ပေါက်စီကို ဆိုင်မှာအလွယ်တကူ ဝယ်စားနိုင်တယ် ဆိုပေမဲ့လည်း အိမ်မှာကိုယ်တိုင် လုပ်စားရတာက ပိုကောင်းတာပေါ့။

တရုတ်ရိုးရာ အစားအစာ တစ်မျိုးဖြစ်တဲ့ ပေါက်စီဟာ နာမည်ကျော် မုန့်ပဲသွားရည်စာ တစ်မျိုးပါ။ ပေါက်စီပူပူလေး တစ်လုံးကို ရာသီမရွေး၊ ဥတုမရွေး စားသုံးကြပါတယ်။ ပေါက်စီကို ဆိုင်မှာအလွယ်တကူ ဝယ်စားနိုင်တယ် ဆိုပေမဲ့လည်း အိမ်မှာကိုယ်တိုင် လုပ်စားရတာက ပိုကောင်းတာပေါ့။ ပေါက်စီချစ်သူတွေအတွက် ပေါက်စီလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

chopped-vegetables-590x442.jpg 

ပေါက်စီမုန့်သား ပြုလုပ်ဖို့အတွက် ဂျုံမှုန့်အနည်းငယ်၊ တစေး၊ ရေ၊ ဆား၊ သကြားနဲ့ ဟင်းသီးဟင်းရွက်ဆီတို့ကို လိုအပ်ပါတယ်။ ဋ္ဌာပနာလုပ်ဖို့ အတွက်ကတော့ ဝက်သား (၁၀) သားခန့်၊ ပဲငံပြာရည်၊ နှမ်းဆီ၊ သကြား၊ ငရုပ်ကောင်းမှုန့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ သခွားဖရုံသီး၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်၊ မှိုတို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

rised-to-double-590x442.jpg 

အရင်ဆုံး ပေါက်စီလုပ်ဖို့အတွက် မုန့်နှစ်ကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဇလုံတစ်လုံးထဲမှာ ရေနွေး (၁) ခွက်ရယ်၊ တစေး (၂) ဇွန်းရယ်၊ ဆား (၁/၂) ဇွန်းရယ်၊ ဟင်းချက်ဆီ (၂) ဇွန်းရယ်၊ သကြား (၁) ဇွန်းရယ်ကို ထည့်ပြီး သမအောင်မွှေပေးလိုက်ပါ။ ပြီးရင် တစေးရေထဲကို ဂျုံမှုန့် (၃) ခွက်စာခန့်ကို ရောပေးလိုက်ပြီး သစ်သားဇွန်းတစ်ချောင်းနဲ့ မွှေပေးလိုက်ပါ။ ပြီးရင်တော့ မုန့်နှစ်ရုပ်လုံးပေါ်အောင် (၂) မိနစ်၊ (၃) မိနစ်ခန့် နယ်ပေးလိုက်ပါ။

 

နွေးထွေးတဲ့ နေရာတစ်နေရာမှာ မုန့်နှစ်ပန်းကန်ကို ထားလိုက်မယ်ဆိုရင် မုန့်နှစ်အရွယ်အစားက (၂) ဆခန့် ပွတက်လာပါလိမ့်မယ်။ မုန့်နှစ်ပွလာပြီဆိုရင်တော့ မလိုလားအပ်တဲ့ ဓာတ်ငွေ့တွေ ထွက်သွားအောင် (၁) မိနစ်ခန့် ထပ်နယ်ပေးလိုက်ပါဦး။ ပြီးရင်တော့ ပူနွေးစွတ်စိုတဲ့ နေရာမှာ အဖုံးပိတ်ပြီး မိနစ် (၃၀) ခန့် ထားပေးလိုက်ပါ။

မုန့်နှစ်စိမ်ထားချိန်မှာ ဋ္ဌာပနာကို လုပ်နိုင်ပါတယ်။ ဋ္ဌာပနာလုပ်ဖို့အတွက် ကြက်သွန်နီလှီးပြီးသား (၁) ပန်းကန်၊ မုန်လာဥနီလှီးပြီးသား (၁/၂) ပန်းကန်၊ သခွားဖရုံသီး လှီးပြီးသား (၁) ပန်းကန်ခွဲ၊ ကြက်သွန်မြိတ်လှီးပြီးသား (၁) ပန်းကန်ခွဲ၊ မှိုဖြူလှီးပြီးသား (၂) ပန်းကန်တို့ကို ပန်းကန်တစ်လုံးထဲမှာ ရောထည့်လိုက်ပါ။

 

