ဗျောက်အိုးဆော့စ်ဆိုတဲ့အတိုင်း ဗိုက်ထဲမှာ ဗျောက်အိုးပေါက်နေသလို စပ်မှာဆိုတော့ အစပ်ကြိုက်တတ်သူ တွေအတွက်တော့ စိန်ခေါ်မှုတစ်ခုပါပဲ။

ဒီထဲမှာ အစပ်ကြိုက်တတ်သူတွေရှိလား။ စပ်ပေ့ဆိုတဲ့ အစားအစာတွေကိုမှ အပူခံ၊ အစပ်ခံပြီး စားတတ်သူတွေရှိလား။ အဲဒီလို လူတွေအတွက် မက္ကစီကန်စတိုင်လ် အစားအစာလေး တစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ ကြက်သားလုံး ဗျောက်အိုးဆော့စ်ပါပဲ။ ဗျောက်အိုးဆော့စ်ဆိုတဲ့အတိုင်း ဗိုက်ထဲမှာ ဗျောက်အိုးပေါက်နေသလို စပ်မှာဆိုတော့ အစပ်ကြိုက်တတ်သူ တွေအတွက်တော့ စိန်ခေါ်မှုတစ်ခုပါပဲ။

ပါဝင်ပစ္စည်းများ

Baked-Firecracker-Chicken-Meatballs-Juicy-Spicy-and-Saucy-5.jpg 

ကြက်သား (၁) ကီလိုခန့်၊ ကြက်သွန်ဖြူထောင်း (၁) ဇွန်းခွဲခန့်၊ ဆား (၁) ဇွန်းခွဲခန့်၊ ငရုပ်ကောင်းမှုန့် (၁) ဇွန်း၊ ကြက်ဥ (၂) လုံး၊ ပေါင်မုန့်ခြောက်မှုန့် (၃/၄) ခွက်၊ အီတလီဒိန်ခဲမှုန့် (၁/၃) ခွက်၊ အရောင်တင်မှုန့် (၁) ဇွန်း၊ သံလွင်ဆီအနည်းငယ် တို့ကိုလိုအပ်ပါတယ်။ ဗျောက်အိုးဆော့စ် ပြုလုပ်ဖို့အတွက်ကတော့ Sriracha ဆော့စ် (၁/၄) ခွက်၊ သကြားညို (၁/၂) ခွက်၊ ပန်းသီးရှာလကာရည် (၂) ဇွန်း၊ ဆား (၁/၄) ဇွန်း၊ ပန်းငရုတ်ပွသီး (၁) လုံး တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

Baked-Firecracker-Chicken-Meatballs-Juicy-Spicy-and-Saucy-2.jpg 

အရင်ဆုံး မုန့်ဖို (Oven) ကို ၂၀၀ ဒီဂရီဆဲလ်စီးယပ်စ် အပူချိန်မှာ အပူပေးထားလိုက်ပါ။ လင်ပန်းတစ်ချပ်ကိုတော့ သံလွင်ဆီနည်းနည်းသုတ်ပြီး အသားကင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားလိုက်ပါ။

ကြက်သား (၁) ကီလိုခန့်ကို ကြိတ်စက်ထဲမှာ အမှုန့်ကြိတ်ထားတာရယ်၊ ကြက်သွန်ဖြူထောင်း (၁) ဇွန်းခွဲရယ်၊ ဆား (၁) ဇွန်းခွဲရယ်၊ ငရုပ်ကောင်းမှုန့် (၁) ဇွန်းရယ်၊ ကြက်ဥ (၂) လုံးကို ခလောက်ထားတာရယ်၊ ပေါင်မုန့်ခြောက်မှုန့် (၃/၄) ခွက်ရယ်၊ အီတလီဒိန်ခဲမှုန့် (၁/၃) ခွက်ရယ်၊ အရောင်တင်မှုန့် (၁) ဇွန်းရယ်ကို ပန်းကန်လုံးအကြီး တစ်လုံးထဲမှာ ရောထည့်ပြီး ပေါင်းစပ်ရောမွှေ ပေးလိုက်ပါ။ ရောမွှေရာမှာ လက် (၂) ဖက်ကို အသုံးပြုပြီး နယ်ပေးခြင်းက အကောင်းဆုံးနည်းလမ်းပါပဲ။ သမအောင်နယ်ပြီးချိန်မှာ အသားလုံးလေးတွေရအောင် ပြန်လုံးပေးလိုက်ပါ။

ရလာတဲ့ အသားလုံးလေးတွေကိုတော့ ဆီသုတ်ထားတဲ့ လင်ပန်းပေါ်မှာ တင်ပေးလိုက်ပါ။ အသားလုံးလေးတွေပေါ်ကိုလည်း သံလွင်ဆီသုတ်လိမ်းပေးပြီး မုန့်ဖို (Oven) ထဲမှာ (၂၅) မိနစ်ကြာ ထည့်ဖုတ်ပေးလိုက်ပါ။ အသားလုံး ပြုလုပ်နေချိန်မှာ ဗျောက်အိုးဆော့စ်ကို ပြုလုပ်ရပါမယ်။

Sriracha ဆော့စ် (၁/၄) ခွက်၊ သကြားညို (၁/၂) ခွက်၊ ပန်းသီးရှာလကာရည် (၂) ဇွန်း၊ ဆား (၁/၄) ဇွန်းတို့ကို ဒယ်အိုးတစ်လုံးထဲ ထည့်ပြီး အပူပေးလိုက်ပါ။ (၈) မိနစ်ခန့်ကြာရင်တော့ အပူချိန်ကို လျှော့ပေးလိုက်ပါ။ ဆော့စ်ပျစ်ပျစ်လေး ရပြီဆိုတော့မှ အပေါ်ကနေ ပန်းငရုပ်ပွသီးကို လှီးထည့်ပေးလိုက်ပါ။

 

အသားလုံးကျက်ပြီဆိုရင် အသားလုံးလေးတွေကို ဗျောက်အိုးဆော့စ်ထဲကို ပစ်ထည့်လိုက်ပြီး သမအောင်ရောမွှေပေးလိုက်ပါ။ ပြီးရင်တော့ ပန်းကန်ပြားတစ်ချပ်ထဲကို လှယ်ထည့်ပြီး စိတ်တိုင်းကျ သုံးဆောင်နိုင်ပါပြီနော်။

Source: Myfoodstory

Share

Loading Next Article...
က္က