ကလေးဆိုတဲ့ အမျိုးက အာဟာရရှိတဲ့ အစားအစာတွေထက် မုန့်ပဲသွားရည်စာတွေကို ပိုပြီးခုံမင်တတ်ကြတဲ့ အမျိုးပါ။

ကလေးဆိုတဲ့ အမျိုးက အာဟာရရှိတဲ့ အစားအစာတွေထက် မုန့်ပဲသွားရည်စာတွေကို ပိုပြီးခုံမင်တတ်ကြတဲ့ အမျိုးပါ။ ကျောင်းနားမှာရောင်းတဲ့ မုန့်ပဲသွားရည်စာတွေက ဓာတုပစ္စည်းတွေ၊ ဆေးသကြားတွေများလို့ ကလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေအတွက်လည်း စားချင့်စဖွယ်ဖြစ်မဲ့၊ အာဟာရတန်ဖိုးလည်း ပြည့်ဝတဲ့ နို့တော်ဖီ ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ အဲဒါကတော့ ရေသူမ တော်ဖီပါပဲ။

ပါဝင်ပစ္စည်းများ

Screenshot-2018-2-22 White Chocolate Peppermint Mermaid Fudge (4).png 

ရေသူမတော်ဖီ ပြုလုပ်ဖို့အတွက် နို့ဆီ (၂၄) အောင်စ၊ နို့ချောကလက် (၂) ပေါင်၊ ပက်ပါးမင့်ဆီ (၂) ဇွန်း၊ Food Coloring အစိမ်းပုပ်ရောင် (၁) ပုလင်း၊ Food Coloring စိမ်းပြာရောင် (၁) ပုလင်း၊ Food Coloring မိုးပြာရောင် (၁) ပုလင်း၊ Food Coloring ပုလဲဖြူရောင် (၁) ပုလင်း၊ စားလို့ရတဲ့ ငွေမှုန်လေးတွေကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

Screenshot-2018-2-22 White Chocolate Peppermint Mermaid Fudge (3).png 

အရင်ဆုံး ဒယ်အိုးတစ်လုံးထဲမှာ နို့ဆီ (၁၄) အောင်စနဲ့ အဖြူရောင်နို့ချောကလက်တို့ကို ရောထည့်လိုက်ပါ။ ပြီးရင် မီးပျော့ပျော့နဲ့ အရည်ပျော်အောင် မီးတိုက်လိုက်ပြီး ပက်ပါးမင့်အဆီကို ရောထည့်ပေးလိုက်ပါ။ ခနလောက်မွှေပေးပြီးရင် မုန့်ဖုတ်စက္ကူခံထားတဲ့ ကြွေလင်ပန်း (သို့) ကျောက်ကျောလင်ပန်းထဲမှာ ပြောင်းထည့်ပေးလိုက်ပါ။ Food Coloring အစိမ်းပုပ်ရောင်၊ Food Coloring စိမ်းပြာရောင်၊ Food Coloring မိုးပြာရောင်တို့ကို (၂) စက် (၃) စက်စီ ထည့်ပေးလိုက်ပါ။

 

ပြီးရင်တော့ သစ်သားယောက်မတစ်ချောင်းနဲ့ သမအောင်မွှေပေးလိုက်ပါ။ မွှေပေးပြီးရင် လင်ပန်းကို ရေခဲသေတ္တာ အအေးခန်းထဲမှာ (၄၅) မိနစ်ခန့်ထည့်ပြီး အအေးခံထားပေးလိုက်ပါ။

အအေးခံပြီးရင်တော့ လင်ပန်းကို ရေခဲသေတ္တာထဲကထုတ်ပြီး ဘေးအနားသားတွေကို အရင်လှီးဖြတ်ပေးလိုက်ပါ။ ပြီးရင် စတုရန်းပုံ အတုံးလေးတွေ တုံးပေးလိုက်ပါ။ နို့တော်ဖီတုံးလေးတွေရဲ့ အပေါ်မှာ ငွေမှုန်လေးတွေဖြူးပေးပြီးရင်တော့ စားလို့လည်းကောင်း၊ ကလေးတွေရဲ့ ထမင်းဘူးထဲမှာ သွားရည်စာအဖြစ် ထည့်သွင်းပေးဖို့လည်း သင့်တော်တဲ့ ရေသူမတော်ဖီလေးတွေကို ရရှိပါပြီနော်။

Source: sidechef

Share

Loading Next Article...
က္က