လိမ္မော်ခွံထဲမှာ ဂျယ်လီရည်လောင်းထည့်ပြီး ပြုလုပ်ထားတဲ့အတွက် ပုံမှန်မြင်နေကျ ပုံစံခွက်ထဲကို ထည့်လုပ်ထားတဲ့ ဂျယ်လီတွေနဲ့တော့ ကွာခြားစေတာပေါ့။

ဒီနေ့မှာတော့ အိမ်ကသားသား မီးမီးလေးတွေ သဘောတွေ့စေမဲ့ သွားရည်စာပြုလုပ်နည်းလေး တစ်မျိုးကို ဖော်ပြပေးချင်ပါတယ်။ အဲဒါကတော့ လိမ္မော်သီးဂျယ်လီပါပဲ။ လိမ္မော်ခွံထဲမှာ ဂျယ်လီရည်လောင်းထည့်ပြီး ပြုလုပ်ထားတဲ့အတွက် ပုံမှန်မြင်နေကျ ပုံစံခွက်ထဲကို ထည့်လုပ်ထားတဲ့ ဂျယ်လီတွေနဲ့တော့ ကွာခြားစေတာပေါ့။ ပြုလုပ်နည်းလေးကို သိချင်ရင်တော့ အောက်မှာဆက်ဖတ်ကြည့်ပေးပါဦး။

ပါဝင်ပစ္စည်းများ

Screenshot-2018-2-28 Orange Wedge Jello Shots.png 

(၁၂) ယောက်စာ လိမ္မော်သီးဂျယ်လီလေးတွေကို ပြုလုပ်ဖို့အတွက် လိမ္မော်သီး (၄) လုံး၊ Jell-O တံဆိပ် ဂျယ်လီမှုန့် (၂) ထုပ် (အရောင်တစ်မျိုးချင်းစီ)၊ ရေ (၂) ခွက်၊ ရေအေး (၄၀၀) မီလီလီတာ တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

Screenshot-2018-2-28 Orange Wedge Jello Shots(1).png 

အရင်ဆုံး လိမ္မော်သီးတွေကို အလည်ကနေ ထက်ခြမ်းခြမ်းပေးလိုက်ပါ။ ပြီးရင်တော့ လိမ္မော်သီးအသားတွေကိုပဲ ကော်ထုတ်လိုက်ပြီး လိမ္မော်သီးအခွံကိုပဲ ပုံမပျက်စေဘဲ ခွက်ပုံစံလေးဖြစ်အောင် ထားပေးလိုက်ပါ။ ပြီးရင်တော့ မက်ဖင်မုန့်လုပ်တဲ့ ပုံစံခွက်တစ်ခွက်ထဲမှာ လိမ္မော်ခွံလေးတွေကို တင်ပေးလိုက်ပါ။

ရေခရားတစ်လုံးထဲမှာတော့ အနီရောင် ဂျယ်လီမှုန့်ရယ်၊ ရေရယ်ကို ရောပြီး မွှေပေးလိုက်ပါ။ မွှေပြီးသွားရင်တော့ ရေအေးကိုပါ ရောထည့်ပေးလိုက်ပါ။ ပြီးရင် ရလာတဲ့ ဂျယ်လီရည်ကို လိမ္မော်ခွံ ပုံစံခွက်လေးတွေထဲမှာ လိုက်ဖြည့်ပေးလိုက်ပါ။ အနီရောင် ဂျယ်လီရည်ပြီးရင် လိမ္မော်ရည် ဂျယ်လီရည်ကိုလည်း အထက်ပါအတိုင်း လုပ်ဆောင်ပေးလိုက်ပါ။

 

ပြီးရင်တော့ လိမ္မော်သီးဂျယ်လီလေးတွေကို ရေခဲသေတ္တာ အအေးခန်းထဲမှာ နာရီအနည်းငယ်ကြာအောင် အအေးခံထားပေးလိုက်ပါ။ ပြီးရင် လိမ္မော်သီးဂျယ်လီလေးတွေကို ထက်ခြမ်းခြမ်းပေးလိုက်ပြီး ဧည့်သည်တွေကို တည်ခင်းဧည့်ခံနိုင်ပါပြီ။ ဒါမှမဟုတ် ရုပ်ရှင်လေးကြည့်ရင်း လိမ္မော်နံ့မွှေးမွှေးလေးနဲ့ လိမ္မော်သီးဂျယ်လီလေးကို သုံးဆောင်နိုင်ပါပြီ။

Source: Sidechef

Share

Loading Next Article...
က္က