AD
AD
AD

ကိုရီးယားလို့ပြောလိုက်တာနဲ့ ကိုရီးယားလှိုင်းရဲ့ သက်ရောက်မှုကြောင့် ကင်မ်ချီနဲ့ ဆိုဂျူးကိုတော့ သိနေကြမှာပါ။ အခုဆိုရင် ရန်ကုန်မြို့မှာ ကင်မ်ချီကို အလွယ်တကူ ဝယ်ယူရရှိနိုင်နေပါပြီ။ ကင်မ်ချီကို ခေါက်ဆွဲပြုတ်၊ ထမင်း အစရှိတဲ့ အစားအစာတွေနဲ့ တွဲဖက်စားသုံးနိုင်သလို ကင်မ်ချီထမင်းကြော်လိုမျိုး ကင်မ်ချီနဲ့ ထမင်းကို ရောကြော်ထားတဲ့ စားစရာတွေကလည်း ထင်ရှားပါတယ်။

play

 

ဒီနေ့မှာတော့ ကိုရီးယား ကင်မ်ချီ ထမင်းကြော် ပြုလုပ်နည်းလေးကို ဖော်ပြပေးသွားမှာပါ။ ပြုလုပ်ရလွယ်ကူပြီး စားလို့ကောင်းတဲ့ ကင်မ်ချီထမင်းကြော်လေးကို ကိုယ်တိုင်လုပ်စား ကြည့်လိုက်ကြရအောင်နော်။

ပါဝင်ပစ္စည်းများ

play
 

ထမင်းပူပူ (၃) ပန်းကန်ခန့်၊ ကင်မ်ချီ (Kimchi) (၁) ပန်းကန်၊ ကင်မ်ချီအချဉ်ရည် (၁/၄) ခွက်ခန့်၊ ရေ (၁/၄) ခွက်ခန့်၊ ကိုရီးယား ငရုပ်သီးအနှစ် (၃) ဇွန်းခန့်၊ နှမ်းဆီ (၃) ဇွန်းခန့်၊ ဟင်းချက်ဆီ (၁) ဇွန်း၊ ကြက်သွန်မြိတ် (၁) တောင့်၊ နှမ်းစေ့လှော် (၁) ဇွန်း၊ ရေညှိခြောက် (၁) ချပ် တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

 

ဒယ်အိုးတစ်လုံးထဲမှာ ဟင်းချက်ဆီထည့်ပြီး အပူပေးလိုက်ပါ။ ဒယ်အိုးထဲမှာ ကင်မ်ချီကိုထည့်ပြီး (၁) မိနစ်ခန့် မွှေကြော်ကြော်ပေးပါ။ ပြီးရင် ဒယ်အိုးထဲကို ထမင်းဖြူရယ်၊ ကင်မ်ချီအချဉ်ရည်ရယ်၊ ရေရယ်၊ ကိုရီးယား ငရုပ်သီးအနှစ်တို့ကိုပါ ရောထည့်လိုက်ပါ။ ပါဝင်ပစ္စည်းအားလုံးကို သစ်သားယောက်မတစ်ချောင်းနဲ့ (၇) မိနစ်ခန့် သမအောင် မွှေပေးလိုက်ပါ။

play

 

(၇) မိနစ်ခန့် ကြော်ပြီးရင်တော့ အပေါ်ကနေ နှမ်းဆီဆမ်းပြီး မီးပိတ်ပေးလိုက်ပါ။ ကြက်သွန်မြိတ်ကို ကတ်ကြေးနဲ့ကိုက်ပြီး ရလာတဲ့ ကြက်သွန်မြိတ်ဖတ်လေးတွေ၊ နှမ်းစေ့လှော်လေးတွေ၊ ရေညှိခြောက်မီးကင် ဖတ်လေးတွေကိုလည်း အပေါ်က ဖြူးပေးလိုက်ပါဦး။ ပြီးရင်တော့ အရသာရှိတဲ့ ကင်မ်ချီထမင်းကြော်လေးကို သုံးဆောင်နိုင်ပါပြီနော်။

ှSource: Maangchi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD