လကုန်ခါနီးပြီဆိုတော့ လစာထုတ်ရက်မှာ ပူပူစပ်စပ် မာလာရှမ်းကောလေးကို အာရုံကျမိတတ်ကြတာ ထုံးစံပါပဲ။ အခုဆိုရင် ရန်ကုန်မြို့မှာ ရွေးချယ်စရာ မာလာရှမ်းကောဆိုင်တွေကလည်း အများကြီးရှိနေပြီလေ။

 

ဒါပေမဲ့ တချို့ဆိုင်တွေက ဈေးအရမ်းကြီးတာနဲ့၊ တချို့ဆိုင်တွေက အစပ်အဟပ်မတည့်တာနဲ့၊ တချို့ဆိုင်တွေက ဝန်ဆောင်မှု ညံ့တာနဲ့ အဆင်မပြေတာလေးတွေကို ကြားဖူးမြင်ဖူး ကြုံဖူးကြမှာပါ။ စီချွမ်းစတိုင်လ် မာလာရှမ်းကောကို အိမ်မှာပဲ ကိုယ်တိုင်လုပ်စား ကြည့်ကြရမယ် ဆိုရင်ကော ဘယ်လိုသဘောရလဲ။

ပါဝင်ပစ္စည်းများ

ma-la-xiang-guo-16.jpg 

ဟင်းသီးဟင်းရွက် ပိုင်းအတွက် တရုတ်နံနံ (၃) ပင်၊ မုန်လာဥနီ (၂) လုံး၊ အာလူး (၂) လုံး၊ ကြွက်နားရွက်မှို (၂) ခွက်၊ မာလာခေါက်ဆွဲ (၃) ပင်ခန့်၊ shiitake မှို (၄) ခုခန့်၊ ကြာစွယ် လက်တစ်ဆပ်စာခန့် လိုအပ်ပါတယ်။ ဟင်းအနှစ်အတွက်ကတော့ ဆီ (၁/၃) ခွက်ရယ်၊ စမုန်စပါးစေ့ရယ်၊ စီချွမ် peppercorn မှုန့် (၂) ဇွန်းရယ်၊ ဖာလာစေ့ (၁) စေ့ရယ်၊ သစ်ကြံပိုးခေါက် (၁) ချောင်းရယ်၊ ကရဝေးရွက်ရယ်၊ ဇာတိပ္ဖိုလ်သီး (၁) လုံးရယ်၊ လိမ္မော်ခွံ (၁) လုံးစာရယ်၊ ဂျင်းတက် (၅) ဖတ်ရယ်၊ ငရုပ်သီးခြောက် (၁/၄) ခွက်ရယ် လိုအပ်ပါတယ်။

 

ဒါ့အပြင် ဟင်းခပ်ပစ္စည်းအဖြစ် ပဲငပိအစပ် အနှစ် (၂) ဇွန်းရယ်၊ ဟော့ပေါ့ဆော့စ် အနှစ် (၂) ဇွန်းရယ်၊ ဂျင်းတက် (၆) စိတ်ရယ်၊ ကြက်သွန်ဖြူ (၈) တက်ရယ်၊ ကြက်သွန်နီ (အသေး) (၃) လုံးရယ်၊ အနီရောင် ငရုပ်သီးမှုန့် (၁) ခွက်၊ ကြက်သွန်မြိတ် (၃) ပင်၊ ဂေါ်ဖီထုပ် (၁/၄) ထုပ်ရယ်၊ ငါးဖယ်လုံး (၁၇) အောင်စခန့်ရယ်၊ ဆန်ဝိုင် (၂) ဇွန်းရယ်၊ သကြား (၁) ဇွန်းရယ်၊ ဆားအနည်းငယ်ရယ်၊ နံနံပင်နုတ်နုတ်စင်း လက်တစ်ဆုပ်စာရယ် လိုအပ်ပါသေးတယ်။

ပြုလုပ်နည်း

ma-la-xiang-guo-7.jpg 

အရင်ဆုံး ဟင်းသီးဟင်းရွက် ပါဝင်ပစ္စည်းတွေဖြစ်တဲ့ တရုတ်နံနံ (၃) ပင်၊ မုန်လာဥနီ (၂) လုံး၊ အာလူး (၂) လုံး၊ ကြွက်နားရွက်မှို (၂) ခွက်၊ မာလာခေါက်ဆွဲ (၃) ပင်ခန့်၊ shiitake မှို (၄) ခုခန့်၊ ကြာစွယ် လက်တစ်ဆပ်စာခန့်တို့ကို ရေဆေးကြောပြီး တစ်ကိုက်စာအရွယ် အတုံးလေးတွေရအောင် လှီးဖြတ်ပေးလိုက်ပါ။

