ရုံးပိတ်ရက်မှာ အစားကောင်း၊ အသောက်ကောင်းလေးတွေကို မိသားစုနဲ့အတူ ချက်ပြုတ်စားသောက်တတ်ကြတာ ထုံးစံပါပဲ။

ရုံးပိတ်ရက်မှာ အစားကောင်း၊ အသောက်ကောင်းလေးတွေကို မိသားစုနဲ့အတူ ချက်ပြုတ်စားသောက်တတ်ကြတာ ထုံးစံပါပဲ။ ဒီတစ်ပတ်မှာတော့ တစ်အိမ်သားလုံး အကြိုက်တွေ့စေမဲ့ ဟင်းလျာလေးတစ်မျိုးနဲ့ မိတ်ဆက်ပေးပါရစေ။ အဲဒါကတော့ ဝက်ခြေထောက်ပေါင်းပါပဲ။

ပါဝင်ပစ္စည်းများ

25498044_1801943766765736_497098884082632296_n.jpg 

ဝက်ခြေထောက် (၂) ချောင်း၊ ကြက်သွန်နီ (အသေး) (၃) လုံး၊ ကြက်သွန်ဖြူ (၅) မွှာ၊ ဂျင်းတက် လက်တစ်ဆစ်ခန့်၊ ငံပြာရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ သကြား (သို့) အချိုမှုန့် (သို့) ကြက်သားမှုန့် ထမင်းစားဇွန်း (၁) ဇွန်း၊ ကြက်သွန်မြိတ် (၂) ပင်၊ မြေပဲဆီ ဟင်းခပ်ဇွန်း (၁) ဇွန်း၊ ပဲငံပြာရည်အကြည် (၁) ဇွန်းတို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

12814386_480486855486124_2631524273552366647_n.jpg 

ဝက်ခြေထောက်ကို အမွှေးများ ပြောင်စင်အောင် အရင်ရိတ်ပေးလိုက်ပါ။ မပြောင်စင်ဘူးဆိုရင်တော့ မီးနဲ့ အနည်းငယ်အပူပေးရင် အမွှေးတွေ လောင်ကျွမ်းပြီး အနံ့လည်း မွှေးလာပါတယ်။ အရောင်လည်းပိုလှပါတယ်။

ဝက်ခြေထောက် စင်ကြယ်သွားပြီဆိုရင်တော့ ကြက်သွန်ဖြူ (၅) မွှာ၊ ကြက်သွန်နီ (၁)လုံး နဲ့ ဂျင်းတို့ကို ရောထောင်းပါ။ ထောင်းပြီးတဲ့အချိန်မှာ ဝက်ခြေထောက်နဲ့ ရောနယ်ရပါမယ်။ ရောမနယ်ခင်မှာ ဝက်ခြေထောက်ကို ဓားပြားလေးနဲ့ ခပ်ဆတ်ဆတ်လေး နေရာအနှံ့ ရိုက်ပေးရပါမယ်။ ပြီးသွားရင်တော့ စောနက ထောင်းထားတဲ့ ကြက်သွန်ဖြူနီ နဲ့ ဂျင်း၊ ဝက်ခြေထောက်၊ ပဲငံပြာရည်၊  ငံပြာရည်၊ အရသာမှုန့်တွေကို အိုးထဲထည့်ပြီးတော့ သမသွားအောင် နယ်ပေးပါ။

 

နယ်ပေးပြီးရင်တော့ မိနစ် (၃၀)ခန့် နှပ်ပေးထားလိုက်ပါ။ နှပ်တဲ့အခါမှာ ရေခဲသေတ္တာအပေါ်ထပ်ထဲ ထည့်ပေးထားရင် ပိုကောင်းပါတယ်။ ဒါဆိုရင် ဝက်ခြေထောက်ထဲကို အနံ့၊ အရသာတွေ ကောစိမ့်ဝင်ပြီးတော့ စားလို့ပိုကောင်းလာမှာပါ။ နာရီဝက်ခန့် နှပ်ပေးပြီးတာနဲ့ (၁၀) မိနစ်ခန့် လုံးပေးဖို့လိုပါတယ်။ ဒါဆိုရင် ပိုပြီးမွှေးပျံ့လာပြီးတော့ အရသာတွေကလည်း ပိုပြီး စိမ့်ဝင်သွားမှာပါ။