ပါဝင်ပစ္စည်းအားလုံး ကို ဆား (၁) ဇွန်းဖြူးပြီး လက်နဲ့ပဲ နယ်ပေးလိုက်ပါ။ ပြီးရင်တော့ (၁၀) မိနစ်၊ (၁၅) မိနစ်ခန့် ဘေးခနဖယ်ထားလိုက်ပါ။ ပြီးရင်တော့ အဝတ်ပါးလေးတစ်ခုထဲထည့်ညှစ်ပြီး ရေစစ်ထုတ်ပေးလိုက်ပါ။ တခြားဇလုံတစ်လုံးထဲမှာတော့ ဝက်သား (၁၄) အောင်စရယ်၊ ပဲငံပြာရည် (၁) ဇွန်းရယ်၊ ကြက်သွန်ဖြူ (၂) တောင့်ရယ်၊ နှမ်းဆီ (၁) ဇွန်းရယ်၊ ငရုပ်ကောင်းမှုန့် (၁/၂) ဇွန်းရယ်ကို လက်နဲ့ပဲ ရောနယ်ပေးလိုက်ပါ။

ပြီးရင်တော့ ဒယ်အိုးပြားတစ်လုံးထဲမှာ ဟင်းချက်ဆီ (၁) ဇွန်းကိုထည့်ပြီး အသီးအရွက်တွေကို အရင်ကြော်ပေးလိုက်ပါ။ (၃) မိနစ်ခန့် ကြော်ပြီးရင် ဇလုံထဲကို ပြန်ပြောင်းထည့်ပေးလိုက်ပါ။ ပြီးရင်တော့ အဲဒီဒယ်အိုးပြားထဲမှာပဲ ဝက်သားတွေကို (၃) မိနစ်ခန့် ပြန်ကြော်ပေးလိုက်ပါ။ ပြီးရင်တော့ အဲဒီဝက်သားတွေကို အသီးအရွက်ဇလုံထဲထည့်ပြီး ရောနယ်ပေးလိုက်ပါ။ ပြီးရင်တော့ ပေါက်စီစလုပ်နိုင်ပါပြီ။

 

အရင်ဆုံး မုန့်နှစ်ကို (၁၆) ခု ခွဲထုတ်လိုက်ပါ။ ပြီးရင် မုန့်နှစ်တစ်ခုကို ယူထုတ်လိုက်ပြီး သစ်သားဘုတ်ပြားပေါ်မှာ တင်ပေးလိုက်ပြီး ဒလိမ့်တုံးနဲ့ လှိမ့်ပေးလိုက်ပါ။ ဒါဆိုရင် အချင်း (၄) လက်မ ခန့်ရှိတဲ့ မုန့်နှစ်ပြားလေးကို ရရှိလာပါလိမ့်မယ်။ အဲဒီမုန့်နှစ်ပြားလေးကို လက်ဝါးပေါ်မှာတင်ပြီး အသား-အသီးအရွက်လေးတွေကို အလည်ဗဟိုမှာ ထည့်ပေးလိုက်ပါ။ ပြီးရင် မုန့်နှစ်လေးကို အလယ်ဗဟိုက ဋ္ဌာပနာကို ခြုံငုံမိသွားအောင် အသာလေးလိပ်တင်လိုက်ပါ။ ဒါဆိုရင်တော့ ပေါက်စီတစ်လုံးကို ပုံဖော်လို့ ပြီးပါပြီ။

 

ကျန်နေသေးတဲ့ မုန့်နှစ်တွေကိုလည်း အထက်ပါလုပ်ဆောင်မှုအတိုင်း လုပ်ဆောင်ပေးလိုက်ပါ။ နောက်ဆုံးမှာ ပေါက်စီအကြမ်း (၁၆) လုံး ရပါလိမ့်မယ်။ ပေါက်စီလေးတွေရဲ့ အောက်ခြေမှာတော့ စက္ကူစလေးတွေ ခံထားပေးလိုက်ပါဦး။

 

ပေါင်းအိုးထဲမှာ ရေ (၆) ခွက်၊ (၇) ခွက်ခန့်ထည့်ပြီး မီးအပူပေးလိုက်ပါ။ ပြီးရင် ပေါက်စီလေးတွေကို ဇကာပေါက်ပါတဲ့ ဗန်းပေါ်မှာ တစ်လုံးချင်းစီ လိုက်တင်ပေးလိုက်ပါ။ ပြီးရင် ပေါက်စီလေးတွေကို မိနစ် (၄၀) ဝန်းကျင် ပေါင်းပေးနိုင်ပါပြီ။ ပြီးရင်တော့ ရလာတဲ့ ပေါက်ဆီလေးတွေကို မိမိစိတ်တိုင်းကျ သုံးဆောင်နိုင်ပါပြီ။

Source: Maangchi

Share

Loading Next Article...
က္က