အာဟာရတန်ဖိုးလည်း ပြည့်ဝတဲ့ ကိုရီးယားပဲခေါက်ဆွဲကို အိမ်မှာလုပ်စားချင်ရင်တော့ အောက်မှာပြုလုပ်နည်းလေးကို ဆက်ဖတ်ကြည့်ပါဦးနော်။

K drama လို့ခေါ်တဲ့ ကိုရီးယားဇာတ်ကားတွေကြည့်ရင် ကင်မ်ချီရယ်၊ ဆိုဂျူးရယ်၊ ပဲခေါက်ဆွဲရယ်ကိုတော့ မဖြစ်မနေ တွေ့ရမှာပါ။ တကယ်တော့ ပဲခေါက်ဆွဲဆိုတာ ကိုရီးယား အစားအစာတွေထဲမှာ အခြေခံအကျဆုံးနဲ့ လူကြိုက်အများဆုံး အစားအစာတစ်မျိုးပါပဲ။ အာဟာရတန်ဖိုးလည်း ပြည့်ဝတဲ့ ကိုရီးယားပဲခေါက်ဆွဲကို အိမ်မှာလုပ်စားချင်ရင်တော့ အောက်မှာပြုလုပ်နည်းလေးကို ဆက်ဖတ်ကြည့်ပါဦးနော်။

ပါဝင်ပစ္စည်းများ

jjajangmyeon-ingredients-590x404.jpg 

ပဲခေါက်ဆွဲပြုလုပ်ဖို့အတွက် ကိုရီးယား ခေါက်ဆွဲခြောက် (၁) ထုပ်၊ လက်မဝက်အရွယ် အတုံးလေးတွေ တုံးတစ်ထားတဲ့ ဝက်သား (၁/၂) ပေါင်ခန့်၊ လက်မဝက်အရွယ် အတုံးလေးတွေ တုံးတစ်ထားတဲ့ ကိုရီးယားမုန်လာဥ (၁) ခွက်၊ သခွားဖရုံသီး (၁) ခွက်၊ အာလူး (၁) ခွက်၊ ကြက်သွန်နီ (၁) ခွက်ခွဲ၊ ဟင်းသီးဟင်းရွက်ဆီ (၃) ဇွန်း၊ ကိုရီးယား ပဲငပိအမဲ အနှစ် (၁/၄) ခွက်နဲ့ (၁) ဇွန်း၊ အာလူးကော်မှုန့် (၂) ဇွန်း၊ သကြား (၁) ဇွန်း၊ နှမ်းဆီ (၁) ဇွန်း၊ သခွားသီး (၁/၂) ခွက် တို့ကိုလိုအပ်ပါတယ်။

ပြုလုပ်နည်း

jjajangmyeon-stir-frying-590x442.jpg 

အရင်ဆုံး ကိုရီးယားခေါက်ဆွဲခြောက်ကို ရေနွေးအိုးထဲထည့်ပြီး ပြုတ်ထားပေးလိုက်ပါ။ (၅) မိနစ်ခန့်ပြုတ်ပြီးရင်တော့ အိုးထဲကဆယ်ပြီး ပန်းကန်လုံးတစ်လုံးထဲ ထည့်ထားလို့ရပါပြီ။ ပြီးရင် လက်မဝက်အရွယ် အတုံးလေးတွေ တုံးတစ်ထားတဲ့ ဝက်သားကို ဒယ်အိုးပြားထဲမှာ ဟင်းသီးဟင်းရွက်ဆီ (၁) ဇွန်းနဲ့အတူ (၄) (၅) မိနစ်ခန့် ရောကြော်ပေးလိုက်ပါ။ အသားတုံးလေးတွေ ရွှေအိုရောင်သမ်းပြီး ကြွပ်ရွလာပြီဆိုရင် အတုံးလေးတွေ တုံးထားတဲ့ မုန်လာဥကိုပါ ရောထည့်လိုက်ပါ။ ပြီးရင် တစ်မိနစ်ခန့် မွှေကြော်ကြော်ပေးလိုက်ပါ။

(၁) မိနစ်ပြည့်ရင်တော့ အာလူးတုံးလေးတွေရယ်၊ ကြက်သွန်နီရယ်၊ သခွားဖရုံသီး စိတ်လေးတွေရယ်ကိုပါ ရောထည့်ပြီး နောက်ထပ် (၃) မိနစ်ခန့် မွှေကြော်ကြော်ပေးလိုက်ပါဦး။ ပြီးရင် ဒယ်အိုးရဲ့ အလည်ဗဟိုမှာ နေရာလွတ်လေးတစ်ခုကို ပြုလုပ်လိုက်ပြီး ဟင်းသီးဟင်းရွက်ဆီ (၂) ဇွန်းရယ်၊ ပဲငပိအမဲ အနှစ် (၁/၄) ခွက်ရယ်ကို ရောထည့်ပြီး သစ်သားယောက်မနဲ့ (၁) မိနစ်ခန့် မွှေပေးလိုက်ပါ။

ပါဝင်ပစ္စည်းအားလုံး သမအောင်မွှေပြီးရင် ရေ (၂) ခွက်ရောထည့်ပြီး အဖုံးပိတ်ပြီး နောက်ထပ် (၁၀) မိနစ်ခန့် ချက်ပြုတ်ပေးလိုက်ပါ။ (၁၀) မိနစ်ပြည့်ရင် အဖုံးဖွင့်ပြီး အာလူးနဲ့ မုန်လာဥကျက် မကျက်ကို စစ်ဆေးကြည့်လိုက်ပါ။ ကျက်ပြီဆိုရင်တော့ ပဲအနှစ်ပျစ်သွားသည်အထိ ယောက်မနဲ့ မွှေပေးလိုက်ပါ။ အပေါ်ကနေ နှမ်းဆီနည်းနည်း ဆမ်းပေးပြီးရင် မီးပိတ်ပေးလိုက်ပါ။

 

ပြီးရင် ရလာတဲ့ ပဲအနှစ်နဲ့ ဝက်သားကို ခေါက်ဆွဲပန်းကန်ထဲ ထည့်ဆမ်းပေးလိုက်ပါ။ ပြီးရင်တော့ နယ်ဖတ်ပြီး အရသာရှိတဲ့ ကိုရီးယားပဲခေါက်ဆွဲလေးကို တဝကြီးဆွဲနိုင်ပါပြီနော်။

Source: Maangchi

Share

Loading Next Article...
က္က