အိမ်မှာ ရွှေဖရုံသီးဟင်း ချက်စားပြီးရင် အစေ့တွေကို လွှင့်မပစ်ကြနဲ့နော်။

အိမ်မှာ ရွှေဖရုံသီးဟင်း ချက်စားပြီးရင် အစေ့တွေကို လွှင့်မပစ်ကြနဲ့နော်။ ဖရုံစေ့ကို ဒယ်အိုးပူထဲမှာ အိုးကင်းပူတိုက်ပြီး လှော်ထားတဲ့ ဖရုံစေ့လှော်လေးတွေဟာ ဝါးလို့ကောင်းရုံတင်မက ကျန်းမာရေး အကျိုးကျေးဇူးတွေကိုလည်း ဖြည့်စွမ်းပေးနိုင်ပါတယ်။ ဖရုံစေ့လှော်ကို နေ့စဉ်စားပေးသင့်တဲ့ အကြောင်းရင်းတွေကို သိချင်ရင်တော့ ဆက်ဖတ်ကြည့်ပေးကြပါဦး။

၁။ ကိုလက်စ်ထရောကို ထိန်းချုပ်ပေးနိုင်တယ်

pumpkin-seeds-fb.jpg 

Phytosterol နဲ့ အိုမီဂါသရီး ဖက်တီးအက်ဆစ်တွေဟာ ဖရုံစေ့ထဲမှာ ကြွယ်ဝစွာပါဝင်ပြီး LDL ကိုလက်စ်ထရော လယ်ဗယ်နဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ အဲဒီဒြပ်ပေါင်းတွေဟာ သွေးခဲခြင်းကိုလည်း တားဆီးပေးတဲ့အတွက် နှလုံးသွေးကြောကျဉ်း ရောဂါ မဖြစ်စေနိုင်ပါဘူး။ ရလဒ်အနေနဲ့ နှလုံးရောဂါနဲ့ လေဖြတ်လေငန်း ရောဂါတွေကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။

၂။ Antioxidant ကြွယ်ဝတယ်

20171031-pumpkin-seeds-vicky-wasik-1500x1125.jpg 

ဖရုံစေ့ထဲမှာ Lignan ဆိုတဲ့ ဒြပ်ပေါင်းအပါအဝင် ကင်ဆာကို တိုက်ဖျက်နိုင်တဲ့ ပါဝင်ပစ္စည်းတွေ ပါဝင်ပါတယ်။ အဲဒီဒြပ်ပေါင်းတွေဟာ Free radical တွေကို တိုက်ဖျက်ပေးနိုင်တဲ့ antioxidant အဖြစ် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒီတော့ ဆဲလ်လုပ်ဆောင်မှုစနစ်ကို ပိုမိုကောင်းမွန်စေပြီး ကင်ဆာရောဂါ အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။

၃။ အိပ်စက်ခြင်းကို ပိုမိုကောင်းမွန်စေတယ်

roasted-pumpkin-seeds-horiz-a-1500.jpg 

အလုပ်များလွန်းတဲ့ တစ်နေ့တာကြောင့် ပင်ပန်းနွမ်းနယ်ပြီး စိတ်ဖိစီးမှု များပြားနေသလို ခံစားနေရရင် ဖရုံစေ့လှော်လေးတွေ ဝါးပေးပြီး အိပ်ပျော်စားဝင်အောင် ပြန်လည်ဖန်တီးနိုင်ပါတယ်။ ဖရုံစေ့ထဲမှာ မဂ္ဂနီစီယမ်နဲ့ ထရွိုင်တိုဖန်းလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ အဲဒီသတ္ထုဓာတ်တွေက အိပ်စက်ခြင်းကို လှုံ့ဆော်ပေးနိုင်တဲ့ အာဟာရဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ပင်ပန်းနေရင် ဖရုံစေ့လှော်လေးသာ ကောက်ဝါးကြည့်လိုက်ပါ။

၄။ ဆီးကြိတ်ကျန်းမာရေးကို အထောက်အကူပြုတယ်

4565825.jpg 

အမျိုးသားတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ဇင့်ဓာတ်ပါဝင်မှု များပြားခြင်းကြောင့် ဆီးကြိတ်ရောင်ရမ်းခြင်း ဝေဒနာကို ခံစားနေရပြီဆိုရင် ဖရုံစေ့လှော်လေးကိုသာ စားပေးကြည့်ပါ။ ဖရုံစေ့က ဆီးကြိတ်ကျန်းမာရေးကို ကောင်းမွန်စေပြီး ကင်ဆာဖြစ်စေမဲ့ အန္တရာယ်မှ ကာကွယ်ပေးနိုင်ပါတယ်။ နောက်ပြီး အမျိုးသားတွေမှာ ဇင့်ဓာတ်နည်းပါးရင်လည်း လိင်စိတ်ဟော်မုန်း လယ်ဗယ်ကို လျော့ကျစေနိုင်ပါတယ်။ ဖရုံစေ့စားပေးခြင်းက အမျိုးသားတွေမှာ လိင်စိတ်ကျန်းမာရေးကို အားကောင်းစေနိုင်ပါသေးတယ်။

၅။ ဆံပင်သန်စေတယ်

Skillet-Toasted-Pumpkin-Seeds-recipe.jpg 

လေ့လာမှုတွေအရ ဖရုံစေ့ဆီက ဆံပင်မသန်တဲ့ အမျိုးသားတွေကို ဆံသားပြန်လည် သန်စွမ်းလာစေနိုင်ပါတယ်။ တကယ်တော့ အမျိုးသားတွေ ထိပ်ပြောင်ရခြင်းက androgen ဆိုတဲ့ ဟော်မုန်း နည်းပါးမှုကြောင့်လို့ သုတေသီတွေက အဖြေထုတ်ထားပါတယ်။ ဖရုံစေ့ထဲမှာ ပါဝင်တဲ့ အဆီဓာတ်ကတော့ အမျိုးသားတွေမှာ androgen ဟော်မုန်းကို တိုးပွားစေပါတယ်။ ဒါကြောင့် ထိပ်ပြောင်နေသူများ ဆံပင်ပြန်သန်ချင်ရင် ဖရုံစေ့လက်တစ်ဆုပ်ကို နေ့တိုင်းစားပေးပါ။

Source: Organicfacts

Share

Loading Next Article...
က္က