တစ်ခါတလေ အဆီများတဲ့ အစားအစာတွေကို လျှာအလိုလိုက်ပြီး စားပေးခြင်းက စိတ်ကိုကျေနပ်မှု ရရှိစေတဲ့အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အဆီဓာတ်ကိုလည်း ပြည့်ဝစေနိုင်ပါတယ်။

တစ်ခါတလေ အဆီများတဲ့ အစားအစာတွေကို လျှာအလိုလိုက်ပြီး စားပေးခြင်းက စိတ်ကိုကျေနပ်မှု ရရှိစေတဲ့အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အဆီဓာတ်ကိုလည်း ပြည့်ဝစေနိုင်ပါတယ်။ ဒါဆိုရင် ဝက်ခေါက်သားကို ကြွပ်ရွနေအောင် ကင်ထားတဲ့ ဝက်ခေါက်သား ခဲပတ်ကင်လေးကိုလည်း စိတ်ဝင်စားကြမှာပေါ့။ စိတ်ဝင်စားရင် ပြုလုပ်နည်းကို အောက်မှာဆက်ဖတ်ပေးနော်။

ပါဝင်ပစ္စည်းများ

Screenshot-2018-2-27 Crispy Pork Belly.png 

ဝက်ဝမ်းပျဉ်းသား (၅၀၀) ဂရမ်၊ ဆားအနည်းငယ်၊ ဟင်းချက်ဝိုင် (၂) ဇွန်း၊ ဟင်းသီးဟင်းရွက်ဆီ (လိုအပ်သလောက်)၊ ပဲငံပြာရည်အကြည် (၁) ဇွန်း၊ မုန့်ဖုတ်ပေါင်ဒါ ဇွန်းဝက်၊ ကြက်သွန်မြိတ် (၁) ပင်၊ ဂျင်း (၃) ဖတ်၊ ဆား (၁) ဇွန်း၊ သကြား (၁) ဇွန်း၊ Chinese Five Spice Powder (၁) ဇွန်း တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

Screenshot-2018-2-27 Crispy Pork Belly(1).png 

အရင်ဆုံး ဝက်ဝမ်းပျဉ်သားကို ရေသေချာဆေးကြောပြီး အိုးအကြီး တစ်လုံးထဲမှာ ရေ၊ ဂျင်းတက်၊ ကြက်သွန်မြိတ်၊ ဆန်ဝိုင်တို့နဲ့အတူ ရောထည့်လိုက်ပါ။ ပါဝင်ပစ္စည်းအားလုံးကို ဆူပွက်အောင် ချက်ပြုတ်ပေးလိုက်ပြီး နောက်ထပ် (၁၅) မိနစ်ခန့် မီးဖိုပေါ်မှာ အပူပေးထားလိုက်ပါဦး။ ပြီးရင် အိုးထဲကထုတ်ပြီး ရေစစ်ထားလိုက်ပါ။

 

ပြီးရင် သွားကြားထိုးတံလေးတွေကို ဝက်အခေါက်ပေါ်မှာ လိုက်စိုက်ပြီး အပေါက်လေးတွေဖြစ်အောင် ဖန်တီးပေးလိက်ပါ။ အပေါက်ရေ များလေလေ ပိုကောင်းလေလေပါပဲ။ ပြီးရင် ဝက်သားတုံး မျက်နှာပြင်ကို ဆားနဲ့လိုက်ပွတ်ပေးလိုက်ပါ။ ခဏကြာရင် မုန့်ဖုတ်ပေါင်ဒါမှုန့်နဲ့ပါ ပွတ်ပေးလိုက်ပါ။

ဝက်ခေါက်သားကို ဆားနဲ့ မုန့်ဖုတ်ပေါင်ဒါ ပွတ်ပေးပြီးရင် ပြောင်းပြန်လှန်ပေးလိုက်ပြီး ပဲငံပြာရည်အကြည်နဲ့ အရင်ကပွတ်ပေးလိုက်ပါ။ ပြီးရင် ဆားရယ်၊ သကြားရယ်၊ Chinese Five Spice Powder ရယ်ကို ဖြူးပေးလိုက်ပါ။ ပြီးရင်တော့ အေးတဲ့နေရာ တစ်နေရာမှာ (၂) နာရီခန့် ထားပေးလိုက်ပါ။

 

ဝက်သားကို ခဲပတ်စက္ကူနဲ့ ပတ်ပေးလိုက်ပြီး အခေါက်သားဘက်ကိုပဲ လှပ်ထားပေးလိုက်ပါ။ ဒါမှသာ အသားမီးကျွမ်း မသွားမှာပါ။ မုန့်ဖုတ်မီးဖို (oven) ကို (၂၅၀) ဒီဂရီ ဆဲလ်စီးယပ်စ် အပူချိန်ခန့် အပူပေးလိုက်ပြီး ဝက် (၃) ထပ်သား ခဲပတ်ကို မိနစ် (၃၀) (၄၀) ခန့် ထည့်ကင်ပေးလိုက်ပါ။ ပြီးရင် ကြွပ်ရွတဲ့ ဝက်ခေါက်သားကင်လေးကို ရရှိပါပြီ။ ပဲငပိအနှစ် (သို့) နှစ်သက်ရာ ငရုပ်ချဉ်နဲ့ တွဲဖက်ပြီး စားသုံးပေးနိုင်ပါပြီနော်။

Source: sidechef

Share

Loading Next Article...
က္က