သရက်သီးပေါ်ချိန်လည်း ရောက်နေပြီဆိုတော့ သရက်သီးလေးကို အုန်းနို့နဲ့ ရောပြီး ပင်စိမ်းစေ့လေးတွေနဲ့ ရောစပ်ထားတဲ့ ဖျော်ရည်လေးတစ်ခွက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဘာလိုလိုနဲ့ ဆောင်းအကုန်၊ နွေအကူး ကိုးလိုးကန့်လန့် အချိန်ကို ရောက်လာပါပြီ။ အပြင်ထွက်ရင် နေရှိန်ကလည်း ပိုပြင်းစပြုလာပြီး လေရူးတွေလည်း တိုက်ခတ်စပြုနေပါပြီ။ ဒီလိုအချိန်မျိုးကို ရင်ဆိုင်အံတုဖို့ဆိုတာ ဖျော်ရည်အေးအေးလေး တစ်ခွက်တော့ လိုနေပါပြီ။ ရယ်ဒီမိတ်ဖျော်ရည်ဘူးတွေက ဓာတုပစ္စည်းတွေနဲ့ ဆိုးဆေးပါဝင်မှု များပြားတဲ့အတွက် သောက်သုံးရန် မသင့်တော်ပါဘူး။

 

ဒီတော့ သရက်သီးပေါ်ချိန်လည်း ရောက်နေပြီဆိုတော့ သရက်သီးလေးကို အုန်းနို့နဲ့ ရောပြီး ပင်စိမ်းစေ့လေးတွေနဲ့ ရောစပ်ထားတဲ့ ဖျော်ရည်လေးတစ်ခွက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ချိုချိုချဉ်ချဉ် အရသာလေးနဲ့ အမူးအမော်ပြေတဲ့အပြင် ပင်ပွားစေ့ရဲ့ သဘာဝ တထုတ်ထုတ်အရသာက ဖျော်ရည်ကို ပိုပြီးသောက်လို့ ကောင်းစေမှာပါ။

ပါဝင်ပစ္စည်းများ

mango-chia-seed-breakfast-drink-recipe.1024x1024-1.jpg 

ပါဝင်ပစ္စည်းအဖြစ် အုန်းနို့ (၁) ခွက်၊ (သွေးတိုးတတ်ရင် အုန်းနို့အစား နွားနို့၊ ဒိန်ချဉ်၊ ပဲနို့ စတာတွေကိုလည်း အသုံးပြုနိုင်ပါတယ်။) ပင်ပွားစေ့ လက်ဖက်ရည်ဇွန်း (၂) ဇွန်းစာ၊ ပျားရည် (၁) ဇွန်း၊ သရက်သီးမှည့်အနှစ် (၁) လုံးစာတို့ ပါဝင်ပါတယ်။

ပြုလုပ်နည်း

mango-chia-seed-breakfast-drink-recipe.1024x1024-3.jpg 

အရင်ဆုံး ပင်ပွားစေ့ရယ်၊ ပျားရည်ရယ်၊ အုန်းနို့ (နွားနို့ (သို့) ပဲနို့ (သို့) ဒိန်ချဉ်) ရယ်ကို ပန်းကန်လုံးတစ်လုံးထဲမှာ ရေထည့်လိုက်ပါ။ ပြီးရင် ရေခဲသေတ္တာထဲမှာ (၁၀) မိနစ်ခန့် ထည့်ထားပြီး အအေးဓာတ်နဲ့ ပါဝင်ပစ္စည်း အရသာတွေ ပျော်ဝင်သွားအောင် စောင့်ကြည့်ပေးလိုက်ပါ။

သရက်သီးမှည့် (၁) လုံးစာကိုတော့ သရက်သီးအသားတွေချည်း လှီးထုတ်ပြီး Blender (မွှေစက်) ထဲ ထည့်မွှေလိုက်ပါ။ ပြီးရင်တော့ ရလာတဲ့ သရက်သီးအနှစ်ကို ဖန်ခွက်တစ်ဝက်ခန့်ပြည့်အောင် လောင်းထည့်လိုက်ပါ။

ပြီးရင်တော့ အပေါ်ကနေ အုန်းနို့နဲ့ ပင်ပွားစေ့အရောကို လောင်းထည့်လိုက်ပါ။ သဘာဝကျကျ အအေးဓာတ်ကို ရရှိစေနိုင်ဖို့ ဖျော်ရည်ဖန်ခွက်လေးကို ရေခဲသေတ္တာထဲမှာ အနည်းဆုံး နာရီဝက်ခန့် အအေးခံပေးလိုက်ပါ။ ပြီးရင်တော့ အရသာရှိတဲ့ ချိုချိုမွှေးမွှေး ပင်ပွားသရက်သီးဖျော်ရည်လေးကို သောက်သုံးနိုင်ပါပြီနော်။

Source: Myfoodstory

Share

Loading Next Article...
က္က