နွေရောက်ခါနီးပြီဆိုတော့ လူစိတ်အဝင်စားဆုံး အစားအစာတွေက ရင်အေးစေမဲ့ အအေးလေးတွေ၊ အစားအစာလေးတွေပဲ ဖြစ်ပါလိမ့်မယ်။

နွေရောက်ခါနီးပြီဆိုတော့ လူစိတ်အဝင်စားဆုံး အစားအစာတွေက ရင်အေးစေမဲ့ အအေးလေးတွေ၊ အစားအစာလေးတွေပဲ ဖြစ်ပါလိမ့်မယ်။ ဒီနေ့မှာတော့ ယိုးဒယားစတိုင်လ် သီးစုံကျောက်ကျော သာကူဖာလူဒါ လုပ်နည်းလေးကို ဖော်ပြပေးမှာဆိုတော့ စိတ်ဝင်စားရင် ဖတ်ကြည့်ကြပါဦး။

 

ပါဝင်ပစ္စည်းများ

Screenshot-2018-2-23 (3) Desert Soup Recipe - Sago Agar Agar Desert Recipe - YouTube.png

သာကူ (၁/၄) ခွက်၊ သစ်သီးကော့တေးလ် (၁) ဘူး၊ ကျောက်ကျောမှုန့် (၁၀) ဂရမ်၊ ရေ (၂) ခွက်၊ သကြား (၁/၄) ခွက်၊ အစိမ်းရောင် food coloring အနည်းငယ်၊ ဂျယ်လီ (၁) ထုပ်၊ နို့ဆီ (၁/၂) ခွက်၊ နွားနို့ (၁) ခွက်ခွဲ၊ ခရင်မ် (၁/၂) ခွက် တို့ပဲဖြစ်ပါတယ်။

ပြုလုပ်နည်း

Screenshot-2018-2-23 (3) Desert Soup Recipe - Sago Agar Agar Desert Recipe - YouTube(1).png 

အရင်ဆုံး သာကူကျိုရပါမယ်။ ဒယ်အိုးတစ်လုံးထဲမှာ သာကူကိုထည့်ပြီး အရင်ကျိုပေးလိုက်ပါ။ သာကူကျိုကျက်ရင် ရေစစ်ပြီး အိုးအလွတ်တစ်လုံးထဲ လှယ်ထည့်ပြီး ဘေးခနဖယ်ထားလိုက်ပါ။ ပြီးရင်တော့ ကျောက်ကျောမှုန့်ကို အဲဒီဒယ်အိုးထဲထည့်ပြီး ရေလိုအပ်သလောက်နဲ့ (၁၅) မိနစ်ခန့် ကျိုပေးလိုက်ပါ။ ပြီးရင် သကြားနဲ့ food coloring ထည့်ပြီး သမအောင်မွှေပေးလိုက်ပါ။ ကျောက်ကျောကျိုပြီးရင် လင်ပန်းတစ်ချပ်ထဲလောင်းထည့်ပြီး နာရီအနည်းငယ်ကြာ အအေးခံထားပေးလိုက်ပါ။

 

ဂျယ်လီမှုန့်ကိုတော့ ပန်းကန်တစ်လုံးထဲကို အရင်ဖောက်ထည့်ပေးလိုက်ပါ။ ပြီးရင် ရေနွေးလောင်းထည့်ပြီး မွှေပေးလိုက်ပါ။ သူ့ကိုလည်း ပန်းကန်တစ်လုံးထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ အအေးခံပေးလိုက်ပါ။ ကျောက်ကျောကော၊ ဂျယ်လီကော ခဲသွားပြီဆိုရင် အတုံးသေးသေးလေးတွေ လှီးပေးလိုက်ပါ။

Fruit Cocktail (သစ်သီးကော့တေးလ်) ဘူးတစ်ဘူးကိုဖောက်ပြီး သစ်သီးဖတ်လေးတွေကိုပဲ ယူလိုက်ပါ။ သစ်သီးဖတ်လေးတွေကိုလည်း သစ်သားဘုတ်ပြားပေါ်တင်ပြီး အတုံးသေးလေးတွေရအောင် လှီးဖြတ်ပေးလိုက်ပါ။

 

ပန်းကန်လုံးအကြီး တစ်လုံးထဲမှာတော့ နွားနို့ရယ်၊ ခရင်မ်ရယ်၊ နို့ဆီရယ်ရောထည့်ပြီး မွှေပေးလိုက်ပါ။ ပြီးရင် နို့ပန်းကန်ထဲကို သာကူနဲ့ သစ်သီးထည့်ပြီး မွှေပေးလိုက်ပါဦး။ ပြီးမှ အပေါ်ကနေ ကျောက်ကျောနဲ့ ဂျယ်လီဖတ်လေးတွေကို အုပ်ပေးလိုက်ပါ။ အုန်းသီးရှိရင် အုန်းသီးဖတ်နုနုလေးတွေကိုပါ ဖြူးပေးလိုက်ပါဦး။ ဒါဆိုရင် အရသာရှိတဲ့ သီးစုံကျောက်ကျော သာကူဖာလူဒါအေးအေးလေးကို သုံးဆောင်နိုင်ပါပြီနော်။

Source: Yummytummy

Share

Loading Next Article...
က္က