အရင်တုန်းက ကွေ့တီယိုနဲ့ တုန်ရမ်းဟင်းချိုလောက်ပဲ လူသိကြပေမဲ့ ခုဆိုရင် ဖက်ထိုင်းခေါက်ဆွဲတို့၊ Rainbow milkshake တို့၊ ဝက်သားပြားကင်တို့လို ထိုင်းအစားအစာတွေကိုပါ နှစ်ခြိုက်စွာ စားသုံးလာကြပါပြီ။

ကျွန်တော်တို့ နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံ တစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံမှ အစားအသောက်တွေက မြန်မာ့လျှာနဲ့ အစပ်အဟပ် တည့်ပါတယ်။ ခုနောက်ပိုင်း မြန်မာနိုင်ငံမှာ ထိုင်းအစားအစာတွေ ပိုမိုခေတ်စားလာခဲ့တာ အားလုံုး မျက်မြန်ကိုယ်တွေ့ပါပဲ။

အရင်တုန်းက ကွေ့တီယိုနဲ့ တုန်ရမ်းဟင်းချိုလောက်ပဲ လူသိကြပေမဲ့ ခုဆိုရင် ဖက်ထိုင်းခေါက်ဆွဲတို့၊ Rainbow milkshake တို့၊ ဝက်သားပြားကင်တို့လို ထိုင်းအစားအစာတွေကိုပါ နှစ်ခြိုက်စွာ စားသုံးလာကြပါပြီ။ ဒီနေ့မှာတော့ ထိုင်းအစားအစာတွေထဲကမှ နာမည်ကျော် ထိုင်းကြက်သား ရာမင်ခေါက်ဆွဲလေးကို မိတ်ဆက်ပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

northern-thai-chicken-and-noodle-curry-105804-1.jpeg 

ပါဝင်ပစ္စည်းတွေကတော့ ဟင်းသီးဟင်းရွက်ဆီ (၁) ဇွန်း၊ ငရုပ်ပွသီး (၁)လံုံး (တစ်လက်မအရွယ် အစိတ်လေးတွေဖြစ်အောင် လှီးပေးပါ)၊ မုန်လာဥနီ (အစိတ်စိတ်လှီးပြီး) (၁) ခွက်၊ ကြက်သွန်မြိတ် (၄) ပင်၊ ထိုင်း အစိမ်းရောင်ဟင်းနှစ် (၁) ထုပ်၊ ရေ (၄) ခွက်၊ အုန်းနို့ (၁၄) အောင်စ၊ ငံပြာရည် (၁) ဇွန်း၊ ရာမင်ခေါက်ဆွဲခြောက်ထုပ် (၂) ထုပ်၊ ပြုတ်ပြီးသား ကြက်ရင်အုံသား (၁၀) အောင်စ၊ သံပုရာရည် (၁) ဇွန်း၊ ပါးပါးလှီးထားတဲ့ နံနံပင် (၁) ပန်းကန်၊ မြေပဲထောင်းနဲ့ နှမ်းစေ့အနည်းငယ် တို့ပဲဖြစ်ပါတယ်။

ပြုလုပ်နည်း

VSCO-Cam-8-3.jpg 

ပြုလုပ်ပုံအဆင့်ဆင့်ကတော့ အရင်ဆုံး အပူချိန် (medium-high) လောက်နဲ့ မီးဖိုတစ်လုံးပေါ်မှာ ဒယ်အိုးတစ်လုံးတင်ပြီး ဆီပူသတ်လိုက်ပါ။ ပြီးရင် ငရုပ်ပွသီး၊ မုန်လာဥနီနဲ့ ကြက်သွန်မြိတ် (၃) ပင်တို့ကို လှီးဖြတ်ပြီး ဒယ်အိုးထဲထည့်လိုက်ပါ။ တစ်မိနစ်လောက်ဆီပူထိုးပြီးရင် ထိုင်းအစိမ်းရောက်ဟင်းအနှစ် (Thai Green Curry paste) ကို ထည့်ပြီး နောက်ထပ်တစ်မိနစ်လောက် ဆီသတ်လိုက်ပါ။ ပြီးရင် ရေ၊ အုန်းနို့၊ ငံပြာရည်တို့ကိုပါ ထပ်မံရောထည့်ပြီး ဆူပွက်လာသည်အထိ ချက်ပြုတ်လိုက်ပါ။

ပြီးရင်တော့ ရာမင်ခေါက်ဆွဲကို ထည့်လို့ရပါပြီ။ ခေါက်ဆွဲကို ဒယ်အိုးထဲထည့်ပြီးရင် အိုးကိုအဖုံးပိတ်ပြီး (၄) မိနစ်လောက် ကြာအောင်ချက်ပြုတ်လိုက်ပါ။ အဲဒီလိုချက်ပြုတ်နေချိန်မှာ ရာမင်ခေါက်ဆွဲခြောက်ထုပ်ထဲက အရသာမှုန့်တွေကို ပန်းကန်တစ်လုံးထဲထည့်ထားလိုက်ပါ။

 

စွပ်ပြုတ်အိုးထဲက စွပ်ပြုတ်ရည်ကို တစ်ဇွန်းလောက်ခပ်ပြီး အရသာမှုန့်ပန်းကန်ထဲ ထည့်မွှေထားပေးလိုက်ပါ။ ပြီးရင် အရသာမှုန့်အရည်ကို အိုးထဲပြန်ထည့်ပေးလိုက်ပါ။ (၄) မိနစ်ပြည့်ပြီဆိုရင် ကြက်သားပြုတ်ကို အမျှင်လေးတွေဖြစ်အောင် လုပ်ထားတာရယ်၊ သံပုရာရည်ရယ်၊ နံနံပင်ရယ်ကို အိုးအပေါ်ကနေအုပ်ပေးလိုက်ပါ။

ပြီးရင်တော့ ပန်းကန် (၄) လုံးယူပြီး ပန်းကန်တွေထဲမှာ နံနံပင်၊ ကြက်သွန်မြိတ်၊ မြေပဲထောင်း၊ နှမ်းစေ့တို့ထည့်ထားလိုက်ပါ။ ပြီးမှ ခေါက်ဆွဲအိုးထဲကခေါက်ဆွဲတွေကို ပန်းကန်လုံးတွေထဲကို အညီအမျှခွဲထည့်ပြီး ပြင်ဆင်လိုက်ပါ။ ဒါဆိုရင်တော့ မိသားစုဝင် (၄) ယောက်စာ ဝဝလင်လင်စားသုံးနိုင်တဲ့ ထိုင်းကြက်သား ရာမင်ခေါက်ဆွဲလေးကို ရရှိပါပြီ။

Source: cookingclassy

Share

Loading Next Article...
က္က