ဒီနှမ်းစေ့ယာဂုဟာ ကိုရီးယားအစားအစာလေးဖြစ်ပြီး ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။

ဒီနေ့မှာတော့ ရာသီမရွေး စားသုံးနိုင်တဲ့ ယာဂုပျစ်ပျစ်လေး တစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော်။ အဲဒါကတော့ နှမ်းစေ့ယာဂုပါပဲ။ ဒီနှမ်းစေ့ယာဂုဟာ ကိုရီးယားအစားအစာလေးဖြစ်ပြီး ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။ နှမ်းစေ့ကို ကိုယ်တိုင်လှော်ပြီး အသုံးပြုရင် ပိုမိုလတ်ဆတ်တဲ့ အရသာကို ရရှိစေနိုင်ပြီး သောက်လို့ပိုကောင်းပါတယ်။ နှမ်းစေ့ယာဂု ပူပူလေးကို ကိုယ်တိုင် ကျိုသောက်ချင်ရင်တော့ ပြုလုပ်နည်းလေးကို အောက်မှာဆက်ဖတ် ကြည့်ဦးနော်။

ပါဝင်ပစ္စည်းများ

index.jpg 

ပါဝင်ပစ္စည်းအဖြစ် နှမ်းစေ့အမဲ (၂) ဇွန်း၊ ဆန်မှုန့်ချို (၃) ဇွန်း၊ ရေ (၁) ခွက်ခွဲ၊ ဆား (၁/၂) ဇွန်း၊ ဆီးသီးခြောက်အနည်းငယ်၊ ဖရုံစေ့အနည်းငယ် တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

 

အရင်ဆုံး နှမ်းစေ့အမဲကို ဇကာထဲမှာထည့်ပြီး ရေဘုံဘိုင်အောက်က ရေနဲ့ပဲ ဆေးကြောသန့်စင်ပေးလိုက်ပါ။ ပြီးရင် နှမ်းစေ့တွေကို ရေစစ်ပေးလိုက်ပြီး အောက်ခံထူထူနဲ့ အိုးတစ်လုံးထဲမှာ ထည့်ထားပေးလိုက်ပါ။ ပြီးရင်တော့ မီးပြင်းပြင်းနဲ့ မီးဖိုပေါ်မှာတင်ပြီး သစ်သားယောက်မတစ်ချောင်းနဲ့ မိနစ်အနည်းငယ်ကြာအောင် မွှေပေးလိုက်ပါ။

 

နှမ်းစေ့လေးတွေ တဖောက်ဖောက်မြည်သံ ထွက်လာပြီဆိုရင်တော့ အပူချိန်ကိုလျှော့ချလိုက်ပြီး နှမ်းစေ့လေးတွေ ကြွပ်ရွလာသည်အထိ မွှေပေးလိုက်ပါ။

နှမ်းစေ့လှော်ပြီးသွားရင် နှမ်းစေ့လှော်တွေကို ရေ (၁/၂) ခွက်နဲ့ရောပြီး (၁) မိနစ်ခန့် မွှေပေးလိုက်ပါ။ (၁) မိနစ်မွှေပြီးပြီဆိုရင် ရေနောက်တစ်ခွက် ထပ်ရောပြီး နောက်ထပ်တစ်မိနစ်ခန့် ထပ်မွှေပေးလိုက်ပါ။

 

နှမ်းစေ့ကျိုလေးထဲကို ဆန်မှုန့်လှော် (၃) ဇွန်းကိုလည်း ထည့်ပေးလိုက်ပါဦ။ ပြီးရင် သစ်သားယောက်မနဲ့ မွှေပေးနေလိုက်ပါ။ အပူချိန် မီးပြင်းပြင်းပေးလိုက်ပါ။ Medium high အပူချိန်နဲ့ ပွက်ပွက်ဆူလာသည်အထိ (၃) မိနစ်ခန့် ပြုတ်ပေးနေလိုက်ပါ။

 

(၃) မိနစ်ပြည့်ရင် အပူချိန်ကိုလျှော့ချပြီး နောက်ထပ် (၅) မိနစ်ခန့် မွှေပေးလိုက်ပါ။ အရင်ကလောက် မပျစ်တော့ဘဲ သောက်လို့ကောင်းရုံ အနေအထားရောက်သွားပြီဆိုရင် ဆားလေးနည်းနည်းရောပြီး မွှေပေးလိုက်ပါဦး။ ပြီးရင်တော့ ပန်းကန်တစ်လုံးထဲထည့်ပြီး သောက်သုံးနိုင်ပါပြီ။ အပေါ်ကနေ ဆီးသီးခြောက်နဲ့ ဖရုံစေ့နည်းနည်းအုပ်ပြီး ပူပူနွေးနွေးလေး သုံးဆောင်နိုင်ပါပြီနော်။

Source: Maangchi

Share

Loading Next Article...
က္က