အမဲသားဟာ သွေးအားကောင်းစေပြီး လူ့ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ အာဟာရနဲ့ သတ္ထုဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ အသားတစ်မျိုးပါ။

အမဲသားဟာ သွေးအားကောင်းစေပြီး လူ့ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ အာဟာရနဲ့ သတ္ထုဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ အသားတစ်မျိုးပါ။ ဒီနေ့မှာတော့ အမဲသားကို ပေါင်းအိုး (Pressure Cooker) ထဲမှာ ထည့်ပေါင်းပြီး ချက်ထားတဲ့ အမဲသားစတူးဟင်းကို အာလူးထောင်း (mashed potato) လေးနဲ့ တွဲဖက်စားသုံးနိုင်တဲ့ နည်းလမ်းလေးကို ဖော်ပြသွားမှာပါ။

ပါဝင်ပစ္စည်းများ

Easy-Instant-Pot-Beef-Stew-Pressure-Cooker-Recipe-1.jpg 

ထောပတ် (၁) ဇွန်း၊ အမဲသား (၁) ပေါင်ခန့်၊ ဆား (၁/၂) ဇွန်း၊ ငရုပ်ကောင်းမှုန့်  (၁/၂) ဇွန်း၊ ကြက်သွန်နီအသေး (၂) လုံးခန့်၊ ကြက်သွန်ဖြူထောင်း (၁) ဇွန်း၊ မုန်လာဥနီ (၂) လုံး၊ တရုတ်နံနံကြီး (၁/၂) ခွက်၊ မှို (၃/၄) ခွက်၊ အာလူး (၂) လုံး (၃) လုံးခန့်၊ Worcestershire Sauce (၂) ဇွန်းခန့်၊ ခရမ်းချဉ်သီးအနှစ် (၂) ဇွန်းခန့်၊ ကြက်သားစွပ်ပြုတ် (၁) ခွက်၊ ဂျုံမှုန့် (၂) ဇွန်းတို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

 

အရင်ဆုံး Pressure Cooker (ပေါင်းအိုး) ထဲမှာ ထောပတ်တစ်ဇွန်းထည့်ပြီး အရည်ပျော်သည်အထိ အပူပေးလိုက်ပါ။ ပြီးရင် တုံးတစ်ထားတဲ့ အမဲသားတုံးလေးတွေကိုထည့်ပြီး မွှေပေးလိုက်ပါ။ ခနကြာရင် ဆားနဲ့ ငရုပ်ကောင်းမှုန့်ကိုပါ ထည့်ပြီး သစ်သားယောက်မနဲ့ မွှေပေးလိုက်ပါ။ အမဲသားတွေ မြန်မြန်ကျက်စေချင်ရင်တော့ ယောက်မနဲ့ အရမ်းမမွှေဘဲ ဒီတိုင်းနှပ်ထားပေးလိုက်ပါ။

 

ခနနေရင် ကြက်သွန်ဖြူထောင်းနဲ့ ပါးပါးလှီးထားတဲ့ ကြက်သွန်နီဖတ်လေးတွေကို ထည့်ပြီး မွှေပေးလိုက်ပြီး (၂) မိနစ် (၃) မိနစ်ခန့် မွှေပေးလိုက်ပါ။ ပြီးရင်တော့ မုန်လာဥနီရယ်၊ တရုတ်နံနံရယ်၊ မှိုဖတ်လေးတွေရယ်၊ အာလူးဖတ်တွေရယ်၊ worcestershire sauce ရယ်၊ ခရမ်းချဉ်သီးအနှစ်ရယ်၊ ဆားနည်းနည်းရယ်၊ ကြက်သားစွပ်ပြုတ်ရည်ရယ်ကိုပါ ရောထည့်ပေးလိုက်ပါ။ ပြီးရင် Pressure Cooker (ပေါင်းအိုး) အဖုံးကိုပိတ်ပြီး (၃၅) မိနစ်ခန့် ပေါင်းပေးလိုက်ပါ။

Timer ပြည့်သွားရင်တော့ အမဲသားစတူးဟင်းလေး ချက်ပြုတ်ပြီးစီးပါပြီ။ ပြီးရင် ပေါင်းအိုးထဲက pressure ကို (၁၀) မိနစ်ခန့် ထွက်သွားစေပြီးရင်တော့ ဟင်းပွဲချက်ပြုတ် ပြီးစီးလုနီးပါပြီ။

 

စွပ်ပြုတ်ရည်ထဲမှာ ဂျုံမှုန့်နည်းနည်းရောထည့်ပြီး အမဲသားစတူးဟင်းထဲ ထည့်လိုက်ပါ။ ပြီးရင်တော့ အဖုံးပြန်ပိတ်ပြီး (၅) မိနစ်ခန့် ပေါင်းပေးလိုက်ပါဦး။ ပြီးရင်တော့ အာလူးထောင်း (Mashed Potatoes) ပေါ်မှာဆမ်းပြီး စားသုံးနိုင်ပါပြီ။

အာလူးထောင်းလုပ်နည်းကတော့ လွယ်ပါတယ်။ အနေတော် အာလူး (၃) လုံးခန့်ကို ရေနွေးထဲမှာ ထည့်ပြုတ်ပြီး အခွံခွာပေးလိုက်ပါ။ ပြီးရင်တော့ အာလူးပြုတ်ကို ပန်းကန်တစ်လုံးထဲမှာ ကြက်ဥခလောက်တံနဲ့ ဖိခြေပေးလိုက်ရင်တော့ အာလူးထောင်း (mashed potatoes) ကို ရရှိပါပြီနော်။

Source: Myfoodstory

Share

Loading Next Article...
က္က