Indian Gooseberry လို့ခေါ်ကြတဲ့ ဆီးဖြူသီးဟာ အပူပိုင်းဒေသမှာ ပေါက်ရောက်တတ်တဲ့ အသီးတစ်မျိုးပါ။ ချဉ်တင်တင်၊ ဖန်တန်တန် အရသာရှိပြီး ဆီးဖြူသီးစားပြီးရင် ရေလေးတစ်ခွက်သောက်လိုက်ရင် ပါးစပ်ထဲမှာချိုပြီး ကျန်နေခဲ့တယ်လို့ လူသိများပါတယ်။

 

တကယ်တော့ ဆီးဖြူသီးဟာ ဗိုက်တာမင်၊ ကယ်လ်ဆီယမ်နဲ့ သံဓာတ်တွေ အများကြီးပါဝင်တဲ့ အသီးအနှံတစ်မျိုးပါ။ ဆီးဖြူသီးကို သုတ်စား၊ ထောင်းစားကြသလို သွားရည်စာအဖြစ်လည်း စားသုံးကြပါတယ်။ ဆီးဖြူသီးစားပေးခြင်းဖြင့် ကျန်းမာရေးအတွက်သာမက အလှအပရေးရာအတွက်ပါ အကျိုးရှိစေနိုင်ပါတယ်။

၁။ ကျန်းမာရေး ကောင်းမွန်စေတယ်

Amla-Benefits-And-Uses1-810x378.jpg 

ဆီးဖြူသီးကို ပုံမှန်စားပေးမယ်ဆိုရင် ဝိတ်ကျစေနိုင်ပါတယ်။ ဒါ့အပြင် ဝမ်းချုပ်ရောဂါကိုလည်း ပျောက်ကင်းသက်သာစေပါတယ်။ လည်ချောင်းထဲက ချွဲသလိပ်တွေကို ရှင်းလင်းပေးနိုင်သလို လည်ချောင်းနာ ရောဂါကိုလည်း သက်သာစေနိုင်ပါတယ်။ နောက်တစ်ခုကတော့ ဆီးဖြူသီးဟာ အပူငြိမ်းစေတဲ့အတွက် သွေးသားကိုလည်း သန့်စင်စေနိုင်ပါတယ်။

၂။ အသားအရေ ထိန်းသိမ်းရေးအတွက် အကျိုးရှိတယ်

1 7f3t_ONyBRrwdaaCmiN5oA.jpeg 

ဆီးဖြူသီး စားပေးခြင်းက သွေးသားကို သန့်စင်စေနိုင်တဲ့အတွက် အရေပြားအပေါ်ယံအလွှာက အရေပြားဆဲလ်သေ တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ဆဲလ်သေ၊ ဆဲလ်ဟောင်းတွေကို ဖယ်ရှားပြီးရင် သန့်စင်တဲ့ ဆဲလ်သစ်တွေကို ဖြစ်ပေါ်လာစေပါတယ်။ ဆီးဖြူသီးထဲမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ အရေပြားနေလောင်ဒဏ်မှလည်း ကာကွယ်ပေးနိုင်ပြီး အသားအရေကို မူလအတိုင်း ပြန်လည်ဖြူဝင်း လာစေနိုင်ပါတယ်။ ဆီးဖြူသီးရဲ့ ကောင်းကျိုးနောက်တစ်ခုကတော့ အရေပြား အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေနိုင်တာပါပဲ။ ဒါ့အပြင် ဟော်မုန်း ပြောင်းလဲမှုကြောင့် ဝက်ခြံအပေါက်များတဲ့ သူတွေဆိုရင်လည်း ဆီးဖြူသီးစားပေးရင် ဝက်ခြံကင်းစင် လာစေနိုင်မှာပါ။

၃။ ကိုယ်ခံအား ကောင်းမွန်စေတယ်

Indiangooseberry.jpg 

ခန္ဓာကိုယ်ထဲကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ ကူးစက်ရောဂါပိုးတွေနဲ့ ဗိုင်းရပ်စ်ပိုးမွှားတွေကို တိုက်ဖျက်ရာမှာ အရေးပါတာကတော့ ကိုယ်ခံအားစနစ်ပါ။ အဲဒီကိုယ်ခံအားစနစ် ကောင်းမွန်စေဖို့အတွက် ဆီးဖြူသီးက ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ဆီးဖြူသီးကို ဖျော်ရည်လုပ်ပြီး ရံဖန်ရံခါ သောက်သုံးပေးမယ်ဆိုရင်လည်း စိတ်ဖိစီးမှုတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ဆီးဖြူသီးဖျော်ရည်က အစာခြေစနစ် ပိုမိုကောင်းမွန်အောင်လည်း ကူညီပေးနိုင်ပါသေးတယ်။ နောက်တစ်ခုကတော့ ဆီးဖြူသီးဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာရှင်တွေနဲ့လည်း တည့်ပါတယ်။

၄။ ဆံသားလှပစေတယ်

Indian-Gooseberry.jpg 

ပိုးသားလေးလို လှပချောမွေ့တဲ့ ဆံကေသာလေးကို မနှစ်သက်တဲ့လူ မရှိပါဘူး။ ဆံသားကျန်းမာရေးအတွက် ဆီးဖြူသီးရဲ့ ကောင်းကျိုးတွေ အများကြီးရှိပါတယ်။ ဆီးဖြူသီးနဲ့ ပြုလုပ်ထားတဲ့ အဆီဟာ ဆံပင်လေးတွေကို အမြစ်ကနေ အရင်းထိ သန်စွမ်းစေပါတယ်။ နောက်ပြီး ဆံသားလေးတွေပေါ်မှာ ကပ်ညိနေတဲ့ ဗောက်ဖြူဖြူလေးတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဆံပင်ဖြူတဲ့ ပုဂ္ဂိုလ်တွေ ရှိရင်လည်း ဆီးဖြူသီးအဆီကို လိမ်းပေးမယ်ဆိုရင် အရင်အတိုင်း ဆံသားလေးတွေ ပြန်လည်မဲနက်လာမှာပါ။

Source: Youngisthan

Share

Loading Next Article...
က္က