မနက်စာဟာ တစ်နေ့တာလုံးမှာ အရေးအကြီးဆုံး အစားအစာဖြစ်ကြောင်း ကျန်းမာရေးဆောင်းပါး တော်တော်များများမှာ ဖတ်ဖူးကြမှာပါ။

မနက်စာဟာ တစ်နေ့တာလုံးမှာ အရေးအကြီးဆုံး အစားအစာဖြစ်ကြောင်း ကျန်းမာရေးဆောင်းပါး တော်တော်များများမှာ ဖတ်ဖူးကြမှာပါ။ တစ်နည်းအားဖြင့် မနက်တိုင်း မနက်တိုင်းမှာ အာဟာရပြည့်ဝတဲ့ မနက်စာလေးကို စားသုံးနေဖို့က အလွန်အရေးကြီးပါတယ်။



 

ဒီနေ့မှာတော့ အာဟာရလည်းပြည့်ဝ၊ လုပ်ရလည်း လွယ်ကူတဲ့ မနက်စာလေးတစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ ထောပတ်ပေါင်မုန့် ပူတင်းလေးပါပဲ။

ပါဝင်ပစ္စည်းများ

Screenshot-2018-2-20 Bread and Butter Pudding.png 

ပါဝင်ပစ္စည်းအဖြစ် ပေါင်မုန့်အဖြူ (၈) ချပ်၊ မာဂျရင်း (Margarine) (၅၀) ဂရမ်၊ ကြက်ဥ (၄) လုံး၊ ဗနီလာ လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ သစ်ကြံပိုးခေါက်မှုန့် ဇွန်းဝက်၊ သကြားမှုန့် (၁/၄) ခွက်၊ နွားနို့ (၂) ခွက်၊ ခရင်မ် (၁/၄) ခွက်၊ စပျစ်သီးခြောက် (၃/၄) ခွက်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

Screenshot-2018-2-20 Bread and Butter Pudding (3).png

ပန်းကန်လုံးတစ်လုံးထဲမှာ ကြက်ဥ၊ သကြားမှုန့်၊ ဗနီလာ၊ သစ်ကြံပိုးခေါက်မှုန့်၊ နွားနို့နဲ့ ခရင်မ်တို့ကို ရောထည့်ပြီး မွှေပေးလိုက်ပါ။ ပြီးရင် ဘေးခနဖယ်ထားလိုက်ပါ။ ပေါင်မုန့်ချပ်လေးတွေပေါ်မှာ ထောပတ်ကို မျက်နှာပြင် (၂) ဘက်လုံးမှာ သုတ်လိမ်းပြီး တြိဂံပုံစံ ထောင့်ဖြတ်လှီးပေးလိုက်ပါ။

ဆီသုတ်လိမ်းထားတဲ့ မုန့်ဖုတ်လင်ပန်းထဲမှာ ပေါင်မုန့်ထောပတ်သုတ်လေးတွေကို အစီအရီထည့်ပေးလိုက်ပါ။ အပေါ်ကနေမှ စပျစ်သီးခြောက်လေးတွေဖြူး၊ ကြက်ဥအနှစ်ရည်လေးကို ဆမ်းပေးလိုက်ပါ။ ပြီးရင် ကောင်တာပေါ်မှာ (၁၀) မိနစ်ခန့် တင်ထားပေးလိုက်ပါ။

ပြီးရင်တော့ ပေါင်မုန့်ထည့်ထားတဲ့ မုန့်ဖုတ်လင်ပန်းကို အပူချိန် (၁၈၀) ဒီဂရီဆဲလ်စီးယပ်စ်ခန့် အပူပေးထားတဲ့ မုန့်ဖို (Oven) ထဲမှာ မိနစ် (၃၀) ခန့် ထည့်ဖုတ်ပေးလိုက်ပါ။ မိနစ် (၃၀) ပြည့်ရင်တော့ အပြင်ကိုယူထုတ်ပြီး ပန်းကန်တစ်ချပ်ထဲ ပြောင်းထည့်ပြီး ကော်ဖီပူပူလေးတစ်ခွက်နဲ့ တွဲဖက်စားသုံးနိုင်ပါပြီနော်။

Source: Sidechef


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က