 

ပြီးရင်တော့ ဝက်ခြေထောက်ကို ရေမြုပ်သည်အထိ တိုင်းတာပြီး ရေထည့်ပေးကာ မီးအပြင်းဆုံးနဲ့ စတင်ပေါင်းပါမယ်။ ဆုံးပါ။  မြေပဲဆီ (၁) ဇွန်းကိုပါ ထည့်ပေးလို့ ရပါပြီ။ ဝက်ခြေထောက်ပေါင်းရာမှာ ထမင်းပေါင်းအိုးနဲ့ ပေါင်းတာက အကောင်းဆုံးပါပဲ။ ဒါမှ ဝက်ခြေထောက်တစ်ချောင်းလုံး နူးအိနေမှာပေါ့။ ဒါမှသာ မီးအပူရှိန် ညှိစရာမလိုတော့ပဲ တသမတ်တည်း ပေါင်းလို့ ရတာပေါ့။

ဒယ်အိုးနဲ့ပဲ ပေါင်းမယ်ဆိုရင်တော့ မိနစ် (၂၀) လောက် မီးပြင်းပြင်းနဲ့ ပေါင်းပြီးရင် မီးအားအနည်းငယ်လျှော့ချပြီး နာရီဝက်လောက် ထပ်ပေါင်းပေးပါ။ အရသာရှိရှိ နဲ့ နူးနူးညံ့ညံ့ စားချင်ရင်တော့ အချိန်ကြာကြာပေါင်းနိုင်လေ ကောင်းလေပါပဲ။ အကောင်းဆုံးကတော့ တစ်နာရီခွဲခန့် ပေါင်းအိုးနဲ့ ပေါင်းတာက အကောင်းဆုံးပါပဲ။ (၁၀) မိနစ် တစ်ခါလောက် မွှေပေးဖို့လည်း လိုတယ်နော်။

 

အသားတွေနူးအိပြီး အရည်ခပ်ပျစ်ပျစ်လေး ဖြစ်လာတဲ့အချိန်မှာတော့ မိမိသောက်ချင်တဲ့ ဟင်းရည်ပမာဏကို ချင့်တွက်ပြီး ရေထပ်ထည့်ပေးပါ။ ပွက်ပွက်ဆူလာပီဆိုရင်တော့ ကြက်သွန်မြိတ် (၂) ပင်ကို ကပ်ကြေးလေးနဲ့ ညှပ်ပြီးတော့ အပေါ်ကနေ ထည့်ပေးလို့ ရပါပြီ။ ဒါမှမဟုတ်ရင်လည်း ပန်းကန်လုံးထဲထည့်ပြီးမှ ထည့်လို့လည်း ရပါပြီ။ ပြီးတဲ့အခါမှာတော့ အရသာလည်းရှိ၊ အချိန်လည်းမကုန်၊ လူလည်းမပင်ပန်းပဲ အနံ့အရသာနဲ့ပြည့်စုံတဲ့ ဝက်ခြေထောက်ပေါင်းကို သုံးဆောင်လို့ရပါပြီ။

(ဝက်ခြေထောက်ပေါင်းနေစဉ်မှာပဲ ပြုတ်ပြီးသား ဘဲဥ (သို့ ) ကြက်ဥ (၂) လုံးကိုပါ ထည့်ပြုတ်ပေးလို့ တွဲဖက်စားသုံးလို့ ရပါသေးတယ်။ ဘဲဥ၊ ကြက်ဥကပါ အရောင်အနံ့အရသာကို ပိုမိုပြည့်စုံစေတဲ့အပြင် ဝက်ရည်လေးစိမ့်ဝင်နေတဲ့ ဘဲဥပေါင်းကိုပါ တစ်ပါတည်း စားလို့ရတာပေ့ါ။)

Share

Loading Next Article...
က္က