ရုံးပိတ်ရက်လေးမှာ ဘယ်ကိုမှလည်း ခရီးမသွားချင်၊ အိမ်မှာပဲ မိသားစုနဲ့ အေးအေးလူလူ အပန်းပြေသူများအတွက် ငါးသံပုရာပေါင်း ချက်နည်းလေးကို တင်ပေးလိုက်ပါတယ်။

ကဲ... ရုံးပိတ်ရက်လေးမှာ ဘယ်ကိုမှလည်း ခရီးမသွားချင်၊ အိမ်မှာပဲ မိသားစုနဲ့ အေးအေးလူလူ အပန်းပြေသူများအတွက် ထမင်းနဲ့ပဲစားစား၊ ဘီယာနဲ့ပဲ မြည်းမြည်း အဆင်ပြေစေမဲ့ ဟင်းလျာလေးတစ်မည်နဲ့ မိတ်ဆက်ပေးပါရစေနော်။ အဲဒါကတော့ အားလုံးနှစ်ခြိုက်ကြတဲ့ ငါးသံပုရာပေါင်းပါပဲ။ ပြုလုပ်နည်းက လွယ်ကူတဲ့အတွက် လိုက်လုပ်ရ အဆင်ပြေမှာပါ။

ပါဝင်ပစ္စည်းများ

maxresdefault.jpg 

ငါးသံပုရာပေါင်း ပြုလုပ်ဖို့အတွက် တီလားဗီးယားငါး (သို့) ကက်ကတစ်ငါး တစ်ကောင်၊ ဆားအနည်းငယ်၊ အရသာမှုန့် အနည်းငယ်၊ ငါးငံပြာရည် (၁) ဇွန်း၊ ဂျင်း တစ်တက်၊ ကြက်သွန်ဖြူ (၃) တောင့်၊ နံနံပင် (၁) စည်း၊ ငရုတ်သီးစိမ်း (၇) တောင့်ခန့်၊ ကော်မှုန့် (၁) ဇွန်း၊ သကြား (၂) ဇွန်း၊ သံပုရာသီး (၃) လုံး တို့ကို လိုအပ်ပါတယ်။ 

ပြုလုပ်နည်း

SSWF-FishGarlicLimeChilies.jpg 

အရင်ဆုံး တီလားဗီးယားငါး ဒါမှမဟုတ် ကတ်ကတစ် ငါး ကို ရေနဲ့သန့်စင်အောင် ဆေးကြောပေးလိုက်ပါ။ ပြီးရင် အကြေးခွံတွေကိုလည်း ဓားနဲ့ခြစ်ခွာပေးလိုက်ပါ။ ရေဆေးသန့်စက်ပြီးတဲ့ ငါးကို ဆား၊ အရသာမှုန့်၊ ငါးငံပြာရည် တို့နဲ့ သမအောင် ရောနယ်ပေးလိုက်ပါ။

ရောနယ်ပြီးသားငါးကို ဂျင်း၊ ကြက်သွန်ဖြူ ထည့်ထားတဲ့ အိုးထဲမှာ ရေနဲ့ နူးအောင်ပြုတ်ထားပေးလိုက်ပါ။

 

ငါးပြုတ်ထားချိန်မှာ ဂျင်း၊ ကြက်သွန်ဖြူ၊ နံနံပင်၊ ငရုတ်သီးစိမ်း တို့ကို ကြိတ်စက်ထဲထည့်ပြီး ရောကြိတ်ပေးလိုက်ပါ။ ပြီးရင် ရလာတဲ့ ပါဝင်ပစ္စည်းတွေကို ပန်းကန်အလွတ်တစ်ချပ်ထဲ ထည့်ထားပေးလိုက်ပါ။

ကော်မှုန့် (၁)ဇွန်းကို ရေဆတူရောပြီး ဖျော်ပေးလိုက်ပါ။ ရလာတဲ့ ကော်ရည်ပျစ်ပျစ်ထဲကို သကြား (၂) ဇွန်းရယ်၊ သံပုရာသီး (၂) လုံးကို အရည်ညှစ်ထားတဲ့ သံပုရာရည်ကို ရောထည့်ပေးပြီး သမအောင် မွှေပေးလိုက်ပါ။ ပြီးမှ ခုနက ရောကြိတ်ထားတဲ့ အဆာပလာတွေကို ကော်ရည်ထဲကို ထည့်မွှေပေးလိုက်ပါ။

 

ငါးနူးရင်တော့ ငါးကို ဒယ်အိုးထဲကဆယ်ပြီး ပန်းကန်ပြားတစ်ချပ်ထဲ ပြောင်းထည့်ပေးလိုက်ပါ။ ပြီးရင် ကော်ရည်နဲ့ အဆာပလာအရောကို ငါးအပေါ်ကနေ ဖြူးပေးလိုက်ပါ။ ပြီးရင် သံပုရာသီး အကွင်းလေးတွေလှီးပြီး အလှဆင်ပေးနိုင်ပါသေးတယ်။ ဒါဆိုရင် ပူပူစပ်စပ် ငါးသံပုရာပေါင်းလေးကို တရှူးရှူးတရှဲရှဲ အဝဆွဲနိုင်ပါပြီနော်။

Share

Loading Next Article...
က္က