AD
AD
AD

ရုံးပိတ်ရက်ဆိုတော့ အိမ်မှာပဲ အေးအေးဆေးဆေး နားချင်ပြီး ထွေလီကာလီတွေ မချက်ပြုတ်ချင်သူ အိမ်ရှင်မများအတွက် လုပ်ရလွယ်ကူပြီး လျင်မြန်စွာချက်ပြုတ်နိုင်တဲ့ recipe လေးတစ်မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ အဲဒါကတော့ တရုတ်စတိုင်လ် ကြက်သားထမင်းကြော်ပါပဲ။

play

 

ကြက်သား အသားလွှာလေးတွေရယ်၊ ကြက်ဥဖတ်လေးတွေ ရောပြွမ်းနေတဲ့ ဟင်းသီးဟင်းရွက်ဖတ်လေးတွေရယ်ကို ထမင်းကြော်နဲ့အတူ တွဲဖက်သုံးဆောင်ရမှာပါ။ ပြုလုပ်နည်းလေးကိုတော့ အောက်မှာဆက်ဖတ်ကြည့်ပေးပါဦး။

ပါဝင်ပစ္စည်းများ

play
 

(၄) ယောက်စာ ကြက်သားထမင်းကြော် ပြုလုပ်ဖို့အတွက် ကြက်ရင်အုပ်သား အသားလွှာ (၅၀၀) ဂရမ်၊ ထမင်းဖြူ (၃) ခွက်၊ ကြက်သွန်နီ (၁) လုံး၊ ဟင်းသီးဟင်းရွက်စုံ (၁) ခွက်၊ ကြက်ဥ (၂) လုံး၊ နှမ်းဆီ (၄) ဇွန်း၊ ပဲငံပြာရည် (၁/၄) ခွက်၊ ကြက်သွန်ဖြူထောင်း (၁) ဇွန်းတို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

play
 

အရင်ဆုံး ဇောက်နက်တဲ့ ဒယ်အိုးတစ်လုံးထဲကို နှမ်းဆီထည့်ပြီး အပူပေးလိုက်ပါ။ ဆီပူပြီဆိုရင် အသားလွှာလေးတွေအဖြစ် လှီးဖြတ်ထားတဲ့ ကြက်သား အသားလွှာလေးတွေကို ဆီနဲ့ကြော်ပေးလိုက်ပါ။ ပြီးရင် ပန်းကန်ပြားတစ်ချပ်ထဲကို လှယ်ထည့်ပေးလိုက်ပါ။

ကြက်သားကြော်ထားတဲ့ ဆီတွေ ကျန်နေနိုင်သေးပေမဲ့ နှမ်းဆီနည်းနည်း ထပ်ထည့်ပြီး လှီးဖြတ်ထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူထောင်းနဲ့ ဟင်းသီးဟင်းရွက်စုံတို့ကို ထည့်ပေးလိုက်ပါ။ ပြီးရင် ဟင်းသီးဟင်းရွက်ကြော်လေးကို ကြော်ပေးလိုက်ပါ။

play

 

ခဏကြာရင် ဟင်းရွက်တွေ နွမ်းလာလောက်ပြီဆိုတော့ ကြက်ဥ (၂) လုံးကို ဖောက်ထည့်ပြီး မိနစ်အနည်းငယ်ကြာ မွှေပေးလိုက်ပါ။ ပြီးရင်တော့ ကြက်သားလွှာနဲ့ ထမင်းဖြူကို ဒယ်အိုးထဲ ထည့်လိုက်ပါ။ အပေါ်ကနေ ပဲငံပြာရည် နည်းနည်းဆမ်းပြီး ပါဝင်ပစ္စည်းအားလုံးကို သမအောင် မွှေပေးလိုက်ပါ။ မိနစ်အနည်းငယ် ကြော်ပေးပြီးရင်တော့ ကြက်သားထမင်းကြော်နံ့လေး မွှေးပြီး ထွက်လာမှာပါ။

ပန်းကန်ပြား (၄) ချပ်ကို ယူလိုက်ပြီး ကြက်သားထမင်းကြော်ကို အညီအမျှ ခွဲထည့်ပေးလိုက်ပါ။ ပြီးရင် ကြက်သွန်နီ (၁) လုံးနဲ့ ငရုပ်သီးစိမ်းကို ပါးပါးလှီးပေးလိုက်ပြီး သံပုရာသီး (၁) ခြမ်းလောက် ညှစ်ထည့်ပေးလိုက်ရင် ထမင်းကြော်နဲ့ တွဲဖက်စားဖို့ အချဉ်လေးကို ရရှိပါပြီ။ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီနော်။

Source: Sidechef

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD