French toast (ပေါင်မုန့်ကြက်ဥကြော်) တွေဟာ အကောင်းဆုံးမနက်စာတစ်မျိုးပါပဲ။

French toast (ပေါင်မုန့်ကြက်ဥကြော်) တွေဟာ အကောင်းဆုံးမနက်စာတစ်မျိုးပါပဲ။ သူတို့ဟာ ပြုလုပ်ရတာလည်းလွယ်ကူတယ်။ ပါဝင်ပစ္စည်းနဲ့ ပြုလုပ်ချိန်လည်း နည်းပါးတယ်။ နောက်ပြီး စားရတာလည်း အရသာရှိပါတယ်။

ဒါပေမယ့် တစ်ခုရှိတာက ပေါင်မုန့်ကြက်ဥကြော်တွေဟာ ကျန်းမာရေးနဲ့ညီညွှတ်ဖို့လည်း လိုပါသေးတယ်။ အဆီအရမ်းများတဲ့ ပေါင်မုန့်ကြက်ဥကြော်တွေဟာ လူကိုဝိတ်တက်စေပြီး အဆီတွေလည်း ပိုများလာစေနိုင်ပါတယ်။ ဒီနေ့မှာတော့ ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး အဆီအရမ်းမများတဲ့ အုန်းသီးပေါင်မုန့်ကြက်ဥကြော် လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

coconut-french-toast-85755-1.jpeg 

ဒီပေါင်မုန့်ကြက်ဥကြော် (French Toast) လေးကိုပြုလုပ်ဖို့ ပေါင်မုန့် (၁) ချပ်ရယ်၊ သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း (၁) ဇွန်းရယ်၊ သကြားညို လက်ဖက်ရည်ဇွန်း (၁) ဇွန်းခွဲခန့်၊ ကြက်ဥတစ်လုံး၊ အုန်းနိုု့ (၁/၂) ခွက်နဲ့ ဆားအနည်းငယ်လိုအပ်ပါတယ်။

ပြုလုပ်နည်း

exps8090_B163857D11_03_3b.jpg 

ပြုလုပ်နည်းကတော့ အရင်ဆုံး ပန်းကန်ပြားတစ်ချပ်ပေါ်မှာ အဆီနည်းတဲ့ထောပတ်ကိုသုတ်လိမ်းလိုက်ပြီး ပေါင်မုန့်ကို ပန်းကန်ပြားပေါ်မှာတင်လိုက်ပါ။ ထောပတ်သုတ်ပြီးရင် သစ်ကြံပိုးခေါက်မှုန့်နဲ့ သကြားညိုကို ပေါင်မုန့်ပေါ် ဖြူးပေးလိုက်ပါ။

ပြီးရင် ကြက်ဥရယ်၊ နို့ရယ်၊ ဆားရယ်ကို ပန်းကန်လုံးတစ်လုံးထဲ ထည့်ပြီး ရောသမမွှေလိုက်ပါ။ ရလာတဲ့အနှစ်ကို ပေါင်မုန့်ပေါ်ကိုလောင်းချပေးလိုက်ပါ။ ပြီးရင်တော့ ပန်းကန်ပြားအပေါ်ကနေ နောက်ထပ်ပန်းကန်ပြားတစ်ချပ် (သို့) အလူမီနီယမ်ခဲစက္ကူနဲ့အုပ်ပြီး (၁၅) မိနစ်လောက်ထားပေးလိုက်ပါ။

 

ပြီးရင် မိုက်ခရိုဝေ့ဖ် (microwave) မီးဖိုထဲထည့်ပြီး (၅) မိနစ်လောက် ထားလိုက်ရင် အုန်းသီးနံ့လေးမွှေးပြီး သင်းနေတဲ့ အုန်းသီးပေါင်မုန့် ကြက်ဥကြော်လေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Indianspot

 

Share

Loading Next Article...
က္က