ပုစွန်ကို အုန်းသီးဆံလေးတွေနဲ့ ရောနယ်ပြီး ကြော်ထားတဲ့ အုန်းသီးပုစွန် တန်ပူရာကြော် ပြုလုပ်နည်းလေးပါ။

ရေချိုပုစွန်၊ မွေးမြူရေးပုစွန်တွေကို ကျွန်တော်တို့တွေ ဟင်းချက်နည်းအမျိုးမျိုးနဲ့ ပြုလုပ်စားသုံးကြပါတယ်။ ဆီပြန်လေးပဲ ချက်စားမလား။ ကင်ပဲစားမလား။ ကြော်ပဲစားမလား။ ပုစွန်သား ချိုချိုလေးကတော့ ဘယ်လိုဟင်းချက်နည်းနဲ့မဆို လိုက်ဖက် ပနာရနေမှာပါ။ ဒီနေ့မှာတော့ ပုစွန်ကို အုန်းသီးဆံလေးတွေနဲ့ ရောနယ်ပြီး ကြော်ထားတဲ့ အုန်းသီးပုစွန် တန်ပူရာကြော် ပြုလုပ်နည်းလေးကို ဖော်ပြပေးသွားမှာပါနော်။

ပါဝင်ပစ္စည်းများ

Coconut-Shrimp-with-Thai-Chili-Ginger-Sauce-6.jpg 

ပါဝင်ပစ္စည်းတွေကတော့ ပုစွန်အကောင်ကြီးကြီး (၁၂)ကောင်ခန့်၊ အုန်းသီးခြစ်ပြီးသား အနည်းငယ်၊ ကြက်ဥ (၁) လုံး၊ ကြက်သားမှုန့်၊ ဆီ (၂) ဇွန်းခန့်၊ အကြော်မှုန့် အနည်းငယ်တို့ ဖြစ်ပါတယ်။

ပြုလုပ်နည်း

Coconut-Shrimp-II-600x900.jpg 

အရင်ဆုံး ပုစွန်ကို ရေစင်ကြယ်အောင် ဆေးကြောပြီး အကြေးခွံတွေ ချွတ်ထားပေးလိုက်ပါ။ ရေဆေးကြောပေးပြီးရင်တော့ ကြက်သားမှုန့်နဲ့ နယ်ပြီး နှပ်ပေးထားရပါမယ်။ ပုစွန်ကို ကြက်သားမှုန့်နဲ့  (၁၀) မိနစ်လောက် ကြာအောင် နှပ်ပေးရပါမယ်။ ပြီးရင်တော့ အကြော်မှုန့်ကို ပန်းကန်လွတ်တစ်ခုထဲ ထည့်ပြီး ပုစွန်တစ်ကောင်ချင်းစီကို အကြော်မှုန့်ပန်းကန်ထဲ ထည့်နယ်ပေးလိုက်ပါ။

ပြီးရင် ကြက်ဥတစ်လုံးကို ပန်းကန်လုံးထဲဖောက်ထည့်ပြီး ခလောက်ပေးလိုက်ပါ။ ကြက်ဥအနှစ်နဲ့အကာ လုံးဝသမသွားသည်အထိ သေသေချာချာ ခလောက်ပေးလိုက်ပါ။ အရမ်းကြီး ပျစ်မသွားအောင် ရေလေးနည်းနည်း ရောပေးလို့လည်း ရပါတယ်။

 

ပြီးရင်တော့ ပုစွန်တွေကို ကြက်ဥထဲ နှစ်ပြီး စိမ်ပေးရပါမယ်။ ကြက်ဥစိမ်ပေးပြီးတဲ့အခါ ပုစွန်တွေကို အုန်းသီးဖတ်နဲ့ လူးပေးပြီး ဗန်းတစ်ခုထဲမှာ စီထားပေးရပါမယ်။ ပုစွန် (၁၂)ကောင်လုံး ပြုလုပ်ပြီးတဲ့အချိန်မှာ ပုစွန်စကြော်လို့ရပါပြီ။

ပုစွန်ကြော်တဲ့နေရာမှာ မီးအပြင်းအပျော့က နည်းနည်း sensitive ဖြစ်ပါတယ်။ မီးအပူချိန်ကို အလယ်အလတ်လောက်ပဲ ထားပါ။ ပုစွန်က အကျက်မြန်တဲ့အတွက် အပူချိန်ပြင်းရင် တူးသွားတတ်ပါတယ်။ အကျက်ညီဖို့အတွက် ဟိုဘက်ဒီဘက် လှန်လှောပေးပြီး ရွှေရောင်သမ်းလာပြီဆိုရင် ပုစွန်အုန်းသီးကြော်ကို ဆယ်လို့ရပါပြီ။ ပန်းကန်ပြားတစ်ချပ်ထဲကို လှယ်ထည့်ပြီး မိမိနှစ်သက်ရာ အချဉ်နဲ့ တွဲဖက်စားသုံးနိုင်ပါပြီနော်။

Source: Justonecookbook

Share

Loading Next Article...
က္က