ဒီနေ့မှာတော့ ဖက်ထိုင်းဆော့စ်ဆမ်းထားတဲ့ ထိုင်းစတိုင်လ် ပင်လယ်စာညှပ်ခေါက်ဆွဲကြော် ပြုလုပ်နည်းလေးကို ဖော်ပြပေးသွားမှာပါ။

ထိုင်းအစားအစာ ကြိုက်ကြလား။ ထိုင်းအစားအစာကိုမှ နှစ်သက်သူများအတွက် ဒီနေ့မှာတော့ ဖက်ထိုင်းဆော့စ်ဆမ်းထားတဲ့ ထိုင်းစတိုင်လ် ပင်လယ်စာညှပ်ခေါက်ဆွဲကြော် ပြုလုပ်နည်းလေးကို ဖော်ပြပေးသွားမှာပါ။ ပုစွန်ဖတ်လေးတွေ ဖွေးနေပြီး ချဉ်ချဉ်စပ်စပ် အရသာကို ခံတွင်းတွေ့သူတွေ နှစ်ခြိုက်ကြမှာပါ။

ပါဝင်ပစ္စည်းများ

Vegetarian-Pad-Tha-1.jpg 

ဟင်းရွက်ဆီ (လိုအပ်သလောက်)၊ ပုစွန် အကောင်လတ် (၁၂၀) ဂ၇မ်ခန့်၊ နှမ်းဆီ (၂) ဇွန်း၊ ကြက်ဥ (၂) လုံး၊ ညှပ်ခေါက်ဆွဲ (၁၀၀) ဂရမ်၊ ကြက်သွန်မြိတ် (၂) စည်း၊ ကြက်သွန်ဖြူ (၁) တောင့်၊ ပါးပါးလှီးထားတဲ့ ဂျင်းတက် (၂) ဇွန်း၊ စပါးလင် (၁) ပင်၊ ငရုပ်ပွသီး (၁) လုံး၊ မုန်လာဥနီ (၂) လုံး၊ ထက်ခြမ်းခြမ်းထားတဲ့ ချယ်ရီခရမ်းချဉ်သီး (၁) ခွက်၊ ငရုပ်သီးမှုန့် (၂) ဇွန်း၊ ပင်စိမ်းရွက် (၁/၂) ခွက်၊ မြေပဲလှော် (၁/၄) ခွက်တို့ကို လိုအပ်ပါတယ်။ ဖက်ထိုင်းဆော့စ် ပြုလုပ်ဖို့အတွက်ကတော့ ငံပြာရည် (၁) ဇွန်း၊ Sriracha ငရုပ်ဆော့စ် (၂) ဇွန်း၊ ပန်းသီးရှာလကာရည် (၂) ဇွန်း၊ သကြား (၁) ဇွန်း၊ ရေ (၁/၄) ခွက်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

Rainbow-Thai-noodles-with-pad-Thai-sauce-2000x1282.jpg 

အရင်ဆုံး ဒယ်အိုးပြားတစ်လုံးကို ဆီလိုအပ်သလောက် ထည့်ပြီး အပူပေးလိုက်ပါ။ ပြီးရင် အကြေးခွံဖြုတ်၊ အမြီးဖြတ်ပြီးတဲ့ ပုစွန်တွေကို (၂) မိနစ်ခန့် အိုးကင်းပူတိုက်ပေးလိုက်ပါ။ ပြီးရင် အိုးထဲကဆယ်ပြီး ဘေးခဏဖယ်ထားပေးလိုက်ပါ။

ဒယ်အိုးထဲကို နှမ်းဆီတစ်ဝက်လောက်ထည့်ပြီး အပူပြန်ပေးလိုက်ပါ။ ပြီးရင် ကြက်ဥဖောက်ထည့်လိုက်ပြီး ကြက်ဥမွှေကြော် ပါးပါးလေး ကြော်ပေးလိုက်ပါ။ ပြီးရင် ကြက်ဥမွှေကြော်ကို ပန်းကန်ပြားထဲ ပြောင်းထည့်ပြီး ပါးပါးလှီးပေးထားလိုက်ပါ။

ညှပ်ခေါက်ဆွဲခြောက်ကို ရေနွေးအိုးထဲထည့်ပြုတ်ပြီး ကျက်ရင် ပန်းကန်လုံးတစ်လုံးထဲ လှယ်ထည့်ပေးလိုက်ပါ။ ပန်းကန်လုံး အငယ်တစ်လုံးထဲမှာတော့ ငံပြာရည် (၁) ဇွန်း၊ Sriracha ငရုပ်ဆော့စ် (၂) ဇွန်း၊ ပန်းသီးရှာလကာရည် (၂) ဇွန်း၊ သကြား (၁) ဇွန်း၊ ရေ (၁/၄) ခွက်တို့ကို ရောမွှေပေးလိုက်ပါ။

 

ဒယ်အိုးထဲကို ကျန်နေသေးတဲ့ နှမ်းဆီထည့်လိုက်ပြီး ပါးပါးလှီးထားတဲ့ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင်နဲ့ ငရုပ်ပွသီးတို့ကို ထည့်ပြီး ဆီသတ်ပေးလိုက်ပါ။ သစ်သားယောက်မနဲ့ (၃) (၄) မိနစ်ခန့် မွှေပေးနေလိုက်ပါ။ ပြီးရင် ဒယ်အိုးပြားထဲကို ဆန်ခေါက်ဆွဲဖတ်တွေရယ်၊ မုန်လာဥနီရယ်၊ ခရမ်းချဉ်သီးရယ်၊ ငရုပ်သီးမှုန့်ရယ် ထည့်ပြီး မွှေကြော်ကြော်ပေးလိုက်ပါ။ ပြီးရင် မီးပိတ်ပြီး ဖက်ထိုင်းဆော့စ်ကိုပါ ရောထည့်ပြီး မွှေပေးလိုက်ပါ။ ကြက်ဥမွှေကြော်နဲ့ ပုစွန်ကိုလည်း ရောထည့်ပေးလိုက်ပါ။

ပြီးရင် ခေါက်ဆွဲကြော်ကို ပန်းကန်ပြား (၂) ချပ်ထဲ ခွဲထည့်ပြီး အပေါ်ကနေ ပင်စိမ်းရွက်၊ မြေပဲလှော်တို့ အုပ်ပေးလိုက်ပါ။ ပြီးရင်တော့ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီနော်။

Source: Healthyfood

Share

Loading Next Article...
က္က