ကိုရီးယား အစားအစာ ပူပူစပ်စပ်ကိုမှ ခံတွင်းတွေ့ပါတယ် ဆိုသူတွေအတွက် ဒီနေ့မှာတော့ ရေဘဝဲဟင်း ပူပူစပ်စပ် ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ကိုရီးယား အစားအစာ ပူပူစပ်စပ်ကိုမှ ခံတွင်းတွေ့ပါတယ် ဆိုသူတွေအတွက် ဒီနေ့မှာတော့ ရေဘဝဲဟင်း ပူပူစပ်စပ် ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ ပြုလုပ်ရလွယ်ကူသလို ပြုလုပ်ချိန်ကလည်း နာရီဝက် မကျော်ပါဘူး။ ထမင်းပူပူလေးနဲ့ တွဲဖက်စားသုံးနိုင်သလို ဘီယာအေးအေးလေးနဲ့ တွဲဖက်ပြီး မြည်းမယ်ဆိုရင်လည်း လိုက်ဖက်တင့်တယ်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

cut-octopus-590x385.jpg 

ရေဘဝဲလက်ချောင်း (၄) အောင်စ၊ ဟင်းသီးဟင်းရွက်ဆီ (၁) ဇွန်း၊ ကြက်သွန်ဖြူ (၁) တက်၊ ရေ (၁/၄) ခွက်၊ ပဲငံပြာရည် (၁) ဇွန်း၊ ငရုပ်သီးမှုန့် (၁) ဇွန်း၊ ပြောင်းဖူးသကာရည် (၁) ဇွန်း တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

muneo-jorim-braised-octopus-xxxxxxxxxxxxxxxxxxxxxxxxxxxxxx-slice-590x389.jpg 

ဒယ်အိုးတစ်လုံးထဲကို ဟင်းချက်ဆီထည့်ပြီး Medium Heat အပူချိန်နဲ့ အပူပေးလိုက်ပါ။ ကြက်သွန်ဖြူ (၁) တက်ကို ဓားပြားရိုက်ပြီး စက္ကန့် (၃၀) ခန့် ဆီသတ်ပေးလိုက်ပါ။ ကြက်သွန်ဖြူ ဆီသတ်ပြီးရင် ရေ (၁/၄) ခွက်၊  ပဲငံပြာရည် (၁) ဇွန်း၊ ငရုပ်သီးမှုန့် (၁) ဇွန်းတို့ကို ရောထည့်ပြီး မွှေပေးလိုက်ပါ။

 

ပြောင်းဖူးသကာရည်ကိုလည်း ရောထ့ည့်ပေးပြီး မိနစ်အနည်းငယ်ကြာအောင် မွှေပေးလိုက်ပါ။ ဟင်းအနှစ် နည်းနည်းပျစ်လာပြီဆိုရင် မွှေတာကို ရပ်တန့်ပေးနိုင်ပါပြီ။ ရေဘဝဲလက်ချောင်းတွေကို သေချာစွာ ဆေးကြောသန့်စင်ပြီး တစ်ကိုက်စာအတုံးလေးတွေဖြစ်အောင် တုံးတစ်ထားလိုက်ပါ။

 

ရေဘဝဲတုံးလေးတွေကို ဟင်းအနှစ်ထဲမှာ ရောထည့်ပြီး အပူပျော့ပျော့မှာ (၇) မိနစ်၊ (၈) မိနစ်ခန့် မွှေချက်ချက်ပေးလိုက်ပါ။ ဟင်းအနှစ်ခမ်းသွားသည်အထိ သစ်သားယောက်မနဲ့ မွှေပေးနေလိုက်ပါ။ ဒါဆိုရင်တော့ ရေဘဝဲဟင်း ပူပူစပ်စပ်လေး အသင့်ဖြစ်ပါပြီ။ ပန်းကန်ပြားတစ်ချပ်ထဲကို လှယ်ထည့်ပြီး စိတ်တိုင်းကျသုံးဆောင်နိုင်ပါပြီနော်။

ှSource: Maangchi

Share

Loading Next Article...
က္က