်းဟာ သက်ကြီးရွယ်အို အမျိုးသားတွေမှာ တွေ့ရတတ်တဲ့ အရည်ကြည် ကိုလက်စ်ထရောကို လျော့ကျစေပါတယ်။ Type 2 ဆီးချို ရောဂါသည်တွေမှာဆိုရင် ပဲနို့သောက်သုံးခြင်းက သွေးဖိအားပုံမှန်ဖြစ်ခြင်းနဲ့ ဆက်နွယ်နေပါတယ်။ ဒါကြောင့် ပဲနို့သောက်သုံးခြင်းဟာ နှလုံးကျန်းမာရေးကို ကြီးမားစွာ အထောက်အကူ ပြုစေနိုင်ပါတယ်။

၃။ သွေးဆုံးခြင်းနဲ့ ဆက်နွယ်တဲ့ ကျန်းမာရေးပြဿနာတွေကို လျော့နည်းစေတယ်

women-drinking-soy-milk-1024x640.jpg 

ပဲနို့သောက်သုံးခြင်းဟာ အမျိုးသမီးများ သွေးဆုံးကိုင်ခြင်းနဲ့ ဆက်နွယ်နေတဲ့ ကျန်းမာရေးပြဿနာတွေကို လျော့နည်းစေနိုင်ပါတယ်။ သုတေသနတွေအရတော့ ပဲနို့ထဲမှာပါဝင်တဲ့ isoflavones ဓာတ်တွေဟာ သွေးဆုံးကိုင်ပြီးသား အမျိုးသမီးတွေရဲ့ estrogen (လိင်စိတ်ဟော်မုန်း) ကို ကူညီထိန်းသိမ်း ပေးနိုင်ပါတယ်။ ဒါကြောင့် သွေးဆုံးပြီးသား အမျိုးသမီးတွေ ပဲနို့သောက်ပေးမယ်ဆိုရင် estrogen ဟော်မုန်းကင်းမဲ့မှုကြောင့် ဖြစ်တတ်တဲ့ စိတ်အတက်အကျမြန်ခြင်းကိုလည်း တားဆီးပေးနိုင်ပါသေးတယ်။ ပဲနို့ထဲမှာပါဝင်တဲ့ antioxidant တွေကလည်း အမျိုးသမီးတွေရဲ့ နာတာရှည်ရောဂါ လက္ခဏာတွေကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။

၄။ အရိုးပွရောဂါကို သက်သာစေနိုင်တယ်

သက်ကြီးရွယ်အို အမျိုးသားတွေနဲ့ သွေးဆုံးကိုင်ပြီး အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ရောဂါတစ်ခုကတော့ အရိုးပွရောဂါပါပဲ။ အရိုးပွလာခြင်း၊ အရိုးကျိုးလွယ်ခြင်းနဲ့ ကယ်လ်ဆီယမ် လျော့ပါးခြင်းစတဲ့ လက္ခဏာတွေဟာ သက်ကြီးရွယ်အို အမျိုးသား၊ အမျိုးသမီးတွေမှာ ဖော်ပြတတ်ပြီး သတိမထားရင် အသက်အန္တရာယ်ကိုပါ ချိန်းခြောက်နိုင်ပါတယ်။ သုတေသနအရတော့ အသား၊ ငါးတွေမှာပါဝင်တဲ့ ပရိုတိန်းဟာ ဆီးတွင်းကယ်လ်ဆီယမ် ပမာဏကို မြင့်မားလာစေနိုင်ပေမဲ့ ပဲနို့ကတော့ အဲဒီလိုမဖြစ်ပါဘူးတဲ့။ ပဲနို့ထဲက ပရိုတိန်းထဲမှာ လူ့ခန္ဓာကိုယ်ကို အန္တရာယ်မဖြစ်စေနိုင်တဲ့ ကယ်လ်ဆီယမ်တွေသာ ပါဝင်တဲ့အတွက် သက်ကြီးရွယ်အိုများ သောက်သုံးပေးရန် သင့်တော်ပါတယ်။

၅။ ကင်ဆာကာကွယ်နိုင်တယ်

Breast-Cancer.jpg 

သုတေသနတစ်ခုအရတော့ ပဲနို့သောက်သုံးခြင်းဟာ အရည်ကြည် estrogen လိင်စိတ်ဟော်မုန်း ပမာဏကို လျှော့ချပေးတဲ့အတွက် ရင်သားကင်ဆာအန္တရာယ်ကိုလည်း လျော့ကျစေပါတယ်။ ရင်သားကင်ဆာရောဂါက အမျိုးသမီးတွေကြားမှာ အဖြစ်အများဆုံး ကင်ဆာရောဂါဖြစ်ပြီး Estrogen လိင်စိတ်ဟော်မုန်းတွေဟာ ဒီကင်ဆာရောဂါနဲ့ ဆက်စပ်နေပါတယ်။ သွေးဆုံးကိုင်ပြီးတဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေ အလွန်များတဲ့အတွက် ပဲနို့ကို ပုံမှန်သောက်ပေးသင့်ပါတယ်။ နောက်ပြီး လေ့လာမှုတစ်ခုအရဆိုရင် ပဲနို့ပုံမှန်သောက်တဲ့ အမျိုးသားတွေမှာ ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်ခြေ အလွန်နည်းတယ်ဆိုတာပါပဲ။

ှSource: Organicfacts


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က