ဆီးလမ်းကြောင်းနဲ့ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို စစ်ထုတ်ပေးရာမှာ အရေးပါတဲ့ ကျောက်ကပ်ကလည်း အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။

လူ့ခန္ဓာကိုယ်ထဲမှာ အရေးပါတဲ့ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းတွေ အများကြီးရှိပါတယ်။ အဲဒီထဲမှာ ဆီးလမ်းကြောင်းနဲ့ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို စစ်ထုတ်ပေးရာမှာ အရေးပါတဲ့ ကျောက်ကပ်ကလည်း အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ လူတစ်ယောက်မှာ ကျောက်ကပ်အလုပ်လုပ်ဆောင်မှု လုံးဝရပ်တန့်သွားပြီဆိုရင် သေဖို့ပဲ ကျန်ပါတော့တယ်။ ဒါကြောင့် ကျောက်ကပ်ကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ အစားအစာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။



၁။ ဂေါ်ဖီထုပ်

cabbage-head-18-56a8be3c5f9b58b7d0f4bdc6.jpg 

ဂေါ်ဖီထုပ်ဟာ phytochemical အပြည့်ပါဝင်တဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ ဂေါ်ဖီထုပ်ထဲမှာ ပါဝင်တဲ့ antioxidant တွေဟာ ခန္ဓာကိုယ်ကို အန္တရာယ်ပေးနိုင်တဲ့ Free radical တွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကျောက်ကပ်ကို ဒဏ်ပိစေမှာတော့ မဟုတ်ပါဘူး။ ဒါ့အပြင် ဗိုက်တာမင်နဲ့ သတ္ထုဓာတ် ကြွယ်ဝမှုဟာ ကျောက်ကပ်အားကောင်းအောင် ထောက်ပံ့ပေးနိုင်ပါတယ်။

၂။ ငရုပ်ပွသီး

ငရုပ်ပွသီးထဲမှာ ပိုတက်စီယမ် ပါဝင်မှုနည်းပါးတာကြောင့် ကျောက်ကပ်ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ဗိုက်တာမင်စီ၊ ဘီစစ်၊ အေ၊ ဖောလစ်အက်ဆစ်နဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်မှုတို့အပြင် အစားအစာကိုလည်း အရောင်အဆင်းနဲ့ အရသာကို ဖြည့်စွမ်းပေးနိုင်ပါတယ်။ ငရုပ်ပွသီးထဲမှာ ပါဝင်တဲ့ Lycopene ဆိုတဲ့ antioxidant ဟာ တချို့ကင်ဆာရောဂါတွေကိုလည်း ကာကွယ်တိုက်ထုတ်ပေးနိုင်ပါသေးတယ်။

၃။ ကြက်သွန်နီ

103.jpg 

ကြက်သွန်နီရဲ့ အခိုးအငွေ့က လူကို မျက်ရည်တောက်တောက် ကျစေနိုင်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျောက်ကပ်တွေ ပုံမှန်အလုပ်လုပ်နိုင်အောင်တော့ ကူညီပေးနိုင်ပါတယ်။ ကြက်သွန်နီထဲမှာ flavonoid နဲ့ quercetin ဆိုတဲ့ ဒြပ်ပေါင်းတွေပါဝင်ပြီး အဲဒီတွေက သွေးကြောထဲမှာ အဆီတွေဖြစ်မလာအောင် တားဆီပေးနိုင်ပါတယ်။ ကြက်သွန်နီတွေဟာ ပိုတက်စီယမ် ပါဝင်မှုနည်းပါးပြီး ကျောက်ကပ်ကို ဒဏ်ပိစေနိုင်မဲ့ ဓာတုပစ္စည်းတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

၄။ ကညွတ်

ကညွတ်ပင်ဟာ ကယ်လိုရီပါဝင်မှု နည်းပါးပြီး ဗိုက်တာမင် အေ၊ ကေ နဲ့ စီတို့ ကြွယ်ဝစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပါ။ စမ်းသပ်ချက်တွေအရ ကညွတ်ထဲမှာ ဆီးနဲ့ကျောက်ကပ် လုပ်ဆောင်မှုတွေကို ပိုမိုအားကောင်းစေတဲ့ အာဟာရဓာတ်တွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။

၅။ ကြက်သွန်ဖြူ

AN540-garlic-cutting-board-732x549-Thumb.jpg 

ကြက်သွန်နီလိုပဲ ကြက်သွန်ဖြူမှာလည်း ဆိုးဝါးတဲ့ရနံ့ တစ်မျိုး ပါရှိပါတယ်။ ဒါပေမဲ့ ကြက်သွန်ဖြူဟာ အာနိသင်ထိရောက်တဲ့ ပရဆေးတစ်မျိုးလည်း ဖြစ်နေပါသေးတယ်။ အစားအစာတွေရဲ့ အနံ့၊ အရသာကို ပိုမိုကောင်းမွန်အောင် ထောက်ကူပေးနိုင်သလိုပဲ ကျန်းမာရေးအရလည်း များစွာ အထောက်အကူပေးနိုင်ပါတယ်။ ကြက်သွန်ဖြူကို နေ့စဉ်အစားအစာထဲမှာ ထည့်သွင်းစားသုံးပေးခြင်းက ဆီးနဲ့ကျောက်ကပ်ဆိုင်ရာ ဝေဒနာတွေကို လျော့ပါးစေနိုင်ပါတယ်။

၆။ ပန်းဂေါ်ဖီ

ဗိုက်တာမင်စီ၊ ဖိုလိတ်နဲ့ အမျှင်ဓာတ်တို့ဟာ ကျောက်ကပ်နဲ့ ရင်းနှီးကျွမ်းဝင်မှုရှိတဲ့ အာဟာရဓာတ်တွေဖြစ်ပြီး အဲဒါတွေဟာ ပန်းဂေါ်ဖီထဲမှာ ကြွယ်ဝစွာပါဝင်ပါတယ်။ ပန်းဂေါ်ဖီထဲမှာ အသည်းနဲ့ ကျောက်ကပ်ကို အားပေးပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်တဲ့ function ပါဝင်ပါတယ်။

၇။ ပန်းသီး

2075_apple-628x411.jpg 

ပန်းသီးဟာ ဗိုက်တာမင်၊ သတ္ထုဓာတ်နဲ့ အမျှင်ဓာတ် ကြွယ်ဝတဲ့ ရင်းမြစ်တစ်မျိုးပါ။ ပန်းသီးထဲမှာ antioxidant နဲ့ anti-inflammatory ဂုဏ်သတ္တိတွေ ပါဝင်ပြီး မကောင်းတဲ့ ကိုလက်စ်ထရောတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ပန်းသီးစားသုံးခြင်းဟာ ကျောက်ကပ်ပြဿနာတွေကို ဖြစ်မလာအောင် ကြိုတင်တားဆီးပေးနိုင်ပါတယ်။

Source: Stylecraze


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က