ကိုယ်တိုင်ချက်လုပ်ထားတဲ့ ချက်နို့ဆီကို အသုံးပြုခြင်းက ကျန်းမာရေးအတွက် ပိုပြီး စိတ်ချရတာပေါ့။

ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ နေ့စဉ် မီးဖိုချောင်သုံး ပစ္စည်းတွေထဲမှာ တစ်ခုအပါအဝင်လို့ ဆိုနိုင်တာကတော့ နို့ဆီပါပဲ။ အချိုကြိုက်တဲ့ ကျွန်တော်တို့ ရွှေမြန်မာတွေဟာ ကော်ဖီဖျော်ရင်ပဲဖြစ်ဖြစ်၊ လက်ဖက်ရည်ချို ဖျော်ရင်ပဲဖြစ်ဖြစ် နို့ဆီကို ထည့်သွင်းအသုံးချကြပါတယ်။ ဒါ့အပြင် နေ့လည်နေ့ခင်း စတော်ဘယ်ရီသီးလေးကို လေးစိတ်ခွဲပြီး နို့ဆီလေးဆမ်းစားတာတို့၊ ပေါင်မုန့်ပေါ်ကို နို့ဆီသုတ်စားတာတို့လို သွားရည်စာလေးတွေမှာလည်း နို့ဆီက မပါမဖြစ်နေရာမှာ ပါဝင်နေပါတယ်။

 

ဒါပေမဲ့ ရယ်ဒီမိတ်နို့ဆီဘူးတွေကို ကျွန်တော်တို့ ရာနှုန်းပြည့် စိတ်ချနိုင်ပါ့မလား။ စက်ရုံက ပါကင်ပိတ်ထွက်လာတဲ့ နို့ဆီဘူးတွေထဲမှာ ကြာရှည်ခံစေဖို့ အသုံးပြုထားတဲ့ ဓာတုဆေးဝါးတွေ မပါဝင်ဘူးလို့ မဆိုနိုင်ပါဘူး။ ဒီတော့ ကိုယ်တိုင်ချက်လုပ်ထားတဲ့ ချက်နို့ဆီကို အသုံးပြုခြင်းက ကျန်းမာရေးအတွက် ပိုပြီး စိတ်ချရတာပေါ့။ အိမ်လုပ် ချက်နို့ဆီကို ကိုယ်တိုင်လုပ်ချင်သူများအတွက် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

Sweetened-Condensed-Milk-Substitute-Instant-Raw-Dairy-Free-Refined-Sugar-Free-gluten-free-recipe.jpg

အိမ်လုပ် ချက်နို့ဆီ ပြုလုပ်ဖို့အတွက် နို့မှုန့် (၂) ခွက်၊ သကြားဖြူ (၁) ခွက်၊ ရေနွေး (၁) ခွက် တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

146818226.jpg 

မီးဖိုချောင်သုံး မွှေစက် (သို့) သစ်သီးဖျော်စက် (Blender) တစ်လုံးကိုယူလိုက်ပါ။ နို့ချဉ်မပေါက်စေရန်အတွက် ရေနဲ့ (၂) ထပ်တော့ သေချာဆေးကြောထားပေးဖို့လည်း လိုအပ်ပါတယ်။ ပြီးရင် နို့မှုန့် (၂) ခွက်ရယ်၊ သကြားဖြူ (၁) ခွက်ရယ်ကို Blender ထဲ ထည့်လိုက်ပါ။

ပြီးရင် ပွက်ပွက်ဆူအောင် ကြိုထားတဲ့ ရေနွေးပူပူ (၁) ခွက်ကိုလည်း Blender မွှေစက်ထဲကို ဖြည်းဖြည်းချင်း လောင်းထည့်ပေးလိုက်ပါ။ ခဏလောက် အအေးခံပြီးရင် ပါဝင်ပစ္စည်းအားလုံး သမသွားအောင် မွှေစက်နဲ့ မွှေပေးလိုက်ပါ။ နို့ရည် ထူပျစ်သည်အထိ မွှေပေးရမှာပါ။ နို့ရည်ထူပျစ်ပြီး နို့ဆီပုံစံ ပေါက်သွားပြီဆိုရင် အဝလုံတဲ့ ဖန်ပုလင်းတစ်လုံးထဲကို ပြောင်းထည့်ပေးလိုက်ပါ။

 

ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ (၃) (၄) ရက်လောက် သိုလှောင်ထားပေးလိုက်ပါ။ ပြီးရင်တော့ အိမ်သုံးချက်နို့ဆီလေးကို အောင်မြင်စွာ ပြုလုပ်လိုက်နိုင်ပြီမို့ မိမိနှစ်သက်ရာ အစားအသောက်တွေထဲမှာ ထည့်သွင်းအသုံးပြု နိုင်ပါပြီ။ အိမ်မှာ လက်ဖက်ရည်ချိုပဲ ဖျော်သောက်သောက်၊ သစ်သီးဝလံတွေကို လှီးဖြတ်ပြီးပဲ နို့ဆီဆမ်းစားစား အဆင်ပြေပြီလေ။

Source: Sidechef

Share

Loading Next Article...
က္က