ရေနွေးတစ်အိုးကို ဆူပွက်သည်အထိ အရင်တည်ပေးလိုက်ပါ။ ပြီးရင် ဟင်းသီးဟင်းရွက်တွေ အားလုံးကို ထည့်ပြုတ်ပေးလိုက်ပါ။ ပြုတ်ပြီးသွားရင်တော့ ဟင်းသီးဟင်းရွက်တွေ အားလုံးကို ရေစစ်ဇကာတစ်ခုထဲမှာ ရေစစ်ပေးလိုက်ပါ။

ဒယ်အိုးတစ်လုံးထဲမှာ ဆီထည့် အပူပေးလိုက်ပြီး စမုန်စပါးစေ့ရယ်၊ စီချွမ် peppercorn မှုန့် (၂) ဇွန်းရယ်၊ ဖာလာစေ့ (၁) စေ့ရယ်၊ သစ်ကြံပိုးခေါက် (၁) ချောင်းရယ်၊ ကရဝေးရွက်ရယ်၊ ဇာတိပ္ဖိုလ်သီး (၁) လုံးရယ်၊ လိမ္မော်ခွံ (၁) လုံးစာရယ်၊ ဂျင်းတက် (၅) ဖတ်ရယ်၊ ငရုပ်သီးခြောက် (၁/၄) ခွက်ရယ်ကို ထည့်ပြီး မိနစ် (၂၀) ခန့် ဆီသတ်ပေးလိုက်ပါ။ မိနစ် (၂၀) ပြည့်ရင်တော့ သံယောက်မတစ်ချောင်းနဲ့ ပါဝင်ပစ္စည်းတွေကို ပန်းကန်တစ်လုံးထဲကို လှယ်ထားပေးလိုက်ပါ။

 

ခုနက ဒယ်အိုးထဲမှာပဲ ဆီပူပေးလိုက်ပြီး ပဲငပိအစပ် အနှစ်ရယ်၊ ဟော့ပေါ့ဆော့စ်ရယ်၊ ဂျင်းရယ်၊ ကြက်သွန်ဖြူရယ်၊ ကြက်သွန်နီရယ်ကို ထည့်ပြီး ဆီသတ်ပေးလိုက်ပါ။ မိနစ်အနည်းငယ်ကြာ ချက်ပြုတ်ပြီးရင် ပါဝင်ပစ္စည်းတွေ အနီရောင်သမ်းလာပါလိမ့်မယ်။ ဒါဆိုရင်တော့ ငရုပ်သီးမှုန့်၊ ကြက်သွန်မြိတ်နဲ့ ဂေါ်ဖီထုပ်တို့ကို ထည့်ပေးလိုက်ပါ။

 

(၂) မိနစ်ခန့်ကြာအောင် ပါဝင်ပစ္စည်းအားလုံးကို သမအောင်မွှေပေးလိုက်ပါ။ ပြီးရင်တော့ ငါးဖယ်လုံးလေးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကိုပါ ထည့်ပေးလိုက်ပါဦး။ အပေါ်ကနေ ဆန်ဝိုင်နဲ့ သကြားပါထည့်ပြီး ယောက်မနဲ့ မွှေပေးလိုက်ပါ။

 

ပါဝင်ပစ္စည်းအားလုံး ဒယ်အိုးထဲမှာ စုံသွားပြီဆိုရင်တော့ (၂) မိနစ်ခန့် မွှေကြော်ကြော်ပေးလိုက်ပါ။ အပေါ့အငန်မြည်းကြည့်ပြီး လိုရင်ဆားခတ်ပေးလိုက်ပါဦး။ ပြီးရင် ဒယ်အိုးထဲက မာလာရှမ်းကော ပူပူစပ်စပ်လေးကို ဇောက်နက်တဲ့ မြေပန်းကန်တစ်လုံးထဲ ပြောင်းထည့်ပြီး ထမင်းပူပူလေးတစ်လုံးနဲ့ တွဲဖက်စားသုံးနိုင်ပါပြီ။

Source: thewoksoflife

Share

Loading Next Article...
က္က