ဟယ်ရီပေါ်တာ ရုပ်ရှင်ဇာတ်ကားတွေနဲ့ စာအုပ်စီးရီးတွေရဲ့ ဖန်တွေကတော့ ထောပတ်ဘီယာ (butterbeer) ကို ကောင်းကောင်းသိကြမှာပါ။

ဟယ်ရီပေါ်တာ ရုပ်ရှင်ဇာတ်ကားတွေနဲ့ စာအုပ်စီးရီးတွေရဲ့ ဖန်တွေကတော့ ထောပတ်ဘီယာ (butterbeer) ကို ကောင်းကောင်းသိကြမှာပါ။ ဒီနေ့မှာတော့ ဟယ်ရီပေါ်တာဖန်တွေအတွက် ထောပတ်ဘီယာစတိုင်လ် လက်တေးလ်ကော်ဖီ ဖျော်နည်းလေးကို ဖော်ပြပေးသွားမှာပါ။ ကော်ဖီပူပူလေးကို marshmallow မီးကင်လေးနဲ့ တွဲစားပြီး နွေးထွေးမှုကို ရယူလိုက်ကြရအောင်။



ပါဝင်ပစ္စည်းများ

Best-Marshmallow-Butterbeer-Latte-for-Harry-Potter-fans-2.jpg 

သကြားညို (၂) ဇွန်း၊ ထောပတ် (၂) ဇွန်း၊ နွားနို့ (၂) ခွက်၊ ဗနီလာအနှစ် (၁) ဇွန်း၊ သစ်ကြံပိုးခေါက်မှုန့် (၁/၂) ဇွန်း၊ ဇာတိပ္ဖိုလ်သီးမှုန့် နည်းနည်းရယ်၊ အက်စ်ပရက်စ်ဆို (Espresso) ကော်ဖီမှုန့် (၁) ခွက်စာရယ်၊ Whipped Cream နည်းနည်းရယ်၊ Marshmallow မီးကင်နည်းနည်းရယ် လိုအပ်ပါတယ်။

ပြုလုပ်နည်း

Best-Marshmallow-Butterbeer-Latte-for-Harry-Potter-fans-4.jpg 

Medium အပူချိန်ရှိတဲ့ မီးဖိုပေါ်မှာ ဒယ်အိုးတစ်လုံးထဲမှာ သကြားညိုနဲ့ ထောပတ်ကိုထည့်ပြီး ဇွန်းတစ်ချောင်းနဲ့ မွှေပေးလိုက်ပါ။ အရည်ပျော်ပြီး သမသွားသည်အထိ မွှေပေးရမှာပါ။ ထောပတ်ရည် ဆူပွက်လာပြီဆိုရင် နွားနို့ထည့်ပေးလိုက်ပါ။ နွားနို့၊ ထောပတ်နဲ့ သကြား အချိုးအစားတူညီစွာ သမသွားသည်အထိ အပူပေးလိုက်ပါ။ ပြီးရင် ဗနီလာအနှစ်ရယ်၊ သစ်ကြံပိုးခေါက်မှုန့်ရယ်၊ ဇာတိပ္ဖိုလ်သီးမှုန့်ရယ်ကို ထည့်ပြီး ဆူပွက်သည်အထိ ကျိုချက်ပေးလိုက်ပါ။

 

(၁) မိနစ်ခန့် နှပ်ပေးပြီးရင်တော့ အက်စ်ပရက်စ်ဆို (Espresso) ကော်ဖီမှုန့် (၁) ခွက်စာကို နွားနို့အိုးထဲထည့်ပြီး ကောင်းကောင်းမွှေပေးလိုက်ပါ။ ပြီးရင် မီးပြန်ပိတ်ပေးလိုက်ပါ။

ကြက်ဥမွှေတဲ့ ခေါက်တံ (သို့) Milk frother ကိုသုံးပြီး လက်တေးလ်ကော်ဖီစတိုင်လ် အမြှုပ်ထအောင် လုပ်ပေးလိုက်ပါ။ ပြီးရင် ကော်ဖီခွက်တွေထဲကို လောင်းထည့်ပေးလိုက်ပါ။ အပေါ်ကနေ whipped cream နဲ့ marshmallow မီးကင်လေးတွေ တင်ပေးလိုက်ရင် အသင့်သုံးဆောင်နိုင်ရုံ အနေအထားကို ရောက်ရှိပါပြီ။

Source: Myfoodstory


ဆက်စပ်အကြောင်းအရာများ

Share

က္က