ငှက်ပျောသီးအရသာ ချိုချိုလေးနဲ့ ချိစ်အရသာ ဆိမ့်ဆိမ့်လေးကို ပေါင်းစပ်ထားတဲ့ ငှက်ပျောသီးချိစ်ကိတ်လေးကို ကိုယ်တိုင်လုပ်စား ကြည့်ရအောင်။

ချိစ်ကိတ်ကြိုက်ကြလား။ ဒိန်ခဲအရသာ  ဆိမ့်ဆိမ့်လေးနဲ့ စားလို့ကောင်းပြီး ကော်ဖီပူပူလေးနဲ့ တွဲဖက်လိုက်ရင် အလိုက်ဖက်ဆုံး အစားအစာပါပဲ။ ဒီနေ့မှာတော့ ချိစ်ကိတ်ကိုမှ ငှက်ပျောသီးနဲ့ ပေါင်းစပ်ပြုလုပ်ထားတဲ့ ငှက်ပျောသီး ချိစ်ကိတ်လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ ငှက်ပျောသီးအရသာ ချိုချိုလေးနဲ့ ချိစ်အရသာ ဆိမ့်ဆိမ့်လေးကို ပေါင်းစပ်ထားတဲ့ ငှက်ပျောသီးချိစ်ကိတ်လေးကို ကိုယ်တိုင်လုပ်စား ကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

exps11685_FFWM1814242D244_WEB.jpg 

ဗနီလာခရင်မ် ကွတ်ကီး အခု (၂၀)၊ ထောပတ် (၅၀) ဂရမ်၊ ခရင်မ်ချိစ် (၇၅၀) ဂရမ်၊ သကြား (၂/၃) ခွက်၊ ပြောင်းဖူးကော်မှုန့် (၂) ဇွန်း၊ ကြက်ဥ (၃) လုံး၊ ဗနီလာအနှစ် (၂) ဇွန်း၊ Whipping cream (၁/၂) ခွက်၊ ငှက်ပျောသီး (၄) လုံးခန့်ကို ဖိခြေထားတဲ့ ငှက်ပျောအနှစ် (၁) ခွက်တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

Screenshot-2018-2-15 Banana Cream Pie Cheesecake(1).png 

အရင်ဆုံး ပန်းကန်လုံးတစ်လုံးထဲမှာ ခြေမွထားတဲ့ ဗနီလာခရင်မ် ကွတ်ကီးတွေနဲ့ ထောပတ်ကို ရောပြီး မွှေပေးလိုက်ပါ။ မွှေပေးရာမှာ ထောပတ်ရည်နဲ့ မုန့်ချပ်လေးတွေ လုံးဝရောသွားပြီး မုန့်နှစ် ဖြစ်သွားသည်အထိ မွှေပေးလိုက်ပါ။

မုန့်ဖုတ်စက္ကူတွေ ခင်းထားတဲ့ သံဖြူခွက်တစ်လုံးထဲမှာ ကွတ်ကီးမုန့်နှစ်ကိုထည့်ပြီး တင်ထားလိုက်ပါ။ ပြီးတော့ ဋ္ဌာပနာလုပ်နေချိန်မှာ မုန့်နှစ်ကို ရေခဲသေတ္တာထဲမှာ အအေးခံထားပေးလိုက်ပါ။

 

ခရင်မ်ချိစ်ကိုတော့ ပျစ်သွားသည်အထိ ခက်ရင်းတစ်ချောင်းနဲ့ ခလောက်ပေးလိုက်ပါ။ ပြီးရင်တော့ ရလာတဲ့ ခရင်မ်ချိစ်အနှစ်ထဲကို သကြား၊ ပြောင်းဖူးကော်မှုန့်နဲ့ ကြက်ဥတို့ကို ပေါင်းထည့်ပြီး မွှေပေးလိုက်ပါဦး။

ခရင်မ်ချိစ်အနှစ်ထဲမှာ Whipping Cream ရယ်၊ ဗနီလာအနှစ်ရယ်၊ ငှက်ပျောသီးအနှစ်ရယ်ကို ရောထည့်ပြီး ပါဝင်ပစ္စည်းအားလုံး ချောမွေ့သွားသည်အထိ မွှေပေးလိုက်ပါ။

 

ပြီးရင်တော့ ခရင်မ်အနှစ်တွေကို မုန့်နှစ်ပေါ်မှာ လောင်းထည့်လိုက်ပြီး အပူချိန် (၁၈၀) ဒီဂရီဆဲလ်စီးယပ်စ်ရှိတဲ့ မုန့်ဖုတ်မီးဖိုထဲမှာ (၁၅) မိနစ်ခန့် ထည့်ဖုတ်ပေးလိုက်ပါ။ ပြီးရင်တော့ ရလာတဲ့ ငှက်ပျောသီးချိစ်ကိတ်လေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Sidechef

Share

Loading Next Article...
က္က