AD
AD
AD

မလေးရှားအစားအစာ တစ်မျိုးဖြစ်တဲ့ ဆာတေးကို ကမ္ဘာတဝှမ်းလုံးမှာ နှစ်ခြိုက်စွာ စားသုံးကြပါတယ်။ ကြက်သား၊ အမဲသား၊ ဆိတ်သား စတဲ့အသားတွေကို အထူးပြုလုပ်ထားတဲ့ ဟင်းအနှစ်တွေနဲ့လူးပြီး ဝါးချောင်းလေးတွေနဲ့ တံစို့ထိုးပြီး ကင်ထားတဲ့ ဆာတေးကင်လေးတွေဟာ ဘီယာအေးအေးလေးနဲ့ တွဲဖက်ရင် အထူးလိုက်ဖက်ညီသလို ကြေးအိုးတို့၊ ဟော့ပေါ့တို့နဲ့ တွဲစားရင်လည်း ကောင်းပါတယ်။ အိမ်မှာ ပါတီပွဲလုပ်စရာရှိလို့ ဘာအစားအစာနဲ့ ဧည့်ခံရမလဲ စဉ်းစားမရတဲ့အခါ ဆာတေးကင်လေး လုပ်ကျွေးကြည့်ပါလား။

ပါဝင်ပစ္စည်းများ

play
 

ဆာတေးပြုလုပ်ဖို့အတွက် ဝါးချောင်း (၂၄) ချောင်း၊ ကြက်ရင်ပုံသား (၂) ခု၊ ဂျင်းထောင်း (၁) ဇွန်း၊ ကြက်သွန်ဖြူထောင်း (၁) ဇွန်း၊ ကြက်သွန်နီထောင်း (၂) ဇွန်း၊ မဆလာမှုန့် (၁/၂) ဇွန်း၊ နနွင်းမှုန့် (၁/၂) ဇွန်း၊ ဆား (၁/၂) ဇွန်း၊ သကြား (၁) ဇွန်း၊ ဟင်းသီးဟင်းရွက်ဆီ (၂) ဇွန်း တို့ကို လိုအပ်ပါတယ်။ မြေပဲဆော့စ် ပြုလုပ်ဖို့အတွက်တော့ မြေပဲထောပတ် (၃) ဇွန်း၊ အုန်းနို့ (၁/၂) ခွက်၊ ငံပြာရည် (၂) ဇွန်း၊ ငရုပ်ကြက်သွန်ဖြူဆော့စ် (၂) ဇွန်း၊ သံပုရာရည် (၁) ဇွန်းတို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

play
 

အရင်ဆုံး ဂျင်းထောင်း၊ ကြက်သွန်ဖြူထောင်း၊ ကြက်သွန်နီထောင်း၊ မဆလာမှုန့်၊ နနွင်းမှုန့်၊ ဆား၊ သကြားနဲ့ ဆီတို့ကို ပန်းကန်လုံးတစ်လုံးထဲမှာ ရောထည့်လိုက်ပါ။ သမအောင် မွှေပြီးရင် ဘေးခန ဖယ်ထားလိုက်ပါ။

ကြက်ရင်ပုံသားကို အတုံးလေးတွေ တုံးတစ်ပြီး ရေဆေးကြော သန့်စင်လိုက်ပါ။ ပြီးရင် ခုနက ဘေးခနဖယ်ထားတဲ့ စိမ်ရည်ထဲမှာ ကြက်သားတုံးလေးတွေကို စိမ်ပေးလိုက်ပါ။ အချိန် (၂) နာရီခန့်ကြာအောင် စိမ်ပေးလိုက်ပါ။

play

 

ကြက်သားစိမ်ထားချိန်မှာ မြေပဲထောပတ်ဆော့စ်ကို ပြုလုပ်ပေးရပါမယ်။ မြေပဲထောပတ်ရယ်၊ အုန်းနို့ရယ်၊ ငံပြာရည်ရယ်၊ ငရုပ်ကြက်သွန်ဖြူဆော့စ်ရယ်၊ သံပုရာရည်ရယ်ကို ဒယ်အိုးပြားတစ်လုံးထဲမှာ ရောထည့်လိုက်ပါ။ ပြီးရင် အပူပေးပြီး ဆူပွက်လာသည်အထိ (၂) မိနစ်ခန့် မွှေပေးလိုက်ပါ။ ပြီးရင် မီးပိတ်ပြီး ခနလောက် အအေးခံထားလိုက်ပါ။

ဝါးချောင်း (၂၄) ချောင်းကိုတော့ ရေနွေးနဲ့ မိနစ် (၂၀) ခန့် ပြုတ်ပေးထားလိုက်ပါ။ မိနစ် (၂၀) ပြည့်ရင် ဝါးချောင်းလေးတွေကိုယူပြီး ကြက်သားတုံးလေးတွေကို တစ်ချောင်းမှာ (၄) တုံးနှုန်းနဲ့ သီပေးလိုက်ပါ။ ကြက်သားတုံး အားလုံးကုန်အောင် သီပေးပြီးရင်တော့ ဘေးခနဖယ်ထားလိုက်ပါ။

play

 

မီးသွေးမီးဖိုမှာ အကင်ကင်တဲ့ ဇကာလေးတစ်ခုကိုတင်ပြီး အပေါ်ကနေ ဟင်းချက်ဆီ သုတ်လိမ်းပေးလိုက်ပါ။ ပြီးရင် ဆာတေးချောင်းလေးတွေကို တစ်ချောင်းစီလိုက်တင်ပြီး ကင်ပေးလိုက်ပါ။ (၃) မိနစ်ခန့်ကြာရင် ထက်အောက်လှန်ပေးလိုက်ပါ။ အထက်ပါပုံစံအတိုင်း ကြက်ဆာတေးလေးတွေကို မီးကင်ပေးလိုက်ပါ။ ပြီးရင်တော့ ပန်းကန်ပြားတစ်ချပ်ထဲမှာ စီထည့်ပြီး ဆော့စ်နဲ့တို့ပြီး သုံးဆောင်နိုင်ပါပြီနော်။

Source: CiCiLi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD