ချဉ်ချဉ်စပ်စပ် ဟင်းအနှစ်လေးနဲ့ ထမင်းပူပူလေးထဲမှာ နယ်ဖတ်ပြီး လွေးလိုက်ရရင် ဆွေမျိုးတွေတင်မက ရည်းစားကိုပါ မေ့သွားမှာပါ။

မြန်မာပြည်မြောက်ပိုင်းက ကချင်ပြည်နယ်ဟာ နှင်းဖုံးတောင်တန်းတွေနဲ့အတူ ချမ်းအေးတဲ့ ဒေသတစ်ခုဖြစ်တာနဲ့ လျော်ညီစွာ ကချင်အစားအစာတွေကလည်း ကိုယ်တွင်းအပူဓာတ် (တေဇောဓာတ်) ကို ထုတ်လုပ်နိုင်ဖို့ကို အားပေးပါတယ်။ အဲဒီထဲမှာ ကြက်ကချင်ချက်ဟာလည်း တစ်ခုအပါအဝင်ပါပဲ။

 

ချဉ်ချဉ်စပ်စပ် ဟင်းအနှစ်လေးနဲ့ ထမင်းပူပူလေးထဲမှာ နယ်ဖတ်ပြီး လွေးလိုက်ရရင် ဆွေမျိုးတွေတင်မက ရည်းစားကိုပါ မေ့သွားမှာပါ။ ကဲ... ပြောနေကြာပါတယ်။ ကိုယ်တိုင်ချက်စား ကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

sous-vide-chicken-thigh-directions-image-1.jpg

ကြက်သား (ရင်အုံသား၊ ပေါင်သား) (၂၀) သားခန့်၊ မျှစ်ချဉ် (၁) တောင့်၊ ကြက်သွန်ဖြူ (၃) တောင့်၊ ဂျင်း လက်တစ်ဆစ်ခန့်၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းနဲ့ (၁/၃) ဇွန်း၊ ငရုတ်သီးမှုန့် စားပွဲတင်ဇွန်းနဲ့ (၁) ဇွန်း၊ ငရုတ်သီးစိမ်း (၄) တောင့်၊ နံနံပင် (၁) စည်း၊ ပင်စိမ်း နုတ်နုတ်စင်းထားတာ စားပွဲတင်ဇွန်း (၁) ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်းနဲ့ (၁) ဇွန်း၊ ကြက်သားမှုန့် စားပွဲတင်ဇွန်းနဲ့ (၁/၂) ဇွန်း၊ ဟင်းချက်ဆီ (၄) ဇွန်း၊ ချဉ်စော်ခါးသီးခြောက် လက်တစ်ဆုပ်စာ၊ ဖက်ဖယ်ရွက် လက်တစ်ဆုပ်စာတို့ကို လိုအပ်ပါတယ်။ Item အနေနဲ့ကတော့ မြေအိုးတစ်လုံး လိုအပ်ပါတယ်။

ပြုလုပ်နည်း

Kachin_Chat7-450x337.jpg

ပထမဦးဆုံး ကြက်သားကို အတုံးလေးတွေဖြစ်အောင် တုံးတစ်ပြီး ကြက်သွန်ဖြူ၊ ဂျင်း၊ နနွင်းမှုန့်၊ ဆား (လက်ဖက်ရည်ဇွန်း တစ်ဝက်)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း တစ်ဝက်) တို့ဖြင့် သမအောင် ရောနယ်ပြီး (၁၅) မိနစ်ခန့် နှပ်ထားပေးလိုက်ပါ။ ကြက်သားနှပ်ထားချိန်မှာ နံနံပင်၊ ပင်စိမ်း၊ ငရုတ်သီးစိမ်း၊ ဖက်ဖယ်ရွက် တို့ကိုတော့ ငရုပ်ဆုံထဲထည့်ပြီး ညက်နေအောင် ထောင်းပေးလိုက်ပါ။ ချဉ်စော်ခါးသီး ခြောက်တွေကိုတော့ ရေအေးအေးမှာ (၁၀) မိနစ်ခန့် ရေစိမ်ထားပေးပါ။

ပြီးရင်တော့ ကြက်ကချင်ချက် စတင်ချက်ပြုတ်ဖို့အတွက် ဒယ်အိုးထဲကို ဆီထည့်ပြီး အပူပေးလိုက်ပါ။ ဆီပူလာပြီဆိုရင် ငရုတ်သီးမှုန့်ထည့်ပြီး ယောက်မနဲ့မွှေပေးလိုက်ပါ။ ပြီးမှ နှပ်ထားတဲ့ ကြက်သားတုံးလေးတွေကို ထည့်ပြီး (၁) မိနစ်ခန့် ရောမွှေပေးလိုက်ပါ။

ချဉ်စော်ခါးသီးခြောက် စိမ်ထားတဲ့ အရည် (စားပွဲတင်ဇွန်း (၄) ဇွန်း)၊ ရေ (၄) ခွက်၊ ပင်စိမ်းရွက်၊ ဖက်ဖယ်ရွက်၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ဆား (လက်ဖက်ရည်ဇွန်း တစ်ဝက်)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း တစ်ဇွန်း) တို့ကိုလည်း ရောထည့်ပြီး အဖုံးအုပ်ထားပေးလိုက်ပါ။ ကြက်သားနူးလောက်သည်အထိ ချိန်ဆပြီး ချက်ပြုတ်ပေးလိုက်ပါ။ ကြက်သားနူးခါနီးပြီ ဆိုရင်တော့ မြေအိုးတစ်လုံးထဲကို ပြောင်းထည့်ပေးပါ။

မြေအိုးထဲကို ကြက်သားဟင်းရောက်ပြီဆိုရင် ပါးပါးလှီးထားတဲ့ မျှစ်ချဉ်ဖတ်လေးတွေထည့်ပြီး နောက်ထပ် (၃) မိနစ်ခန့် တည်ပေးလိုက်ပါ။ ရေလိုရင်တော့ ရေထပ်ထည့်ပေးလိုက်ပါ။ ကြက်သားတုံးပေါ်ရုံလောက်ပဲ ရေကျန်ရင် အရသာ အပေါ့အငန်ကို မြည်းကြည့်လိုက်ပါ။ အပေါ့အငန် အနေတော်ဖြစ်ပြီဆိုရင် အပေါ်က နံနံပင်၊ ဖက်ဖယ်ရွက်၊ ပင်စိမ်းရွက်တို့ အုပ်ပေးပြီး မီးပိတ်လိုက်ပါ။ ဒါဆိုရင်တော့ ချဉ်ချဉ်စပ်စပ် အရသာနဲ့ စားလို့ကောင်းတဲ့ ကြက်ကချင်ချက်လေးကို ထမင်းပူပူလေးနဲ့ ရောပြီး လွေးနိုင်ပါပြီနော်။

Source: Pinterest

Share

Loading Next Article...
က္က