နာနတ်သီး လစ်မနစ်ဖျော်ရည်လေးဟာ ဗိုက်တာမင်စီ အထူးကြွယ်ဝပြီး အချဉ်ဓာတ်အားကောင်းတဲ့အတွက် အမူးအမော်ပြေစေပြီး စိတ်နဲ့ခန္ဓာကို ကြည်လင်လန်းဆန်းစေမှာကတော့ အမှန်ပါပဲ။

နွေရာသီလည်း ရောက်တော့မယ်ဆိုတော့ နေ့လည်ဘက်ဆို တော်တော်ပူနေပါပြီ။ နေရှိန်ပြင်းပြင်းနဲ့ လေပူတွေကြားမှာ ညည်းစီစီဖြစ်နေရင် စိတ်ကိုကြည်လင် လန်းဆန်းစေမဲ့ အရာတစ်ခုခုကိုတော့ လိုအပ်လာပါပြီ။ အမောလည်းပြေ၊ စိတ်လည်းကြည်၊ အမူးအမော်လည်း ပြေစေမဲ့ ဖျော်ရည်လေးတစ်ခုနဲ့ မိတ်ဆက်ပေးမယ်ဆိုရင်ကော ဘယ်လိုသဘောရလဲ။

နာနတ်သီး လစ်မနစ်ဖျော်ရည်လေးဟာ ဗိုက်တာမင်စီ အထူးကြွယ်ဝပြီး အချဉ်ဓာတ်အားကောင်းတဲ့အတွက် အမူးအမော်ပြေစေပြီး စိတ်နဲ့ခန္ဓာကို ကြည်လင်လန်းဆန်းစေမှာကတော့ အမှန်ပါပဲ။

 

နာနတ်သီးကို ဖျော်ရည်ဖျော်တော့မယ်ဆိုရင် Blender ထဲမှာ အရင်ထည့်မွှေရမှာပေါ့။ နာနတ်သီးဟာ အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးတစ်မျိုးဖြစ်တဲ့အတွက် သူ့ချည်းပဲဖျော်ရင် အရမ်းပျစ်နေမှာပါ။ ဒါကြောင့် လစ်မနစ် (Lemonade) သံပရိုရည်လေး ရောထည့်ရတာ ဖြစ်ပါတယ်။ နာနတ်သီးထဲမှာ ဗိုက်တာမင်စီအပြင် မန်းဂနိစ်၊ ဗိုက်တာမင် ဘီစစ်၊ ဘီဝမ်း၊ အမျှင်ဓာတ်၊ ဖိုလိတ်နဲ့ ကော့ပါးတို့လည်း ကြွယ်ဝစွာ ပါဝင်ပါသေးတယ်။

ဖြစ်နိုင်မယ်ဆိုရင် နာနတ်သီးလစ်မနစ် ဖျော်ရည်ထဲမှာ သကြားမထည့်သင့်ပါဘူး။ နာနတ်သီးထဲမှာ သဘာဝအချိုဓာတ် ပါဝင်ပြီးသားဖြစ်ပြီး သံပရိုသီးရဲ့ အချဉ်ဓာတ်က နာနတ်သီးရဲ့ အချိုဓာတ်ကို ပြန်ထိန်းပြီး သဘာဝအတိုင်း ချိုချိုချဉ်ချဉ် အရသာလေးကို ပေးစွမ်းနိုင်မှာပါ။

ပါဝင်ပစ္စည်းများ

pineapple-lemonade-recipe-ingredients.jpg 

ပါဝင်ပစ္စည်းတွေကတော့ အတုံးလေးတွေ တုံးတစ်ထားတဲ့ နာနတ်သီးမှည့် (၁) လုံး၊ သံပရိုသီး (၂) လုံး၊ ဘလူးဘယ်ရီသီး အနည်းငယ်၊ ရေခဲ လက်တစ်ဆုပ်စာတို့ ဖြစ်ပါတယ်။

ပြုလုပ်နည်း

pineapple-lemonade-recipe-horizontal.jpg 

အရင်ဆုံး နာနတ်သီးကို အခွံခွာ၊ မျက်စိထုတ်ပြီး အတုံးသေးသေးလေးတွေရအောင် တုံးတစ်ပေးလိုက်ပါ။ နာနတ်သီးရိုးတိုင်ကိုလည်း လှီးထုတ်ပေးလိုက်ပါ။ သံပရိုသီး (၂) လုံးကိုတော့ အရည်ညှစ်ပြီး ရလာတဲ့ သံပရိုရည်ကို ခနအအေးခံထားပေးလိုက်ပါ။

 

Blender (မွှေစက်) ထဲမှှာ နာနတ်သီးတုံးလေးတွေနဲ့ သံပရိုရည်ကိုရောပြီး မွှေပေးလိုက်ပါ။ ခနကြာရင် Blender ကို ပိတ်ပြီး ရေခဲတုံးလေးတွေကိုပါ ထည့်မွှေပေးလိုက်ပါ။ ချိုတဲ့အရသာလေး ထပ်ဆောင်းချင်ရင်တော့ ပျားရည်နည်းနည်းပါ ထည့်ပေးလို့ရပါတယ်။ ပြီးရင် ဖန်ခွက်တစ်ခွက်ထဲကို ပြောင်းထည့်ပြီး သုံးဆောင်နိုင်ပါပြီ။ ဘလူးဘယ်ရီသီးလေးတွေနဲ့ နာနတ်သီးစိတ်လေးတွေကိုတော့ Topping တင်ပေးလိုက်ပေါ့။

 

တကယ်လို့ ဖျော်ထားတာများသွားလို့ မကုန်ဘူးဆိုရင်လည်း စိတ်မပူပါနဲ့ဦး။ ဖော်ပြပါပုံထဲကအတိုင်း ရေခဲချောင်းခွက်ထဲထည့်ပြီး ရေခဲချောင်းအဖြစ် အသွင်ပြောင်း စားသုံးပေးလို့ ရပါသေးတယ်နော်။

Source: Knowyourproduce

Share

Loading Next Article...
က္က