ကျန်းမာရေး ရှုထောင့်က ကြည့်မယ်ဆိုရင်လည်း ဟင်းချိုသောက်ပေးခြင်းက အစာခြေလမ်းကြောင်းတလျှောက်မှာ ချောဆီလိုမျိုး လုပ်ဆောင်ပေးနိုင်တဲ့အတွက် အစာကြေလွယ်စေနိုင်ပါတယ်။

တစ်ခါတလေမှာ ညစာစားခါနီးမှ ဟင်းတွေက ခြောက်ကပ်ကပ်ကြီး ဖြစ်နေလို့ ထမင်းစားလို့မဝင် ဖြစ်ဖူးမှာပါ။ တကယ်တော့ ဟင်းချိုလေးတစ်မျိုးလောက်ပါမှ စားရသောက်ရတာ စိုစိုပြေပြေ ရှိတာပါ။ ကျန်းမာရေး ရှုထောင့်က ကြည့်မယ်ဆိုရင်လည်း ဟင်းချိုသောက်ပေးခြင်းက အစာခြေလမ်းကြောင်းတလျှောက်မှာ ချောဆီလိုမျိုး လုပ်ဆောင်ပေးနိုင်တဲ့အတွက် အစာကြေလွယ်စေနိုင်ပါတယ်။

 

မိမိတို့ရဲ့ညစာမှာ ထည့်သွင်းနိုင်ဖို့ ဟင်းချိုတစ်ခွက်ကို အရသာရှိရှိနဲ့ လွယ်လွယ်ကူကူ ချက်ပြုတ်ချင်ရင် လွယ်လွယ်လေးပါ။ အောက်မှာ ဆက်ဖတ်ကြည့်ပေးပါဦးနော်။ လွယ်ကူလျင်မြန်တဲ့ ဝက်သားဂေါ်ဖီထုပ်ဟင်းချို လုပ်နည်းလေးကို ဖော်ပြပေးထားလို့ပါ။

ပါဝင်ပစ္စည်းများ

Screenshot-2018-2-13 Simple Cabbage Soup.png 

ဝက်သား (၁၅၀) ဂရမ်၊ ဂေါ်ဖီထုပ် (၁) ခြမ်း၊ တရုတ်မုန်လာ (၁) လုံး၊ မုန်လာဥနီ (၁) လုံး၊ ကြက်သွန်နီ (၁) လုံး၊ Sour cream (၁) ဇွန်း၊ ထောပတ် (၁) ဇွန်း၊ ငရုပ်ကောင်းမှုန့်အနည်းငယ်၊ လေးညှင်းပွင့်အနည်းငယ်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

pork-belly-cabbage-soup900x675-900x675.jpg 

အရင်ဆုံး ဒယ်အိုးပြားတစ်လုံးထဲမှာ မုန်လာဥနီကို အမြှောင်းအသေးလေးတွေ လှီးထားတာရယ်၊ တရုတ်မုန်လာရယ်၊ ကြက်သွန်နီရယ်ကို ဆီပူထိုးပြီး ကြော်ပေးလိုက်ပါ။ မိနစ်အနည်းငယ်ကြာအောင် ကြော်ပြီးရင်တော့ ပန်းကန်တစ်လုံးထဲ လှယ်ထည့်ပြီး ဘေးခနဖယ်ထားပေးလိုက်ပါ။

ပန်းကန်အကြီး တစ်လုံးထဲမှာတော့ ဝက်သားတုံးလေးတွေကို ပါးပါးလှီးပြီး ရလာတဲ့ ဝက်သားပြားလေးတွေကို ရေမှာစိမ်ပေးလိုက်ပါ။ ဂေါ်ဖီထုပ်ကိုလည်း အတုံးသေးသေးလေးတွေ တုံးတစ်ပြီး ဝက်သားပြားတွေနဲ့အတူ ရေမှာရောစိမ်ပေးလိုက်ပါ။

 

ဒယ်အိုးပြားထဲမှာ ဝက်သားပြားရယ်၊ ဂေါ်ဖီထုပ်ရယ်၊ မုန်လာဥနီကြော်ရယ်ကို ရောထည့်ပြီး မွှေပေးလိုက်ပါ။ ဝက်သားစိမ်ထားတဲ့ စိမ်ရည်ကိုပါ ရောထည့်လိုက်ပါ။ အပေါ့၊ အငန်ချိန်ဆပြီး ကြက်သားမှုန့်နဲ့ ဆားကိုလည်း စိတ်ကြိုက်ထည့်ပါ။ ပြီးရင်တော့ အထဲမှာပါဝင်တဲ့ ပါဝင်ပစ္စည်းအားလုံး ကျက်သွားသည်အထိ သေချာချက်ပြုတ်ပေးလိုက်ပါ။ အရသာအတွက် အပေါ်ကနေ လေးညှင်းပွင့် အုပ်ပေးလိုက်ပါ။

ပြီးရင်တော့ ပန်းကန်လုံးတစ်လုံးထဲ လှယ်ထည့်ပြီး ဟင်းချိုအဖြစ် တခြားဟင်းတွေနဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီ။

Source: Sidechef

Share

Loading Next Article...
က္က