ဝိုင်နီသောက်ခြင်းဟာ ဦးနှောက်ထဲက ဆာရိုတိုနင် (Serotonin) လို့ခေါ်တဲ့ ပျော်ရွှင်မှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။

စပျစ်သီးအနီရောင်မှ ထုတ်လုပ်ထားတဲ့ ဝိုင်နီဟာ အချစ်ကိုဖော်ညွှန်းတဲ့ သင်္ကေတတစ်ခုအဖြစ် ယူဆခံရပါတယ်။ ယောကျ်ားလေးတွေ သူတို့ချစ်ရတဲ့ မိန်းကလေးတွေကို လက်ထပ်ခွင့်တောင်းတော့မယ်ဆိုရင် ဆိုင်ကောင်းကောင်းမှာ ဝိုင်နီကောင်းကောင်းနဲ့ ညစာလိုက်ကျွေးပြီးမှ ကြိုးစားတတ်ကြပါတယ်။



တနည်းအားဖြင့် ဝိုင်နီသောက်ခြင်းဟာ ဦးနှောက်ထဲက ဆာရိုတိုနင် (Serotonin) လို့ခေါ်တဲ့ ပျော်ရွှင်မှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ဝိုင်နီသောက်ခြင်းမှာ တခြားကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ပါရှိပါသေးတယ်။

၁။ နှလုံးကျန်းမာရေးကို အားကောင်းစေတယ်

kym-ellis-391585-unsplash.jpg

ဝိုင်နီထဲမှာပါဝင်တဲ့ antioxidant တွေက ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ ကိုလက်စ်ထရော လယ်ဗယ်ကို မြင့်တက်စေနိုင်ပါတယ်။ ဒီအချက်က နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ပြီးတော့ ဝိုင်နီထဲမှာပါဝင်တဲ့ resveratrol ဆိုတဲ့ polyphenol ဓာတ်ကလည်း နှလုံးသွေးကြောနံရံတွေကို ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါတင်မကသေးပါဘူး။ Resveratrol ဓာတ်က သွေးတွင်းမှာ သွေးခဲနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါသေးတယ်။ ဒါကြောင့် အဝလွန်နေသူတွေအနေနဲ့ ဝိုင်နီကို ပုံမှန်သောက်ပေးသင့်ပါတယ်။

၂။ ဆီးချိုရောဂါကို တိုက်ဖျက်ပေးနိုင်တယ်

အမေရိကန် ဆီးချိုရောဂါ အဖွဲ့အစည်းကြီးရဲ့ အဆိုအရ ဝိုင်နီသောက်ခြင်းဟာ သွေးတွင်းအချိုဓာတ်ကို (၂၄) နာရီကြာ လျှော့ချပေးနိုင်ပါတယ်တဲ့။ ဒါတင်မကသေးပါဘူး။ ဝိုင်နီကို ပုံမှန်သောက်သုံးခြင်းက Type 2 ဆီးချိုရောဂါကို လျှော့ပါးစေနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်မှာ ဝိုင်နီ သုံးလေးကြိမ် သောက်ခြင်းက ဆီးချိုဖြစ်နိုင်ခြေ (၃၀) ရာခိုင်နှုန်း လျော့နည်းစေနိုင်ပါတယ်။

၃။ ကင်ဆာကို တိုက်ခိုက်ပေးနိုင်တယ်

Pic11.jpg 

Rochester ဆေးကုသဋ္ဌာနရဲ့ သုတေသနစာတမ်းအရ ဝိုင်နီထဲမှာ ပါဝင်တဲ့ Resveratrol ဓာတ်ဟာ ပန်ကရိယ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိတယ်လို့ ဆိုထားပါတယ်။ ကင်ဆာရောဂါသည်တွေအတွက် ဝိုင်နီရဲ့အကျိုးသက်ရောက်မှုက ထိရောက်မှုရှိတဲ့အတွက် ဝိုင်သောက်တတ်တဲ့လူနာတွေကို ဆရာဝန်တွေက ဆက်ပြီးမသောက်သုံးဖို့ တိုက်တွန်းထားခြင်း မရှိပါဘူး။ ဒါ့အပြင် ဝိုင်နီဟာ ခန္ဓာကိုယ်ထဲက ကိုယ်ခံအားစနစ်ကိုလည်း ပိုမိုကောင်းမွန်စေတဲ့အတွက် ကင်ဆာတိုက်ဖျက်ရာမှာ အသုံးဝင်စေမှာပါ။

၄။ အဝလွန်ရောဂါကို တိုက်ဖျက်နိုင်တယ်

သုတေသနတွေအရ ဝိုင်နီထဲမှာပါဝင်တဲ့ resveratrol ဓာတ်ဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့အဆီပိုတွေကို ကယ်လိုရီလောင်ကျွမ်းစေတဲ့ အဆီဓာတ်တွေအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်တဲ့။ ဒါကြောင့် ဝိုင်နီသောက်ခြင်းဖြင့် ဝိတ်ကျစေနိုင်တယ်လို့ အာဟာရဗေဒပညာရှင်တွေ ဆိုကြတာဖြစ်ပါတယ်။ တကယ်တော့ resveratrol ဓာတ်ဟာ အဆီဓာတ်တွေရဲ့ အောက်ဆီဂျင်ဓာတ်ပြုခြင်းကို အားဖြည့်ပေးနိုင်ပြီး ခန္ဓာကိုယ်မှာ အဆီပိုတွေ စုဆောင်းမိခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၅။ သွေးတိုးနဲ့ လေဖြတ်လေငန်းရောဂါအန္တရာယ်မှ ကာကွယ်ပေးနိုင်တယ်

red-wine-large.jpg 

ဟားဗတ်ဆေးကျောင်းမှ ထုတ်ပြန်တဲ့ သုတေသနတစ်စောင်အရ အယ်လ်ကိုဟောပါဝင်မှု နည်းပါးတဲ့ ဝိုင်နီကို ပုံမှန်သောက်ပေးခြင်းက သွေးဖိအားကို ထိန်းညှိပေးနိုင်ပါတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဝိုင်နီသောက်ခြင်းက သွေးထဲက နိုက်ထရစ်အောက်ဆိုဒ် လယ်ဗယ်ကိုလည်း မြှင့်တင်ပေးနိုင်ပါသေးတယ်။ နိုက်ထရစ်အက်ဆစ်က သွေးကြောနံရံတွေကို ချောမွေ့စေနိုင်ပြီး သွေးလည်ပတ်မှု ပိုမိုကောင်းမွန်စေရေးအတွက် ထောက်ခံအားပေးနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးသမားတွေ ဘားထိုင်ရင် ဝိုင်နီသောက်တာ အကောင်းဆုံးပါပဲနော်။

Source: Stylecraze


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က