အိမ်မှာပဲ ပူပူစပ်စပ် ခေါက်ဆွဲပြုတ်လေး လုပ်စားကြရအောင်။

ရုံးပိတ်ရက်မှာ ဆန်းဆန်းပြားပြား လုပ်စားချင်သူတွေအတွက် ချဉ်စပ်ရာမင် ခေါက်ဆွဲလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ ဒီအစားအစာလေးက တရုတ်အစားအစာဖြစ်ပြီး အဓိကလျှို့ဝှက်ချက်က စွပ်ပြုတ်ရည်ထဲမှာ ပါပါတယ်။ ဒီနေ့ဖော်ပြပေးမှာကတော့ သက်သတ်လွတ် version ဖြစ်ပြီး သက်သတ်လွတ်မစားချင်ရင်တော့ ဝက်သားပြားလေးတွေ ရောထည့်စားလို့ရပါတယ်။



ပါဝင်ပစ္စည်းများ

aid3199958-v4-728px-Make-Ready-Made-Noodles-Step-3-Version-2.jpg 

ဟင်းချက်ဆီ (၂) ဇွန်း၊ ငရုပ်သီးခြောက် (၂) တောင့်၊ ဂျင်းထောင်း (၁) ဇွန်း၊ ကြက်သွန်ဖြူထောင်း (၁) ဇွန်း၊ တရုတ်နံနံကြီး (၁/၂) ခွက်၊ မုန်လာဥနီ (၁) ခွက်၊ မှိုခြောက်ပန်းခြောက် (၃) ခွက်၊ ပဲငံပြာရည်အနောက် (၂) ဇွန်း၊ ပဲငံပြာရည်အကြည် (၂) ဇွန်း၊ ပါးပါးလှီးပြီးသား တို့ဟူး (၁) ခွက်၊ ပြောင်းဖူးကော်မှုန့် (၂) ဇွန်းခွဲ၊ ရာမင်ခေါက်ဆွဲခြောက် (၁) ထုပ်၊ ကြက်ဥ (၁) လုံး၊ ရှာလကာရည် (၂) ဇွန်း၊ ငရုပ်ကောင်းမှုန့် (၁/၄) ဇွန်း၊ ဆား (၁/၂) ဇွန်း၊ နှမ်းဆီ (၁) ဇွန်းတို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

Chinese-Hot-and-Soup-Soup-with-Ramen-1.jpg 

အရင်ဆုံး မှိုခြောက်ပန်းခြောက်တွေကို ရေနွေးပူထဲမှာ (၁၅) မိနစ်ခန့် စိမ်ပေးလိုက်ပါ။ စိမ်ရည်ကိုတော့ နောက်ပိုင်းမှာ စွပ်ပြုတ်ရည်ထဲမှာ ပြန်ထည့်သုံးဖို့အတွက် ဖယ်ထားလိုက်ပါ။ မှိုဖတ်လေးတွေကို ပါးပါးလှီးပြီးရင်တော့ ဘေးခနဖယ်ထားလိုက်ပါ။

ဒယ်အိုးပြားတစ်လုံးထဲမှာ ဆီကိုအပူပေးပြီး ငရုပ်သီးတောင့်ကို ဂျင်းကို ဆီသတ်လိုက်ပါ။ ဂျင်းဖတ်လေးတွေ အရောင်ပြောင်းလာရင် ကြက်သွန်ဖြူကို ရောထည့်ပေးပါ။ မိနစ်အနည်းငယ် ကြာရင်တော့ တရုတ်နံနံနဲ့ မုန်လာဥနီကိုပါ ထည့်ပေးလိုက်ပါ။ မုန်လာဥနီလေးတွေ အကျက်ညီစေဖို့ (၂) မိနစ်ခန့် မွှေပေးပြီးရင်တော့ မှိုခြောက်ပန်းခြောက်တွေကိုပါ ဒယ်အိုးထဲ ထည့်နိုင်ပါပြီ။

 

ပြီးရင် တို့ဟူးရယ်၊ ပဲငံပြာရည် (အကြည်နဲ့အနောက်) ရယ်၊ ရေ (၅) ခွက်စာရယ်ကိုလည်း ရောထည့်လိုက်ပါ။ ခုနက ဖယ်ထားတဲ့ မှိုခြောက်ပန်းခြောက်စိမ်ရည်ကိုပါ ရောထည့်လိုက်ပါဦး။ ပြီးရင် အဖုံးပိတ်ပြီး မီးပြင်းပြင်းနဲ့ (၅) မိနစ်ခန့် ချက်ပြုတ်ပေးလိုက်ပါ။ (၅) မိနစ်ပြည့်ရင်တော့ ရာမင်ခေါက်ဆွဲခြောက်ထုပ်ကို ဖောက်ထည့်နိုင်ပါပြီ။

 

ခေါက်ဆွဲထည့်ပြီး (၁) မိနစ်လောက်ကြာရင် ပြောင်းဖူးကော်မှုန့်ကို ရေ (၁/၄) ခွက်နဲ့ရောပြီး စွပ်ပြုတ်အိုးထဲကို ရောထည့်ပြီး မွှေပေးလိုက်ပါ။ စွပ်ပြုတ်ဟင်းရည်လေး ပျစ်သွားပြီဆိုရင် ကြက်ဥ တစ်လုံးဖောက်ထည့်လိုက်ပါ။ ပြီးမှ အပေါ်ကနေ ရှာလကာရည်၊ ငရုပ်ကောင်းမှုန့်၊ ဆားနဲ့ နှမ်းဆီတို့ကို ထည့်ပေးလိုက်ပါ။ ပြီးရင်တော့ မီးပိတ်ပြီး ပန်းကန်တစ်လံးထဲကို လှယ်ထည့်နိုင်ပါပြီ။ ခေါက်ဆွဲပန်းကန်ထဲကို ကြက်ဥတစ်လုံးဖောက်ထည့်ပြီး ကြက်သွန်မြိတ်လေးလည်း အုပ်ပေးလိုက်ပါဦး။

Source: Myfoodstory


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က