အရောင်အဆင်းအားဖြင့် ခရမ်းရောင်နဲ့ အနက်ရောင်ကြားမှာရှိတဲ့ ခရမ်းသီးထဲမှာ ဗိုက်တာမင်စီ၊ ဗိုက်တာမင်ကေ၊ ဗိုက်တာမင်ဘီစစ်၊ အမျှင်ဓာတ်၊ ဖောလစ်အက်ဆစ်၊ ပိုတက်စီယမ်နဲ့ မန်းဂနိစ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။

ခရမ်းသီးဟာ အိန္ဒိယတိုက်ငယ်မှာ ပေါပေါများများ တွေ့ရတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်ပြီး ကမ္ဘာတဝှမ်းလုံးမှာ ဟင်းချက်နည်းအမျိုးမျိုးနဲ့ ချက်ပြုတ်စားသုံးကြပါတယ်။ အင်္ဂလန်မှာတော့ ခရမ်းသီးကို "aubergine" လို့ခေါ်ပါတယ်။



 

အရောင်အဆင်းအားဖြင့် ခရမ်းရောင်နဲ့ အနက်ရောင်ကြားမှာရှိတဲ့ ခရမ်းသီးထဲမှာ ဗိုက်တာမင်စီ၊ ဗိုက်တာမင်ကေ၊ ဗိုက်တာမင်ဘီစစ်၊ အမျှင်ဓာတ်၊ ဖောလစ်အက်ဆစ်၊ ပိုတက်စီယမ်နဲ့ မန်းဂနိစ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒီနေ့မှာတော့ ခရမ်းသီးကိုမီးဖုတ်ပြီး အိန္ဒိယဟင်းလျာစတိုင်လ် နှပ်ချက်ချက်ထားတာပါ။

ပါဝင်ပစ္စည်းများ

msledf_0705_basiceggplant_sq.jpg 

ပါဝင်ပစ္စည်းတွေကတော့ ခရမ်းသီးအကြီး (၁) လုံး၊ ကြက်သွန်ဖြူ (၃) တောင့်၊ ဆီ (၃) ဇွန်း၊ စမုန်နက်စေ့ (၁) ဇွန်း၊ ကြက်သွန်ဖြူ (၆) တောင့်၊ ဂျင်းမှုန့် (၁) ဇွန်း၊ ငရုပ်သီးစိမ်း (၁) တောင့်၊ ကြက်သွန်နီ အရွယ်တော် (၁) လုံး၊ ခရမ်းချဉ်သီး (၂) လုံး၊ ငရုပ်သီးမှုန့် (၁) ဇွန်း၊ နံနံပင် နုတ်နုတ်စင်းပြီးသား (၁) ဇွန်း၊ နနွင်းမှုန့် (၁/၂) ဇွန်း၊ ဆားအနည်းငယ်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

Easy-Baingan-Bharta-Smoky-eggplant-stir-fry-4.jpg 

အရင်ဆုံး ကြက်သွန်ဖြူတောင့်လေးတွေကို အလည်ကနေ ထက်ခြမ်းခြမ်းပေးလိုက်ပါ။ ခရမ်းသီးပေါ်မှာတော့ ဓားနဲ့ အကွဲကြောင်းလေးတွေပေါ်အောင် လှီးပေးလိုက်ပြီး အကွဲကြောင်းထဲမှာ ကြက်သွန်ဖြူ ခြမ်းကွဲလေးတွေကို ထည့်ပေးလိုက်ပါ။ ပြီးရင်တော့ မီးသွေးမီးဖိုပေါ်မှာ (၈) မိနစ်ကနေ (၁၀) မိနစ်ကြား အချိန်ကြာအောင် မီးဖုတ်ပေးလိုက်ပါ။ လေးဖက်လေးတန်စလုံး မီးအပူချိန်မျှအောင် (၁) မိနစ်တစ်ခါ လှည့်ပေးလိုက်ပါဦး။ မီးဖုတ်ပြီးရင်တော့ ခရမ်းသီးမီးဖုတ်ကို ခဲပတ်စက္ကူနဲ့ မိနစ်အနည်းငယ်ကြာ အုပ်ထားပေးလိုက်ပါ။

ခရမ်းသီးမီးဖုတ်ကို အအေးခံပြီးသွားရင် ရေထဲမှာစိမ်ပြီး အခွံချွတ်ပေးလိုက်ပါ။ မီးကျွမ်းနေတဲ့ အစိတ်အပိုင်းတွေကိုလည်း ဖယ်ရှားပေးလိုက်ပါ။ ပြီးရင် ခရမ်းသီးမီးဖုတ်ကို ရေထဲကဆယ်ပြီး ဓားနဲ့လှီးဖြတ်ပေးလိုက်ပါ။

 

ဒယ်အိုးပြားတစ်လုံးထဲမှာတော့ ဟင်းချက်ဆီကို အပူပေးပြီး စမုန်နက်စေ့လေးတွေကို မီးပူထိုးပေးလိုက်ပါ။ စက္ကန့် (၃၀) ခန့် ကြာရင်တော့ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုပ်သီးနဲ့ ကြက်သွန်နီတို့ကိုပါ ရောထည့်ပြီး ဆီသတ်ပေးလိုက်ပါ။ ကြက်သွန်နီ အရောင်ပြောင်းသွားသည်အထိ ဆီသတ်ပေးပြီးရင် ခရမ်းချဉ်သီး၊ ငရုပ်သီးမှုန့်၊ နံနံပင်မှုန့်၊ နနွင်းမှုန့်နဲ့ ဆားတို့ကိုပါ ထည့်လိုက်ပါ။ သံယောက်မနဲ့ ခနမွှေပေးပြီးရင် အဖုံးအုပ်ထားပေးလိုက်ပါ။

မိနစ်အနည်းငယ်ကြာရင် အဖုံးပြန်ဖွင့်ပြီး ခရမ်းသီးဖုတ်ကို ထည့်ပေးလိုက်ပါ။ အဖုံးပြန်အုပ်ပြီး နောက်ထပ် (၃) (၄) မိနစ်ခန့် ချက်ပြုတ်ပေးလိုက်ပါ။ ကြားထဲမှာလည်း မကြာမကြာ မွှေပေးနေပါ။ ဟင်းကျက်ရင် အပေါ်ကနေ နံနံပင်အုပ်ပေးလိုက်ပါဦး။ ပြီးရင်တော့ ပန်းကန်ထဲပြောင်းထည့်ပြီး စိတ်တိုင်းကျ သုံးဆောင်နိုင်ပါပြီ။

Source: Myfoodstory


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က