ဒိန်ချဉ်ကို သကြားနဲ့ရောပြီး စားသုံးကြသလို၊ ထန်းလျက်ရည်နဲ့ ရောပြီးတော့လည်း စားသုံးကြပါတယ်။

ဒိန်ချဉ်က ကယ်လ်ဆီယမ်ဓာတ်အပြည့်အဝပါလို့ အရိုးတွေကို သန်မာစေပါတယ်။ အသားအရေကို စိုပြည်လှပစေပြီးတော့ အာဟာရဓာတ်တွေအများကြီးပါလို့လည်း ခွန်အားကို ပြည့်စုံစေတဲ့အပြင် ဝမ်းမှန်စေပါတယ်။ ကိုယ်ဝန်ဆောင်သည်တွေ ဝမ်းချုပ်တဲ့အခါမျိုးမှာ ဒိန်ချဉ်ကို နေ့စဉ်ပုံမှန်သောက်သုံးပေးရင် ဝမ်းချုပ်ခြင်းကို သက်သာပျောက်ကင်းစေပါတယ်။ ကလေးတွေ သောက်သုံးရင် ဉာဏ်ရည်ကို ဖွံ့ဖြိုးစေတဲ့အပြင် ခန္ဓာကိုယ်ကြီးထွားမှုကိုလည်း အထောက်အပံ့ပေးတာကြောင့် ကျန်းမာရေးနဲ့ သင့်တော်တဲ့ အစားအစာတစ်ခုလည်း ဖြစ်ပါတယ်။

ဒိန်ချဉ်ကို သကြားနဲ့ရောပြီး စားသုံးကြသလို၊ ထန်းလျက်ရည်နဲ့ ရောပြီးတော့လည်း စားသုံးကြပါတယ်။ ချဉ်စူးစူးအရသာလေးမှာ အချိုဓာတ်လေးနည်းနည်းဖြည့်ပေးလိုက်တော့ ချိုချဉ်အရသာလေးကို ခံစားရတာပေါ့။ ဒီနေ့မှာတော့ ဒိန်ချဉ်ကို သစ်သီးလေးတွေနဲ့ ရောယှက်ပြိး စားသုံးလို့ရအောင် သစ်သီးစုံဒိန်ချဉ် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

Fruit-Salad-with-Yogurt-Sauce-28-of-29.jpg 

ဒိန်ချဉ် (၁) ကီလို၊ လိမ္မော်ရည် စားပွဲတင်ဇွန်း (၂) ဇွန်း၊ သံပုရာအခွံ လက်ဖက်ရည်ဇွန်း (၂)ဇွန်း၊ သကြား (၁/၄) ဇွန်း၊ တရုတ်ဇီးသီး (သို့) မက်မွန်သီး ဖျော်ရည် (၁၀) ဘူး (ဘူးသေး)၊ ဘလူးဘယ်ရီသီး (၁) ခွက်၊ ကီဝီသီး အနည်းငယ်၊ သီဟိုစေ့ အနည်းငယ်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

ThinkstockPhotos-453653835.jpg 

Baking Paper (ပေါင်းခံစက္ကူ) ကို အနက် ၇ စင်တီမီတာ၊ အလျားအနံ ၉ စင်တီမီတာနဲ့ ၂၅ စင်တီမီတာရှိသော သံဖြူခွက်ပေါ်သို့  ဖြန့်ခင်းပါ။ ပန်းကန်လုံးအကြီးထဲကို ဒိန်ချဉ်၊ လိမ္မော်ရည်၊ သံပုရာအခွံ နဲ့ သကြားတို့ကို လောင်းထည့်ပါ။ တရုတ်ဇီးသီး (သို့) မက်မွန်သီးဖျော်ရည်၊ ဘလူးဘယ်ရီ နဲ့ ကီဝီသီးတို့ကိုလည်း ရောပြီး အခြားပန်းကန်(သို့) ဘူးတစ်ခုအတွင်းသို့ ဖြည်းညင်းစွာလောင်းချပေးပြီး မိနစ် (၂၀) ခန့် အအေးခံပေးပါ။

 

အအေးခံပြီးရင်တော့ ဘူးကို ပြန်လည်ထုတ်ယူပြီး ကြိုတင်ပြုလုပ်ထားတဲ့ ဒိန်ချဉ်နဲ့သစ်သီးရည်တွေကို သမသွားအောင် ဖြည်းညင်းစွာ မွှေပေးရပါမယ်။ ပြီးရင်တော့ လင်ပန်းတစ်ခုအတွင်းကို ဒိန်ချဉ်သစ်သီးရည်၊ ဘလူးဘယ်ရီနဲ့အသီးတွေပြုလုပ်ထားတာတွေကို ရောထည့်လို့ရပါပြီ။ ပြီးရင်တော့ မိမိကြိုက်နှစ်သက်သလောက် အအေးခံပြီးတော့ အရသာနဲ့ပြည့်စုံတဲ့ သစ်သီးစုံဒိန်ချဉ်ကို သုံးဆောင်လို့ရပါပြီ။

Source : healthyfood

Share

Loading Next Article...
က္က