စပါဂတ်တီ ခေါက်ဆွဲ အမျိုးအစားများစွာရှိပြီး ပြုလုပ်နည်းနဲ့ ပါဝင်ပစ္စည်းကိုလိုက်ပြီး အရသာနဲ့ ပုံပန်းသွင်ပြင် ကွဲပြားခြားနားပါတယ်။

အီတလီရဲ့ စပါဂတ်တီခေါက်ဆွဲဟာ တရုတ်မှာ ပေါက်စီ၊ အိန္ဒိယမှာ စမူဆာ၊ ဂျပန်မှာ ဆူရှီတို့လို လူသိများတဲ့ အထိန်းအမှတ် အစားအစာတစ်မျိုးပါ။ စပါဂတ်တီ ခေါက်ဆွဲ အမျိုးအစားများစွာရှိပြီး ပြုလုပ်နည်းနဲ့ ပါဝင်ပစ္စည်းကိုလိုက်ပြီး အရသာနဲ့ ပုံပန်းသွင်ပြင် ကွဲပြားခြားနားပါတယ်။

 

ဒီနေ့မှာတော့ သက်သတ်လွတ်သမားတွေအတွက်လည်း အဆင်ပြေစေမဲ့ မှို စပါဂတ်တီခေါက်ဆွဲ ချက်နည်းလေးအကြောင်း တင်ဆက်ပေးသွားမှာပါ။ ပြုလုပ်ချိန်အားဖြင့်လည်း (၁၅) မိနစ်ဝန်းကျင်သာ အချိန်ကြာမြင့်မှာဖြစ်ပြီး အရသာကောင်းမွန်တဲ့ ခေါက်ဆွဲလေးတစ်မျိုးပါ။

ပါဝင်ပစ္စည်းများ

15-minute-mushroom-spaghetti-aglio-olio.1024x1024-2.jpg 

စပါဂတ်တီ ခေါက်ဆွဲခြောက် (၂၅၀) ဂရမ်၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ မှို (၂၀၀) ဂရမ်၊ ကြက်သွန်ဖြူ (၅) တောင့်၊ ငရုပ်သီးမှုန့် ဇွန်းဝက်ခန့်၊ တရုပ်နံနံ (၁) ဇွန်းခွဲ၊ ထောပတ် (၁) ဇွန်း၊ အီတလီဒိန်ခဲမာ အမှုန့် (၂) ဇွန်း၊ (၃) ဇွန်းခန့်၊ ဆားအနည်းငယ်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

15-minute-mushroom-spaghetti-aglio-olio.1024x1024-1.jpg 

အရင်ဆုံး စပါဂတ်တီခေါက်ဆွဲခြောက်တွေကို ရေနွေးပူပူထဲမှာ ထည့်ပြုတ်ပေးရပါမယ်။ (စပါဂတ်တီ ခေါက်ဆွဲခြောက်ကို Market Place မှာ ဝယ်လို့ရပါတယ်။) ခေါက်ဆွဲပြုတ်ထားတုန်းမှာ မှိုဟင်းအနှစ်ကို ပြင်ဆင်ချက်ပြုတ်ရပါမယ်။

ဒယ်အိုးပြားတစ်လုံးထဲမှာ သံလွင်ဆီနည်းနည်းကို ထည့်လိုက်ပါ။ ပြီးရင် ရေဆေးသန့်စင်ပြီး ထက်ခြမ်းခြမ်းထားတဲ့ မှိုဖတ်လေးတွေကို ထည့်ပေးလိုက်ပါ။ ပြီးရင် medium high အပူချိန်မှာ မိနစ်အနည်းငယ်ကြာ ချက်ပြုတ်ပေးလိုက်ပါ။ ရွှေအိုရောင်သမ်းလာရင်တော့ မှိုဖတ်လေးတွေကို ဒယ်အိုးဘေးတစ်ဖက်ကို ကပ်ထားပေးလိုက်ပါ။

 

လွတ်သွားတဲ့အခြမ်းမှာ သံလွင်ဆီ လက်ဖက်ရည်ဇွန်း နောက်တစ်ဇွန်းကို ထည့်လိုက်ပြီး ကြက်သွန်ဖြူထောင်း၊ ငရုပ်သီး အကျက်မှုန့်တို့ကို ဆီသတ်ပေးလိုက်ပါ။ တစ်မိနစ်ခန့် ယောက်မနဲ့ မွှေပေးပြီးရင်တော့ ခုနက ပြုတ်ထားတဲ့ စပါဂတ်တီခေါက်ဆွဲဖတ်တွေကို ထည့်ပေးလိုက်ပါ။

ခေါက်ဆွဲအပေါ်ကမှ တရုပ်နံနံ (အခြောက်) မှုန့်ရယ်၊ ဆားရယ်၊ ထောပတ်ရယ်ထည့်ပြီးတော့ ရောမွှေပေးလိုက်ပါ။ မှိုဖတ်လေးတွေနဲ့ စပါဂတ်တီ ခေါက်ဆွဲဖတ်တွေ သမသွားပြီဆိုတော့မှ မီးပိတ်ပြီး ပန်းကန်တစ်လုံးထဲကို လှယ်ထည့်ပေးလိုက်ပါ။ အပေါ်ကနေ ပေါင်မုန့်ခြောက်မှုန့်လေး နည်းနည်းဖြူးပေးလိုက်ရင် အရသာရှိတဲ့ အီတလီစတိုင်လ် မှိုစပါဂတ်တီ ခေါက်ဆွဲလေးကို စားသုံးနိုင်ပါပြီ။

Source: Myfoodstory

Share

Loading Next Article...
က္က