နွေရဲ့နေပူဒဏ်ကို အံတုဖို့အတွက် ထိုင်းလက်ဖက်ရည်အေးလေးတွေထက် ပိုကောင်းတာ ဘာရှိပါဦးမလဲ။

နွေရာသီရောက်တော့မယ်ဆိုတော့ အပူဒဏ်ကို တွန်းလှန်နိုင်ဖို့ ဖျော်ရည်စပ်နည်းလေးတွေကို လိုအပ်နေပါပြီ။ နွေရဲ့နေပူဒဏ်ကို အံတုဖို့အတွက် ထိုင်းလက်ဖက်ရည်အေးလေးတွေထက် ပိုကောင်းတာ ဘာရှိပါဦးမလဲ။

 

အခုဆိုရင် ရန်ကုန်မှာလည်း ထိုင်းစတိုင်လ် လက်ဖက်ရည်အေး ရောင်းချတဲ့ဆိုင်လေးတွေလည်း အများကြီးရှိနေပါပြီ။ လက်ဖက်ရည်သောက်ခြင်းဖြင့် အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အပြင် ကဖင်းဓာတ်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုလည်း ရရှိစေနိုင်ဦးမှာပါ။ ထိုင်းလက်ဖက်ရည်အေးကို ကိုယ်တိုင်ဖျော်တတ်ချင်ရင်တော့...

ပါဝင်ပစ္စည်းများ

Thai-Iced-Tea-Step-by-Step-3-768x512.jpg 

ထိုင်းလက်ဖက်ရည်အေး ဖျော်ဖို့အတွက် ရေ (၃) ခွက်၊ ဖာလာစေ့ (၂) စေ့၊ သစ်ကြံပိုးခေါက် (၁) လက်မ၊ လက်ဖက်ခြောက် (၄) ဇွန်း၊ သကြား (၁/၄) ခွက်၊ နို့ဆီ (၁/၄) ခွက်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

Thai-Iced-Tea-Step-by-Step-2-768x512.jpg 

အရင်ဆုံး အိုးတစ်လုံးထဲမှာ ရေနွေးထည့်ပြီး ဖာလာစေ့နဲ့ သစ်ကြံပိုးခေါက်တို့ကိုပါ ထည့်ပြုတ်လိုက်ပါ။ ရေနွေးပွက်ပြီဆိုရင် မီးပိတ်လိုက်ပါ။ ပြီးရင် လက်ဖက်ခြောက်နဲ့ သကြားတို့ကိုထည့်ပြီး (၂) မိနစ်၊ (၃) မိနစ်ခန့် နှပ်ထားပေးလိုက်ပါ။ ပြီးရင်တော့ လက်ဖက်ရည်ကို အအေးခံပြီး စစ်ပေးလိုက်ပါ။

 

ဖန်ခွက်တစ်လုံးထဲမှာ ရေခဲ (၄) (၅) တုံးကိုထည့်ပြီး ကြိုတင်ပြင်ဆင်ထားလိုက်ပါ။ ပြီးရင် အအေးခံထားတဲ့ လက်ဖက်ရည်ကို ဖန်ခွက်ထဲကို လောင်းထည့်ပေးလိုက်ပါ။ ဖန်ခွက် (၄) ပုံ (၃) ပုံ ပမာဏ ပြည့်သွားသည်အထိ လက်ဖက်ရည်ကို လောင်းထည့်လိုက်ပါ။

ပြီးရင် လက်ဖက်ရည်ခွက်ထဲကို နို့ဆီနည်းနည်းထည့်ပြီး ကောင်းကောင်းမွှေပေးလိုက်ပါ။ ပြီးရင်တော့ ထိုင်းလက်ဖက်ရည်အေးလေးကို အမောပြေ သုံးဆောင်နိုင်ပါပြီ။

Source: Whiskaffair

Share

Loading Next Article...
က္က