တချို့အစားအသောက်တွေက အစာလည်းဆေး ဆေးလည်းအစာ ဆိုသလို ကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။

ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးသုခကို ရရှိဖို့ ဆေးဝါးအကူအညီတွေကိုပဲ အားကိုးနေဖို့မလိုပါဘူး။ တစ်ခါတလေမှာ လူတွေဟာ အလုပ်ပင်ပန်းခြင်း၊ စိတ်သွားတိုင်း ကိုယ်မပါနိုင်ခြင်းတို့ကြောင့် ဆေးဝါး အကူအညီတွေကိုယူရင်း ကျန်းမာရေးအတွက်မကောင်းတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ရရှိကြပါတယ်။


အထူးသဖြင့် သက်လတ်ပိုင်းအမျိုးသားတွေမှာ အဖြစ်များပြီး လုပ်ငန်းခွင်စိတ်ဖိစီးမှု၊ ကျန်းမာရေးအခြေအနေ တို့ကြောင့် လိင်စိတ်ဆန္ဒကင်းမဲ့ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ စိတ်သွားတိုင်းကိုယ်မပါခြင်းတို့ ဖြစ်တတ်ပါတယ်။ ဒါတွေကို ဖြေရှင်းဖို့ ဆေးဝါးတွေသုံးစွဲစရာမလိုဘဲ သဘာဝဖျော်ရည် လေးတွေနဲ့ပဲ ဖြေရှင်းလို့ရပါတယ်။

၁။ ချောကလက်ဖျော်ရည်

rich-dark-chocolate-smoothie_0.jpg 

ဟိုးရှေးရှေးတုံးကတည်းက ချောကလက်ကို စိတ်ကိုတက်ကြွစေတဲ့အစားအစာတစ်မျိုးအဖြစ် လက်ခံထားကြပါတယ်။ ချောကလက်ထဲမှာပါဝင်တဲ့ theobromine (သီအိုဘရိုမင်း) ဓာတ်က လူတစ်ယောက်ရဲ့ လိင်စိတ်ကို နှိုးဆွပေးနိုင်ပြီး ခွန်အားကိုလည်း တိုးစေပါတယ်။ ချောကလက်ကို အရည်ပုံစံကော၊ အခဲပုံစံပါ စားပေးလို့ရပါတယ်။

၂။ သကြားမုန်လာဥဖျော်ရည်

သကြားမုန်လာဥလို့လူသိများတဲ့ နီညိုရောင်အဆင်းရှိတဲ့ beetroot ဟာ ဖျော်ရည်လုပ်သောက်လို့လည်းရပြီး ဖျော်ရည်တစ်ခွက်ကို နေ့စဉ်ပုံမှန်သောက်သုံးပေးမယ်ဆိုရင် ယောကျ်ားအားကို ပြည့်ဝစေပါတယ်။ သကြားမုန်လာဥမှာ တခြားဟင်းသီးဟင်းရွက်တွေနဲ့ယှဉ်ရင် အမျှင်ဓာတ် နိုက်ထရိတ်တွေ အဆ (၂၀) ပိုမိုပါဝင်ပါတယ်။ နောက်ပြီး သကြားမုန်လာဥမှာ ပါဝင်တဲ့ Boron ဆိုုတဲ့ သတ္ထုဓာတ်တစ်မျိုးဟာ လိင်စိတ် ဟော်မုန်းတွေထုတ်လုပ်မှုနဲ့ တိုက်ရိုက်ဆက်နွယ်နေပါတယ်။

၃။ သလဲသီးဖျော်ရည်

syjvfycxbbh3y4khuejv.png.jpg 

သလဲသီးဖျော်ရည်ကို နေ့စဉ်သောက်သုံးကြသူတွေလည်း ရှိပါတယ်။ သလဲသီးဖျော်ရည်ဟာလည်း လိင်စိတ်နဲ့ သက်လုံကို ပိုမိုကောင်းမွန်စေတဲ့နေရာမှာ ထင်ရှားတဲ့ ဖျော်ရည်တစ်မျိုးပါပဲ။ နေ့စဉ် ပုံမှန်သာ သောက်သုံးပေးမယ်ဆိုရင် အိမ်ထောင်ရေးသုခကို ပြည့်ဝစေမှာပါ။

