စီးပွားရေးလောကမှာ စကားပုံတစ်ခုကို ရှိပါတယ်။ "လူတိုင်းကို ပျော်စေချင်ရင် ရေခဲမုန့်ရောင်းပါ" တဲ့။

စီးပွားရေးလောကမှာ စကားပုံတစ်ခုကို ရှိပါတယ်။ "လူတိုင်းကို ပျော်စေချင်ရင် ရေခဲမုန့်ရောင်းပါ" တဲ့။ ဆိုလိုချင်တာကတော့ စီးပွားရေးလုပ်တယ်ဆိုတာ လူတိုင်းကို ပျော်ရွှင်အောင် လုပ်ပေးဖို့မဟုတ်ပါဘူး။ တကယ်လို့ သင်ဟာ လူတိုင်းကို ပျော်ရွှင်စေချင်သူတစ်ဦးဆိုရင် ရေခဲမုန့်ပဲ သွားရောင်းလိုက်ပါတဲ့။ တစ်နည်းအားဖြင့် ရေခဲမုန့်ဟာ လူတွေကို ပျော်ရွှင်စေတယ်လို့လည်း အဓိပ္ပာယ်ကောက်လို့ရတာပေါ့။ တကယ်တော့ စိတ်ပညာ သဘောတရားအရ ရေခဲမုန့်စားခြင်းဟာ လူတစ်ယောက်ရဲ့ စိတ်ဖိစီးမှုကို အတိုင်းအတာတစ်ခုထိ လျော့ကျစေနိုင်ပါတယ်။

ဒါတင်မကသေးပါဘူး။ လူတစ်ယောက် အနှစ်သက်ဆုံး ရေခဲမုန့်အရသာကိုလိုက်ပြီး သူ့ရဲ့စိတ်နေစိတ်ထားကို ခန့်မှန်းလို့ရပါတယ်။ အောက်မှာ ဖော်ပြထားတာကတော့ လူစားအများဆုံး ရေခဲမုန့် (၄) မျိုးနဲ့ သုတေသန ပြုလုပ်ထားတဲ့ ရေခဲမုန့်နဲ့ စိတ်နေစိတ်ထားကြားက ဆက်နွယ်မှုလေးတွေပါ။ ဖတ်ကြည့်ပြီး မိမိအနှစ်သက်ဆုံး ရေခဲမုန့်နဲ့ မိမိစိတ်နေစိတ်ထား ကိုက်မကိုက် တိုက်ကြည့်ကြပါဦး။

၁။ ဗနီလာရေခဲမုန့်

Ice-Cream-Maker-Luxury-Vanilla-Ice-Cream.jpg 

ဗနီလာရေခဲမုန့်ကို နှစ်သက်သူတွေကတော့ ယေဘုယျအားဖြင့် ရိုးရှင်းပြီး တည်ငြိမ်ပါတယ်။ အဲဒီလိုလူမျိုးက တကယ်ရှားပါတယ်။ ခင်ဗျားဟာ ကြင်နာတတ်ပြီး နူးညံ့သိမ်မွေ့တဲ့လူတစ်ဦးဖြစ်ပါတယ်။ လူတချို့ကတော့ ခင်ဗျားကို မာနကြီးတယ်လို့ ယူဆကြပေမယ့် တကယ်တမ်းကတော့ အတွင်းစိတ်က သိမ်မွေ့ဖော်ရွေပါတယ်။

၂။ ချောကလက်ရေခဲမုန့်

phpThumb_generated_thumbnail.jpeg 

ကိုယ့်အတွက်ကိုယ်ပဲ ကြည့်တတ်တာ၊ အတ္တကြီးတတ်တာက ထင်သလောက်လည်း မဆိုးပါဘူး။ ချောကလက်ရေခဲမုန့်နှစ်သက်သူတွေကတော့ အတ္တနည်းနည်းကြီးပါတယ်။ ဒါပေမယ့် ပျော်ပျော်နေတတ်သူလည်း ဖြစ်ပါတယ်။ စိတ်ဓာတ်ခိုင်မာသလို တချို့အခြေအနေတွေနဲ့ပတ်သက်ပြီး ထိရောက်တဲ့အမြင်တွေလည်းရှိပါတယ်။ တောင်တန်းတွေဆီကို ခရီးသွားရတာကို သဘောကျပြီး လေပြည်လေညှင်းလေးတွေကိုလည်း ချစ်ခင်နှစ်သက်ပါတယ်။ ခင်ဗျားဟာ သူများနဲ့မတူ၊ တမူထူးခြားနေပါလိမ့်မယ်။

၃။ စတော်ဘယ်ရီရေခဲမုန့်

20150706-strawberry-ice-cream-vicky-wasik-4-1500x1125.jpg 

ချစ်စရာကောင်းခြင်းက ခင်ဗျားရဲ့အထူးအရည်အသွေးဖြစ်နေပါလိမ့်မယ်။ ချစ်စရာကောင်းတယ်။ ပျော့ပြောင်းနူးညံ့တယ်ဆိုတာတွေက ခင်ဗျားရဲ့အထူးအရည်အချင်းတွေပါပဲ။ တစ်ခုခုကို ဘယ်တော့မှ ဒေါသနဲ့ မဖြေရှင်းတတ်သလို အမုန်းတရားတွေလည်း မထားတတ်ပါဘူး။ ငြိမ်းချမ်းရေးကို လိုလားသူတစ်ဦးဖြစ်တဲ့အတွက် သူငယ်ချင်းအုပ်စုကြားထဲမှာလည်း ဖျန်ဖြေရေးသမားတစ်ဦးအဖြစ် ထင်ရှားပါတယ်။

၄။ ကော်ဖီရေခဲမုန့်

20150609-coffee-ice-cream-vicky-wasik-5.jpg 

ကော်ဖီရေခဲမုန့်ကို နှစ်သက်သူတွေက ကော်ဖီချစ်သူတွေလိုပါပဲ။ ဆိတ်ငြိမ်တဲ့တစ်နေရာမှာ စာအုပ်ထိုင်ဖတ်နေရတာကို နှစ်သက်တတ်ကြသူတွေပါ။ အပြင်လောကကြီးနဲ့ ထိပ်တိုက်တိုးမယ့်အစား စာအုပ်ထဲမှာမွေ့လျော်တတ်ကြသူတွေဖြစ်ပါတယ်။ ဒါပေမယ့် နည်းနည်းတော့ခေါင်းမာတတ်ကြပါတယ်။ နောက်တစ်ခုက ဂန္တဝင်ပစ္စည်းတွေကိုလည်း မြတ်နိုုးကြပါတယ်။ ဒီလိုလူမျိုးဟာ တီထွင်ဖန်တီးမှုနဲ့ ဆိုင်တဲ့ အနုပညာအလုပ်တွေမှာ အောင်မြင်တတ်ကြပါတယ်။ ခင်ဗျားဟာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အလုပ်ကြိုးစားတတ်သူတစ်ဦးလည်း ဖြစ်ပါတယ်။

Source: Youngisthan

Share

Loading Next Article...
က္က