Hotpot သွားစားရင်လည်း အပ်မှိုဆိုတာ မပါမဖြစ်ပါပဲ။

အပ်မှိုကြိုက်တဲ့သူ ရှိကြလား။ အပ်မှိုထဲမှာ ပရိုတိန်းဓာတ်၊ ဗိုက်တာမင် ဘီဝမ်း၊ ဘီစစ်၊ ဘီနိုင်း၊ ဘီတွဲ၊ ပိုတက်စီယမ်နဲ့ အမျှင်ဓာတ်တို့ ကြွယ်ဝစွာပါဝင်ပြီး ကင်ဆာရောဂါ ကာကွယ်နိုင်တဲ့ antioxidant တစ်မျိုးလည်း ဖြစ်ပါတယ်။

 

အပ်မှိုကို ချက်စား၊ ကြော်စားလို့ရသလို ကင်စားလို့လည်း ရပါတယ်။ Hotpot သွားစားရင်လည်း အပ်မှိုဆိုတာ မပါမဖြစ်ပါပဲ။ ဒီနေ့မှာတော့ အပ်မှိုကို အမဲအသားလွှာနဲ့လိပ်ပြီး ကြော်ချက်ချက်ထားတဲ့ အမဲသားအပ်မှိုလိပ် ကြော်ချက်လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

Screenshot-2018-2-19 (4) How to Make the Best Sukiyaki Beef Rolls in 5 Minutes, CiCi Li - YouTube(1).png 

ပါဝင်ပစ္စည်းတွေကတော့ အပ်မှို (၆) အောင်စ၊ ပါးပါးလှီးထားတဲ့ အမဲသားလွှာ (၆) အောင်စ၊ ဆီ လက်ဖက်ရည်ဇွန်း (၃) ဇွန်း၊ ကြက်သွန်ဖြူ (၆) တောင့်၊ နံနံပင် (၁) စည်း၊ ပဲငံပြာရည် (၂) ဇွန်း၊ ဆန်ဝိုင် (၂) ဇွန်း၊ ဆီ (၁) ဇွန်း၊ ပြောင်းဖူးကော်မှုန့် (၁) ဇွန်း၊ ဆားနည်းနည်း၊ ငရုပ်ကောင်းမှုန့်နည်းနည်း တို့ဖြစ်ပါတယ်။

ုပြုလုပ်နည်း

Screenshot-2018-2-19 (2) How to Make the Best Sukiyaki Beef Rolls in 5 Minutes, CiCi Li - YouTube(1).png 

အရင်ဆုံး ပန်းကန်လုံးတစ်လုံးထဲမှာ ပဲငံပြာရည် (၂) ဇွန်း၊ ဆန်ဝိုင် (၂) ဇွန်း၊ ဆီ (၁) ဇွန်း၊ ပြောင်းဖူးကော်မှုန့် လက်ဖက်ရည်ဇွန်း (၁) ဇွန်းကို ရေဆတူရောထားတဲ့ ပြောင်းဖူးကော်ရည်၊ ဆားနည်းနည်း၊ ငရုပ်ကောင်းမှုန့် နည်းနည်းတို့ကို ရောထည့်ပြီး ရောသမမွှေပေးလိုက်ပါ။

အပ်မှိုလေးတွေကိုတော့ တစ်စုကို (၁၀) ပင်ခန့်ပါတဲ့ အစုလေးတွေ အရင်ခွဲပေးလိုက်ပါ။ ပြီးရင် အပ်မှိုတစ်စုကို ယူလိုက်ပြီး အမဲအသားလွှာတစ်ချပ်ပေါ်မှာ တင်ပြီး ဆူရှီလိပ်သလို လိပ်ပေးလိုက်ပါ။ အမဲအသားလွှာလေးတွေ ကုန်သည်အထိ အပ်မှိုထည့်ပြီး လိပ်ပေးလိုက်ပါ။

 

ဒယ်အိုးပြားတစ်လုံးထဲမှာ ဆီ လက်ဖက်ရည်ဇွန်း (၃) ဇွန်းကိုထည့်ပြီး အပူပေးလိုက်ပါ။ ပြီးရင် အမဲသားအပ်မှိုလိပ်လေးတွေကို တစ်လိပ်ချင်းထည့်ပြီး ကြော်ပေးလိုက်ပါ။ စက္ကန့် (၃၀) ပြည့်တိုင်း တစ်ခါထက်အောက်လှန်ပေးလိုက်ပါ။ ပြီးရင် ကြက်သွန်ဖြူ (၆) တောင့်နဲ့ ဆော့စ်ကိုလောင်းထည့်ပြီး စက္ကန့် (၃၀) ခန့် ချက်ပြုတ်ပေးလိုက်ပါ။ ပြီးရင်တော့ ပန်းကန်ပြားတစ်ချပ်ထဲ ပြောင်းထည့်ပြီး အပေါ်ကနေ နံနံပင် အုပ်ပေးလိုက်ပါ။ ပြီးရင်တော့ အမဲသားအပ်မှိုလိပ်ကြော်ချက်လေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

ှSource: CiCiLi

Share

Loading Next Article...
က္က