၄။ ငှက်ပျောသီး shake ဖျော်ရည်

ငှက်ပျောသီးမှာဆိုရင် Bromelain (ဘရိုမီလိန်း) ဆိုတဲ့ အင်ဇိုင်းတစ်မျိုးပါဝင်ပြီး ယောကျ်ားအားနဲ့ လိင်စိတ်ခွန်အားကို မြှင့်တင်ပေးတဲ့နေရာမှာ အလွန်အစွမ်းထက်ပါတယ်။ ဒါ့အပြင် ငှက်ပျောသီးမှာ သက်လုံနဲ့ ခွန်အားကို တိုးစေတဲ့ အာဟာရနဲ့ ဗိုက်တာမင်ဓာတ်တွေများစွာ ပါဝင်ပါသေးတယ်။ နောက်ပြီး လိင်စိတ်ဟော်မုန်းတွေ ထွက်လာစေဖို့လည်း ကူညီလှုံ့ဆော်ပေးနိုင်ပါတယ်။

၅။ ရှားစောင်းလက်ပတ်ဖျော်ရည်

aloe-vera-juice-1.jpg 

လေ့လာမှုတွေက ဖော်ပြနေတာကတော့ ရှားစောင်းလက်ပတ်ဖျော်ရည်မှာလည်း လိင်စိတ်ကိုဖြစ်စေတဲ့ ဟော်မုန်းတွေထုတ်လှုပ်ပေးမှုအတွက် တစ်ထောင့်တစ်နေရာကပါဝင်နေတယ်ဆိုတာပါပဲ။ ဒါတင်မက ရှားစောင်းလက်ပတ်ရဲ့ ခွန်အားတိုးစေတဲ့ဂုဏ်သတ္တိက ယောကျ်ားအားတိုးစေဖို့အတွက်တော့ အကောင်းဆုံးပါပဲ။

၆။ ဂျင်းသရက်သီးဖျော်ရည်

ဂျင်းက ခန္ဓာကိုယ်အောက်ပိုင်းက သွေးလှည့်ပတ်မှုအားကို ပိုမိုကောင်းမွန်စေပြီး စေးကပ်ချိုမြပြီး လိင်စိတ်ကိုနှိုးဆွပေးတဲ့ သရက်သီးနဲ့အလွန်လိုက်ဖက်ပါတယ်။ အဲဒီနှစ်မျိုးကိုပေါင်းစပ်ထားတဲ့ ဂျင်းသရက်သီး ဖျော်ရည်လေးကတော့ အေးမြလတ်ဆတ်ပြီး သောက်လို့လည်းကောင်းတဲ့ဖျော်ရည်လေးပါပဲ။ ရှန်ပိန်လေးနည်းနည်းပါရောပေးလိုက်မယ်ဆိုရင် အရသာကို ပိုမိုပြည့်စုံစေပါတယ်။

၇။ ဗနီလာ ပျားရည် မာတီနီ

ဒီဖျော်ရည်ကို ပျားရည်စမ်းဖျော်ရည်လို့ခေါ်တာ အကြောင်းမဲ့တော့မဟုတ်ပါဘူး။ ပျားရည်ဟာ လိင်စိတ်ဆိုင်ရာဆန္ဒတွေ၊ ကျားခွန်အားတွေနဲ့ ဆက်စပ်နေတယ်လို့ ယူဆထားကြတာ ကြာပါပြီ။ နာမည်ကိုက ပျားရည်စမ်းခရီးဆိုတာ အလကားပေးထားတာမဟုတ်ပါဘူး။ ဒီဖျော်ရည်လေးဟာလည်း အိမ်ထောင်ကျခါစ အတွဲတွေအတွက် အားပေးအားမြှောက်ပြုပေးနိုင်တဲ့ အဖျော်ယမကာတစ်မျိုးပါပဲ။

Source: Youngisthan


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က