ပါဝင်ပစ္စည်းတွေကလည်း ထွေထွေထူးထူးမလိုဘဲ ရေခဲသေတ္တာထဲမှာ ရှိတဲ့အရာလေးတွေနဲ့ပဲ ဖြေရှင်းလို့ရပါတယ်။

ဈေးဝယ်ထွက်ရမှာလည်း ပျင်းတယ်။ ဗိုက်ကလည်းဆာနေတယ်။ အိမ်မှာရှိတာလေးနဲ့ပဲ ဝမ်းရေးကို ဖြေရှင်းမယ်ဆိုသူတွေ ရှိပါသလား။ အဲဒီလိုလူတွေအတွက် အလွယ်ကူဆုံးနဲ့ အလျင်မြန်ဆုံး ချက်ပြုတ်လို့ရမဲ့ ဟင်းလျာလေးတစ်မယ်ကို မိတ်ဆက်ပေးမှာပါ။ ပါဝင်ပစ္စည်းတွေကလည်း ထွေထွေထူးထူးမလိုဘဲ ရေခဲသေတ္တာထဲမှာ ရှိတဲ့အရာလေးတွေနဲ့ပဲ ဖြေရှင်းလို့ရပါတယ်။ အဲဒါကတော့ ကြက်ဥမွှေကြော်ပါပဲ။

 

အမယ်... ကြက်ဥမွှေကြော်လေးများဆိုပြီး မျက်မှောင်ကုတ်မသွားပါနဲ့ဦး။ ယခုဖော်ပြမယ့်ဟင်းလျာလေးကတော့ မြန်မာ့နည်း၊ မြန်မာ့ဟန်အတိုင်း ကြက်သွန်နီတွေ၊ ခရမ်းချဉ်သီးတွေ၊ ငရုပ်သီးစိမ်းတွေ ညှပ်ထည့်ပြီး ကြော်ထားတဲ့ ကြက်ဥမွှေကြော်မျိုး မဟုတ်ပါဘူး။ နို့တို့၊ ထောပတ်တို့နဲ့ ကြော်ထားတဲ့ ဥရောပစတိုင်လ် ကြက်ဥမွှေကြော်မျိုးပဲဖြစ်ပါတယ်။ ခရင်မ်များများနဲ့ စားလို့လည်းကောင်းတဲ့ဒီဟင်းလျာလေးကို မနက်ခင်းစာအဖြစ် စားသုံးလို့ရသလို ပေါင်မုန့်မီးကင် (၄) ချပ်ရယ်၊ ကော်ဖီတစ်ခွက်လောက်ရယ်နဲ့ တွဲဖက်လိုက်ရင်လည်း လွယ်ကူမြန်ဆန်တဲ့ ဆန်းဒေးနေ့လည်စာတစ်နပ် ဖြစ်သွားတာပေါ့။

ပါဝင်ပစ္စည်းများ

81u+fGc3dXL._SL1500_.jpg 

ပါဝင်ပစ္စည်းတွေကတော့ ကြက်ဥ (၄) လုံး၊ နွားနို့ လတ်လတ်ဆတ်ဆတ် (၁/၄) ခွက်၊ ဆားနဲ့ငရုပ်ကောင်းမှုန့်၊ ထောပတ် လက်ဖက်ရည်ဇွန်းနဲ့ (၂) ဇွန်းခွဲခန့် တို့ပဲဖြစ်ပါတယ်။

ပြုလုပ်နည်း

whisking-eggs.jpg 

ပြုလုပ်ချိန် စုစုုပေါင်းက (၁၅) မိနစ် ခန့် ကြာမြင့်ပါမယ်။ အရင်ဆုံး ပန်းကန်တစ်လုံးထဲမှာ ကြက်ဥလေးလုံးကို ဖောက်ထည့်လိုက်ပြီး ဇွန်းတစ်ချောင်းနဲ့ ခလောက်ပေးလိုက်ပါ။ ပြီးရင် နွားနို့ရယ်၊ ဆားရယ်၊ ငရုပ်ကောင်းမှုန့်ရယ်ကိုပါ ထပ်ထည့်ပြီး ရောသမ မွှေပေးလိုက်ပါဦး။ ဒုတိယအဆင့်အနေနဲ့ မီးဖိုပေါ်မှာ ဒယ်အိုးပြားတစ်ချပ်ကိုတင်ပြီး ထောပတ် (၂) ဇွန်းခွဲခန့်ထည့်ပြီး အပူပေးလိုက်ပါ။

 

ထောပတ်တွေအရည်ပျော်ပြီး ပူလောက်ပြီဆိုရင် စောစောက မွှေထားတဲ့ ကြက်ဥပန်းကန်ကို ဒယ်အိုးပြားထဲ လောင်းထည့်လိုက်ပါ။ မိနစ်အနည်းငယ်ကြာရင် ဇွန်းကြီးတစ်ချောင်းနဲ့ အလိပ်လေးတွေဖြစ်အောင် မွှေပေးလိုက်ပါဦး။ အဲဒီလိုပဲ မွှေလိုက်၊ လှန်လိုက်၊ ခေါက်လိုက် လုပ်ပြီး ထူပျစ်လာသည်အထိ ချက်ပြုတ်ပေးနေလိုက်ပါ။ နောက်ဆုံးကြက်ဥအရည်လုံးဝမမြင်ရတော့အထိ မွှေပေးရပါမယ်။ ဒါဆိုရင်တော့ နောက်ဆုံးမှာ ဥရောပစတိုင်လ် ကြက်ဥမွှေကြော်လေးရရှိပါပြီ။ ပေါင်မုန့်မီးကင်တို့၊ အာလူးပြုတ်တို့၊ (ကြက်အူချောင်း နှစ်ချောင်းလောက်ပြုတ်ပြီး ထည့်ချင်လည်းထည့်နိုင်ပါတယ်။) ပါထည့်လိုက်ရင်တော့ စူပါဆန်းဒေးမှာ စူပါဥရောပနေ့လည်စာလေးကို ရရှိသွားပြီပေါ့။

Source: food.ndtv

Share

Loading Next Article...
က္က